ဆယ်ကျော်သက်ကောင်လေးကို ဖျားယောင်းကာမရယူခဲ့သည့် အိမ်ထောင်သည်အမျိုးသမီး

အိမ်ထောင်သည် အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ Brooke Lajiness အသက် 38 နှစ်ဟာ အသက်မပြည့်သေးတဲ့ 14 နှစ်အရွယ် ကောင်းလေးတစ်ယောက်ကို အ၀တ်မဲ့ပုံတွေ ပို့ပေးကာ စည်းရုံးသိမ်းသွင်းခဲ့ပါတယ်။ ယင်းနောက် 8 ကြိမ်မှ 15 ကြိမ်ထပ် မနည်း ယင်းကောင်လေးနဲ့ ချစ်တင်းနှောခဲ့မိကြောင်း ၀န်ခံခဲ့ပါတယ်။

ဒါပေမယ့် အစိုးရရှေ့နေတွေက Brooke ရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ သူတွေဟာ ဒီထက်မက ရှိနိုင်သေးလို့ စုံစမ်းစစ်ဆေးမှု
တွေ ပြုလုပ်နေဆဲလို့ သိရပါတယ်။ အများအားဖြင့် Brooke ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေဟာ သူမ ကားရဲ့ နောက်ခန်းမှာဖြစ်
တယ်လို့ ဆိုပါတယ်။

Brooke ကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး၊ သူမကိုယ်တိုင်က ကျောင်းသားတစ်ယောက်ရဲ့ မိခင် ဖြစ်ပါတယ်။ လောလောဆယ် တော့ Brooke ကို လိင်ပိုင်းဆိုင်ရာရာဇ၀တ်မှု 13 မှုနဲ့ ရဲတပ်ဖွဲ့က စွဲချက်တင်ထားတယ်လို့ သိရပါတယ်။ ဒီဖြစ်ရပ်မှာ Brooke ရဲ့ ခင်ပွန်း David ကတော့ ဇနီးဖြစ်သူကို အပြစ်တစုံတရာ မဆိုသေးပါဘူး။

READ
ဆံပင်ခရမ်းရောင်ဆေးဆိုးလို့ ကျောင်းသူတစ်ဦး အတန်းတက်ခွင့်ပိတ်ခံခဲ့ရ

သူမကို စွဲဆိုထားတဲ့ ပြစ်မှုတွေထဲမှာ ကောင်လေးတစ်ယောက်ဆီကို မဖွယ်မရာ ဓာတ်ပုံတွေ ပို့တာလည်း ပါဝင်ပါတယ်။ Brooke ဟာ ကာယကံရှင်ကောင်လေး အလယ်တန်းကျောင်းသားအရွယ်ကတည်းက စတင်ချိန်းတွေ့ခဲ့ပြီး၊ မအပ်မရာ
တွေကို ကျူးလွန်ခဲ့တာဖြစ်တယ်လို့ တရားရုံးမှာရဲတပ်ဖွဲ့အရာရှိ Donald Pasternak က ထွက်ဆိုခဲ့ပါတယ်။

ဒါပေမယ့် Brooke ရဲ့ ရှေ့နေ David Goldstein ကတော့ တရားခံမှာ အခြားလိင်ပိုင်းဆိုင်ရာ ကျူးလွန်ထားတဲ့သူတွေ ရှိနိုင်သေးတယ်ဆိုတဲ့ အစိုးရရှေ့နေဘက်က မေးခွန်းကို ပယ်ချခဲ့ပါတယ်။ လောလောဆယ်တော့ Brooke ကို မိမိကိုယ်ပိုင်သားကလွဲရင် အခြားမည်သည့် ကလေးနဲ့မှ ဆက်သွယ်မှုမပြုဖို့ တရားရုံးက တားမြစ်ထားပါတယ်။

Brooke ကို Pittsfield District Court တရားရုံးမှာ စစ်ဆေးခဲ့ပြီး၊ သူမရဲ့ ခင်ပွန်း David လည်း မပျက်မကွက် တက်
ရောက်ခဲ့ပါတယ်။ သူတို့တစ်တွေဟာ အိမ်ထောင်သက် 16 နှစ်ရှိပြီဖြစ်ပြီး၊ အခုကိစ္စတွေမှာလည်း ခင်ပွန်းသည်က Brooke ကို စိတ်ဆိုးဒေါသထွက်ဟန်မပြဘဲ သူမဘက်က ရပ်တည်နေတဲ့ ပုံစံမျိုးတွေ့ခဲ့ရပါတယ်။

READ
ကျောင်းမသွားချင်ဘူးဆိုပြီး ဂျီကျနေတဲ့ကလေးကို သင်ခန်းစာပေးခဲ့တဲ့ မိဘများ

မဒီလေး (Shwemom)

souruce : thesun.co.uk

SHARE