လက်ထပ်ခြင်းဟာ ပျော်ရွှင်မှုအတွက် အာမခံချက် မဟုတ်ကြောင်း သုတေသီများထုတ်ဖော်

Instagram_SussexRoyals

လက်ထပ်တယ်ဆိုတာ ချစ်သူနှစ်ဦး နှစ်ကိုယ့်တစ်ဘဝ တည်ဆောက်ဖို့အတွက် စတင်တဲ့နေ့လေး ဖြစ်ပါတယ်။ အထူးသဖြင့်တော့ တကယ်သာယာတဲ့ အိမ်ထောင်ရေးကို တည်ဆောက်ဖို့အတွက် လက်ထပ်ခြင်းဟာ ပထမဆုံးဆိုသော်လည်း၊ လက်ထပ်လိုက်တာနဲ့ ပျော်ရွှင်မှုတွေ ရလာလိမ့်မယ်လို့တော့ ကံသေကံမ မှတ်ယူဖို့မသင့်ဘူးလို့ သုတေသနပညာရှင်တွေက အကြံပြုထားပါတယ်။

သုတေသနပညာရှင်တွေရဲ့အဆိုအရ လက်ထပ်လိုက်ခြင်းဟာ ဒီမတိုင်ခင် တစ်ကိုယ်ရေဘဝမှာ ရခဲ့တဲ့ ပျော်ရွှင်မှုတွေထက် ပိုပြီးပျော်စရာမကောင်းဘူးလို့ စစ်ဆေးတွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။ အလွယ်ပြောရရင် အိမ်ထောင်သည်ဘဝဟာ လူပျိုလူလွတ်ဘဝထက် ပိုပြီးပျော်စရာမကောင်းဘူးလို့ ဆိုရမှာပါ။

Instagram/AmberHeard

ဒီသုတေသနစစ်တမ်းကို ရရှိဖို့အတွက် ပညာရှင်တွေဟာ လူပေါင်း (၇၅၃၂)ဦးရဲ့ အိမ်ထောင်ကျပြီးနဲ့ မကျသေးခင် ခံစားရတဲ့ ပျော်ရွှင်မှုအဆင့်တွေအကြောင်း မေးမြန်းခဲ့တာဖြစ်ပါတယ်။ ပါဝင်ဖြေကြားသူတွေအနေနဲ့ ပျော်ရွှင်မှု Level (၅)ခုအနက် မိမိတို့ခံစားချက်နဲ့တိုက်ဆိုင်နေတဲ့ Level ကို Rate လုပ်ရတာပါ။

အိမ်ထောင်သက်ရှည်သူတွေရဲ့ ပျမ်းမျှ Score မှာ Level 4 ဖြစ်ပါတယ်။ ဒါဟာ အခြားသူများထက် အနည်းငယ်သာ သာလွန်နေတဲ့သဘောဖြစ်ပါတယ်။ ပျော်ရွှင်မှုအဆင့်မှာ အိမ်ထောင်မကျသေးသူတွေရဲ့ Rate ဟာ (၃.၈)ဖြစ်ခဲ့ပြီး၊ မတူညီတဲ့ သမိုင်းလမ်းကြောင်းရှိသူတွေကတော့ (၃.၇)ဖြစ်ပါတယ်။ ဒါက သိပ်ပြီး ကွာခြားတာတော့ မဟုတ်ပါဘူး။

သိပ်ပြီး မကွာခြားတဲ့အတွက် အိမ်ထောင်သည်ဘဝမှာ ရလာတဲ့ ပျော်ရွှင်မှုဆိုတာ Single ဘဝနဲ့ရခဲ့တဲ့ ပျော်ရွှင်မှုတွေထက် ပိုပြီးမများဘူး၊ ပိုပြီးမသာဘူးဆိုတာ သေချာပါတယ်။ ပိုနေမြဲကျားနေမြဲ ဘယ်သူ့ကိုမှ မယူလဲ လူတိုင်း ခံစားနေရတဲ့ တစ်ကိုယ်ရေပျော်ရွှင်မှုကတော့ ရမှာလို့ ဆိုရမှာပါ။

ဒီအထဲမှာ အိမ်ထောင်သည်ဆိုတာ အမျိုးမျိုး ကွဲပြားပါသေးတယ်။ အိမ်ထောင် တစ်ဆက်ကျဖူးသူတွေ၊ အိမ်ထောင် အဆက်ဆက် ကျဖုးသူတွေ၊ မကြာခဏ ကွာရှင်းရသူတွေလည်း ပါဝင်နိုင်ပါတယ်။ ဒီလိုပဲ အိမ်ထောင်မကျဘူးသေးတဲ့ လူပျိုလူလွတ် အပျိုတွေလည်း ပါဝင်မှာပါ။

Imdb/MrandMrsSmith

ဒီသုတေသနကို အမေရိကန်သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Michigan State University မှ သုတေသနပညာရှင်တွေက ဦးစီးလုပ်ဆောင်ခဲ့တာပါ။ အဖွဲ့ကို ဦးဆောင်သူကတော့ William Chopik ဖြစ်ပါတယ်။ သူက “ လက်ထပ်ထိမ်းမြားခြင်းဟာ သေချာတဲ့ လောင်းကစားပွဲ မဟုတ်ပါဘူး ”လို့ ပြောခဲ့ပါတယ်။

ပူးတွဲသုတေသနပညာရှင် Mariah Purol က “ အိမ်ထောင်သည်တွေနဲ့ လူလွတ်တွေရဲ့ ပျော်ရွှင်မှုအပေါ်ခံစားတဲ့ အပိုင်းဟာ သိပ်ပြီး မကွဲပြားကြပါဘူး … ဒါဟာ လက်ထပ်ထိမ်းမြားခြင်းနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှု နည်းတဲ့အပိုင်းကြောင့် ဖြစ်နိုင်သလို … စိတ်ပိုင်းခံယူချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ် ”လို့ ကောက်ချက်ချခဲ့ပါတယ်။

လင်းသူရိန်

SHARE