Facebook CEO ဖြစ်သူ Mark Zuckerberg ဟာ သူရဲ့ သမီးတွေအတွက်အချိန်ပေးဖို့ ယခုလကို Parental Leave ယူထားကြောင်း သိရပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက Zuckerberg ဟာ Facebook နဲ့ Instagram တို့မှာ ” ကျွန်တော်ဆီက သတင်းနည်းနည်းလောက်ပဲ ကြားရတော့မှာပါ” လို့ ပြောခဲ့ပါတယ်။

Facebook ဟာ ကုမ္ပဏီဝန်ထမ်းတွေအတွက် Parental Leave ယူခွင့်ကို (မိခင်ကော၊ ဖခင်အတွက်ပါ) လစာအပြည့်နဲ့ (၄)လအထိခွင့်ပြုထားတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဲဒီ Parental Leave (၄)လကို တခါတည်း အပြီးယူစရာမလိုပါဘူး။
Zuckerberg ဟာ ဒုတိယသမီးငယ် August ကို မွေးပြီးတဲ့နောက်ပိုင်းမှာ တလ ခွင့်ယူထားခဲ့ဖူးပါတယ်။ သမီးငယ် August ကို ပြီးခဲ့တဲ့သြဂုတ်လမှာ မွေးဖွားခဲ့တာဖြစ်ပြီး သမီးကြီး Max ကိုတော့ ၂၀၁၅ ခုနှစ်မှာ မွေးဖွားခဲ့တာပါ။

ပထမအကြိမ် သူခွင့်ယူခဲ့တုန်းက Zuckerberg ဟာ facebook ပေါ်မှာ ” ကျွန်တော်ပြန်လာတဲ့အချိန်အထိ ရုံးခန်းက အကောင်းအတိုင်းရှိနေမယ်ထင်ပါတယ် ” လို့ နောက်ပြောင်ရေးသားခဲ့သေးတယ်လို့ သိရပါတယ်။