Mark Wahlberg ဘာလို့အောင်မြင်လဲ?

Mark Wahlberg

Mark Wahlberg ဆိုတဲ့မင်းသားကိုတော့ သူငယ်ချင်းတို့အားလုံးပဲ ကြားဖူးကြမယ်ထင်ပါတယ်။ သူကတော့
Transformers: Age of Extinction, Lone Survivor, Italian Job , Shooter, Pain and Gainစတဲ့
နာမည်ကြီး ရုပ်ရှင်တွေမှာ သာမက အခြားသောရုပ်ရှင်များစွာမှာလည်း ပါဝင် သရုပ်ဆောင်ခဲ့တဲ့ နာမည်ကျော်
အမေရိကန် မင်းသားပါ။

တကယ်တော့ Markဟာ ၁၄နှစ်အရွယ်မှာထဲက ကျောင်းထွက်ခဲ့ပါတယ်။ ပြီးတော့ လမ်းပေါ်မှာ လုယက်၊
ခိုးယူ၊ဆေးရောင်း စတဲ့ မကောင်းမှုများစွာ ကိုလုပ်ခဲ့တဲ့ လူငယ်လေး တစ်ယောက်ပါ။နောက်၂နှစ်လောက်ကြာ
တော့ ဗီယက်နမ်လူမျိုး အမျိုးသားတစ်ယောက်ကို ရိုက်မှုနဲ့ ထောင်၄၅ရက်ကျ ခဲ့ပါတယ်။ ထောင်ကထွက်လာ
ပြီးမှာ Markဟာ အမြင်မှန်ရပြီး သူ့ရဲ့ဘ၀ ကိုပြောင်းလဲခဲ့ပါတယ်။

READ
ကမ္ဘာကျော်ပုဂ္ဂိုလ်တွေနဲ့ သူတို့ရဲ့ တစ်နေ့ အိပ်ချိန်

ထောင်က ထွက်လာအပြီးမှာ အစ်ကိုဖြစ်သူDonnieရဲ့ အကူအညီနဲ့  ဂီတပိုင်းကို အသက်မွေးဝမ်းကြောင်း အဖြစ်
ကူးပြောင်းခဲ့ပါတယ်။  Marky Markဆိုတဲ့ နာမည်နဲ့ rapတွေဆိုပြီး album တစ်ခုထုတ်ခဲ့ပါတယ်။ ထိုalbumက
လည်းအောင်မြင်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့ Underwearတွေကိုကြော်ငြာတဲ့ မော်ဒယ် တစ်ယောက်ဖြစ်
လာခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ရုပ်ရှင်ဒါရိုက်တာတွေရဲ့ ကမ်းလှမ်းမှု ကြောင့် ရုပ်ရှင်ဇာတ်လမ်း များစွာကို
ရိုက်ရင်း သူရဲ့ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုတွေကြောင့် အမေရိကန်မှာ အအောင်မြင်ဆုံး မင်းသားထဲက
တစ်ယောက် ဖြစ်လာခဲ့ပါတယ်။

Mark Wahlberg ကိုသင်ခန်းစာယူပါ။

မှားတယ်ဆိုတာ လူသားတွေရဲ့သဘာဝပါ။ သင်လည်းမှားဖူးတယ်။ ကျွန်တော်လည်း မှားဖူးတယ်။ ဒါပေမဲ့အဲ့ဒိ
အမှားတွေကို သင်ခန်းစာဘယ်လိုယူလဲ ဆိုတာပဲကွဲပြားသွားကြတာပါ။ အကယ်၍ Markသာဆက်မိုက်နေခဲ့
မယ်ဆိုရင်တော့ အခုလိုနာမည်ကျော် တစ်ယောက်ဖြစ်လာခဲ့ မှာမဟုတ်ပါဘူး။ အခုအချိန်ကစပြီး သင်အရင်က
မှားခဲ့ဖူးတယ် ဆိုရင်လည်း နောင်တတွေနဲ့ ရုန်းမထွက်နိုင်တဲ့ သူတစ်ယောက်မဖြစ်ပါစေနဲ့။ နောင်တဆိုတာ
တွေးဆွေးဖို့ မဟုတ်ပါဘူး။ သင့်ဘ၀အတွက် အသုံးချရမယ့်အရာပါ။ အမှားတွေကို သင်ခန်းစာယူပြီး ရှေ့ဆက်
ကြပါစို့။

READ
Cookie မုန့်လေးများနှင့် ဘဝသင်ခန်းစာ

မိုးရှင်း (I.M.T)

SHARE