မြန်မာပြည်ရဲ့ အလှအပ တွေကို Instagram မှာ ဝေမျှ လိုက်တဲ့ Mark Prin

Image:IG/Nat /Mark Prin

Mark Prin  ကတော့ ထိုင်းနိုင်ငံရဲ့ နာမည်ကြီး မင်းသားတစ်ယောက်ပါ။ထိုင်းမှာ တင်မဟုတ်ပဲ အာရှတစ်လွှားမှာပါ အောင်မြင်မှုတွေ ရနေသူပါ။4+1 Channel 3 Superstar လို့ ခေါ်တဲ့ အဖွဲ့ထဲက အဖွဲ့ဝင်တစ်ယောက်ပါ။ အဲ့ဒီ အဖွဲ့မှာတော့ Mark Prin နဲ့ အတူ Mario Maurer, Nadech Kugimiya, Pakorn Chatborirak နဲ့ Phup oom Pongpanu တို့ လည်း ပါဝင်ပါတယ်။မြန်မာနိုင်ငံမှာ လာရောက်ရိုက်ကူးတဲ့ “My Husband in law”   ဆိုတဲ့ ဇာတ်ကားကို တော့ လက်ရှိမှာ ပြသ နေပါတယ်။

Image:IG/Nat
Image:IG/Nat

အပိုင်း(၉)မှာ ပါဝင် သွားမယ့် မြန်မာနိုင်ငံရဲ့ နာမည်ကြီး ခရီးသွား အထင်က ရ နေရာ တစ်ခု ဖြစ်တဲ့ အင်းလေး က ပုံ လေးတွေကို တော့Mark Prin ရဲ့ Instagram မှာ မေလ(၁၉)ရက်နေ့က ဝေမျှ ပေးလိုက်ပါတယ်။

READ
လူအချို့ရဲ့ ဆိုးဆိုးရွားရွားအပုပ်ချမှုတွေကို ပြန်လည်တုံ့ပြန်လိုက်တဲ့ သင်ဇာဝင့်ကျော်
Image:IG/Mark Prin
Image:IG/Mark Prin

အင်းလေး မှာ ရိုက်ကူး ရေးလုပ်နေတဲ့ ပုံတစ်ချို့၊အင်းလေး ကန် ကြီးရဲ့ အလှ အပ တွေ၊ဈေးထဲမှာ တွေ့ရ မြင်ရတဲ့ မြင် ကွင်း တစ်ချို့ ကို Mark Prin က သူ့ရဲ့ IG မှာ ပုံတွေ အများကြီး တင်ပေးထားတာပါ။

Image:IG/Mark Prin
Image:IG/Mark Prin

“My Husband in law” ဆိုတဲ့ ဇာတ်ကား မှာတော့ Mark Prin နဲ့ Mew Nittha တို့ က အဓိက ပါဝင် ထား ကြတာပါ။ဒီဇာတ်ကားကို တော့ ထိုင်း အနုပညာ လောကရဲ့ နာမည်ကြီး မင်းသမီး ကြီး Anne Thongprasom ရဲ့ ထုတ်လုပ်ရေးဖြစ်တဲ့ Thong Entertainment ကနေ ထုတ်လုပ်တာပါ။

READ
Instagramမှာတင်လိုက်တဲ့ပုံကြောင့် ပရိသတ်ကို အံ့သြစေခဲ့တဲ့ Taeyeon
Image:IG/nat
Image:IG/Nat

မြန်မာနိုင်ငံရဲ့ ခရီးသွား တွေ ကြား နာမည် ကြီး တဲ့ နေရာတွေ ဖြစ်တဲ့  ရွှေတိဂုံ၊ပုဂံ နဲ့ အင်းလေး တို့ ကို လာရောက် ရိုက်ကူး ခဲ့တာပါ။ပုဂံ မှာဆိုရင် တော့ ထီး လိုမင်းလိုဘုရားနဲ့ ရွှေစည်းခုံဘုရား ၊အင်းလေး တို့မှာ ပါ သွားရောက် ရိုက်ကူးထားတဲ့ ဇာတ်ကား လေးပါ။

Ref;Asianwiki & Mark Prin’s IG

SHARE