ဘယ်သူမှ မထင်ထားတဲ့ ၀ါရင့်သရုပ်ဆောင်(၂)ဦးကို တွဲဖက်ပေးထားတဲ့ ကြော်ငြာသစ်

[email protected] sirpatstew [email protected] hamillhimself

Star Wars ဇာတ်ကားတွေကတော့ ကျွန်တော်တို့ရဲ့ ကလေးဘဝမှာ တော်တော်လေးကို အမှတ်တရဇာတ်ကားတစ်ကားဖြစ်ခဲ့သလို Scientific ဇာတ်ကားအမျိုးအစားတွေထဲမှာမှ လူကြိုက်အများဆုံးဇာတ်ကားတွေပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဖက်မှာလည်း Star Trek ဇာတ်ကားတွေကလည်း Star Wars ဇာတ်ကားတွေနီးပါး ကြည့်လို့ကောင်းတဲ့ Scientific ဇာတ်ကားအမျိုးအစားပါ။ အခုလည်း ဒီလိုမျိုး ပြိုင်ဖက်ဇာတ်ကားတွေထဲက နာမည်ကြီးသရုပ်ဆောင်နှစ်ဦးရဲ့ သရုပ်ဆောင်မှုကို ကြော်ငြာတစ်ခုမှာ မြင်တွေ့ရခဲ့ပြီဖြစ်ကြောင်း Digital Spy သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ နာမည်ကြီးသရုပ်ဆောင်နှစ်ဦးကတော့ Star Wars စီးရီးဇာတ်ကားတွေမှာ Luke Skywalker အဖြစ် သရုပ်ဆောင်တဲ့ Mark Hamill နဲ့ Star Trek စီးရီးဇာတ်ကားတွေမှာ Jean-Luc Picard အဖြစ်သရုပ်ဆောင်တဲ့ Patrick Stewart တို့ပဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်စလုံး သရုပ်ဆောင်တဲ့ Star Wars ဇာတ်ကားတွေနဲ့ Star Trek ဇာတ်ကားတွေဟာ တစ်ကားနဲ့တစ်ကား အပြိုင်အဆိုင်လိုဖြစ်နေပေမယ့် ပရိသတ်တွေကတော့ သူတို့နှစ်ဦးစလုံးကို ဇာတ်ကားတစ်ကားထဲမှာ အတူတူသရုပ်ဆောင်စေချင်နေတာ ကြာပြီပဲ ဖြစ်ပါတယ်။ အခုအချိန်မှာတော့ ပရိသတ်တွေရဲ့ ဆန္ဒပြည့်ခဲ့ပြီပဲ ဖြစ်ပါတယ်။

 

View this post on Instagram

 

Picard. #StarTrekPicard #StarTrek

A post shared by Patrick Stewart (@sirpatstew) on

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့တုန်းက Uber Eats အွန်လိုင်းအစားအသောက်လုပ်ငန်းကနေပြီးတော့ သူတို့ရဲ့ Twitter အကောင့်မှာ Uber Eats ကြော်ငြာဗီဒီယို အသစ်တစ်ခုကို တင်ခဲ့ပါတယ်။ အဆိုပါကြော်ငြာထဲမှာ ဘယ်သူမှ မမျှော်လင့်ထားတဲ့ သရုပ်ဆောင်နှစ်ဦးပါဝင်ခဲ့ပါတယ်။ သူတို့နှစ်ဦးကတော့ Mark Hamil နဲ့ Patrick Stewart တို့ပဲ ဖြစ်ပါတယ်။ နှစ်ယောက်စလုံးဟာ Uber Eats ကနေ အစားအစာမှာတဲ့အချိန် Tomatotoes ကို အသံထွက်တစ်ယောက်တစ်မျိုးထွက်ပြီး ဟာသဆန်ဆန်နဲ့ သရုပ်ဆောင်သွားခဲ့ကြပါတယ်။ ပရိသတ်တွေကတော့ ဒီလိုမျိုးသူတို့နှစ်ယောက်ကို ကြော်ငြာတစ်ခုမှာ အတူတူတွေ့လိုက်ရတဲ့အတွက် တော်တော်လေးကို ကျေနပ်အားရမိကြောင်း အဆိုပါပို့စ်အောက်မှာ comment တွေ ရေးခဲ့ကြပါတယ်။

READ
Hearty Heart ရဲ့ပွဲမှာ Project Kအဖွဲ့နဲ့အတူ ကပြဖျော်ဖြေခဲ့တဲ့ ဘာဘီမလေး ချီချီ

 

Pyi Hein Kyaw

SHARE