သေကွဲကွဲရတဲ့ဝေဒနာကို မခံစားနိုင်လို့ ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားကြတဲ့ ဇနီးမောင်နှံ

အိမ်ထောင်သက်သက်တမ်း (၄၆)နှစ်ရှိပြီဖြစ်တဲ့ အင်္ဂလန်နိုင်ငံက စုံတွဲတစ်တွဲဟာ တစ်ဦးနဲ့တစ်ဦးခွဲခွာနေရတဲ့ဒဏ်ကို မခံစားနိုင်တာကြောင့် ရက်ပိုင်းအတွင်းမှာပဲ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့ကြောင်း သိရပါတယ်။ အမျိုးသားဖြစ်သူ အာနိုးသေဆုံးပြီးနောက်ပိုင်း အသက်(၉၂)နှစ်အရွယ် ဇနီးသည်ဖြစ်သူ အေမီဟာ သူမစိတ်ထဲတစ်ခုခုမှားနေတယ်လို့ မိသားစုကိုပြောပြပြီး (၁၀)ရက်အကြာမှာသေဆုံးသွားခဲ့တာဖြစ်ပါတယ်။

SWNS:SOUTH WEST NEWS SERVICE

သမီးဖြစ်သူ အီလိန်းကတော့ “အဖေသေတုန်းက ကျွန်မတို့အမေ့ကိုပြောမပြကြပါဘူး။ အမေခံနိုင်မှာမဟုတ်ဘူးလေ။ အမေဆေးရုံတက်ရကတည်းက အဖေနဲ့အမေက တကယ်လို့ တစ်ယောက်ယောက်သေခဲ့ရင် ကျန်တဲ့တစ်ယောက်လဲ စိတ်ဆင်းရဲပြီး အသက်မရှင်ချင်ဘူးလို့ထင်လို့ ဆုံးဖြတ်ခဲ့ကြတာ။ အမေက အဖေ့ကို သိပ်ခင်တွယ်ရှာတာ။ ဘာမဆို သူတို့အကုန်အတူတူလုပ်ခဲ့ကြတာ” လို့ဆိုခဲ့ပါတယ်။

SWNS:SOUTH WEST NEWS SERVICE

အာနိုးနဲ့အေမီတို့နှစ်ဦးဟာ ပြီးခဲ့တဲ့မတ်လတုန်းကမှ နောက်ဆုံးအကြိမ်တွေ့ခဲ့ကြတာဖြစ်ပါတယ်။ အာနိုးဟာ မန်းစ်ဖီးလ်နော့တင်ဟမ်ရှိုင်းယားရှိ သက်ကြီးဂေဟာတစ်ခုကို ပြောင်းရွှေ့ခဲ့ရပြီး ဧပြီလ(၃၀)ရက်မှာတော့ ဆုံးပါးသွားခဲ့ပါတယ်။ အေမီကတော့ လေဖြတ်ပြီးနောက် ကင်းစ်မေးလ်ဆေးရုံမှာ တက်ရောက်ခဲ့စဉ် သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

READ
Relationshipတစ်ခုကို ဘယ်လိုအခြေအနေမျိုးမှာ ရပ်တန့်လိုက်ဖို့ အသင့်တော်ဆုံးလဲ
SWNS:SOUTH WEST NEWS SERVICE

အိမ်နီးချင်းတွေဖြစ်ကြတဲ့ အာနိုးနဲ့အေမီတို့ဟာ လေးနှစ်ကြာရည်းစားသက်တမ်းကို ကျော်ဖြတ်ပြီးနောက် ၁၉၇၂ခုနှစ်မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ အသက်အရွယ်ရလာတော့ အေမီဟာ လေဖြတ်ပြီး နှလုံးရှော့ခ်ရကာ အသက်ရှူရအခက်အခဲဖြစ်လာခဲ့တာကြောင့် သက်ကြီးဂေဟာကိုပြောင်းရွှေ့နေထိုင်ခဲ့ရပါတယ်။ မကြာခင်မှာပဲ အာနိုးကလည်း ကျောက်ကပ်နဲ့အသည်းကင်ဆာဖြစ်ပွားခဲ့ပါတယ်။

SWNS:SOUTH WEST NEWS SERVICE

ကင်ဆာဟာ ဦးနှောက်ကို ပျံ့နှံ့ခဲ့ပေမယ့် အာနိုးဟာမိသားစုဝင်တွေကို စိုးရိမ်ကြောင့်ကြဖြစ်မှာစိုးတာကြောင့် သူဝေဒနာပြင်းပြင်းထန်ထန်ခံနေရတာကို မိသားစုကိုမထုတ်ပြခဲ့ပါဘူး။ မသေခင်မှာ ဇနီးသည်ဖြစ်သူရဲ့ ကျန်းမာရေးကိုအခြေအနေကိုသာ တွင်တွင်မေးပြီး ဂရုစိုက်နေခဲ့ကြောင်း သမီးဖြစ်သူက ပြောပြခဲ့ပါသေးတယ်။ စိတ်နှလုံးကြေကွဲဖွယ်ရာ အဖြစ်အပျက်လေးမှာ ယင်းဇနီးမောင်နှံရဲ့ပြာတွေကို နော့တင်ဟမ်ရှိုင်းယား ၀ါဆော့ပ်က ဘုရားကျောင်းဝင်းထဲမှာ ဘေးချင်းယှဉ်ပြီး မြှုပ်နှံထားကြောင်းသိရပါတယ်။

လင်းလင်း (ShweMom)

Ref: The Sun

SHARE