အိမ်ထောင်သည်တိုင်း သိထားသင့်တဲ့ လိင်မှုကိစ္စဆိုင်ရာ အကြောင်းအရာများ

pixabay

လူ့ဘောင်လူ့လောကမှာ လိင်မှုရေးရာကိစ္စဟာ ကင်းလွတ်လို့ ရစကောင်းမဟုတ်ပါဘူး။ ချစ်ခင်နှစ်သက်သူနဲ့အတူ ချစ်တင်းနှောခြင်း၊ သို့မဟုတ် တစ်ကိုယ်ရေ အာသာဖြေခြင်းစတဲ့ ကိစ္စရပ်တွေဟာ လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ၊ ပျော်ရွှင်မှုတွေ၊ ဝမ်းနည်းမှုတွေနဲ့ အဓိကဆက်စပ်နေပါတယ်။ ဒီတော့ လူတစ်ယောက်ရဲ့ ကျန်းမာရေးမှာ လိင်မှုကိစ္စဟာ အရေးပါတဲ့အခန်းကဏ္ဍတစ်ခုကနေ ပါဝင်ပါတယ်။ ဒါကြောင့် အိမ်ထောင်သည်တိုင်း သိထားတဲ့သင့်တဲ့ လိင်မှုကိစ္စအကြောင်းကို Shwemom က ဖော်ပြပေးလိုက်ပါတယ်။

(၁) စိတ်ပါလက်ပါရှိမှု

pixabay

ချစ်တင်းနှောရာမှာ အရေးကြီးဆုံးက စိတ်ပါလက်ပါရှိမှု၊ အလိုတူအလိုပါမှုကလည်း အရေးပါပါတယ်။ တစ်နည်းအားဖြင့် ဆိုရသော် စိတ်ပိုင်းဆိုင်ရာ ကွဲပြားနေတဲ့သူနဲ့ ချစ်တင်းနှောရတာဟာ အရုပ်တစ်ခုနဲ့အတူတူနေနေရတာနဲ့ ဘာမှမထူးပါဘူး။ အကယ်၍ သင့်ရဲ့ပါတနာဟာ ဒီလိုပဲ စိတ်မပါလက်မပါဖြစ်နေရင် ကိစ္စကို ရပ်နားလိုက်ပြီး နူးညံ့တဲ့နှစ်သိမ့်ချော့မြူမှုတွေနဲ့ စွဲဆောင်ရမှာပါ။ ဒီလိုမှမဟုတ်ရင် သင်ဟာ လိင်ပိုင်းဆိုင်ရာကိစ္စမှာ အတ္တကြီးသူဖြစ်တယ်လို့ ဆိုလို့ရပါတယ်။ ဒီနည်းနဲ့ သာယာတဲ့ အိမ်ထောင်ရေးကို မရနိုင်ပါဘူး။

(၂) စိတ်ပျော်ရွှင်ခံစားမှု

မိမိရဲ့ပါတနာနဲ့အတူ အလိုတူအလိုမျှတဲ့ အခြေအနေမျိုးမှ ချစ်တင်းနှောခြင်းလုပ်ငန်းကို လုပ်ဆောင်သင့်ပါတယ်။ အကြောင်းကတော့ ဆောင်းပါးအစမှာ ရှင်းပြခဲ့တဲ့အတိုင်း စိတ်ဆန္ဒပြည့်ဝတဲ့ လိင်မှုဆက်ဆံရေးဟာ အိမ်ထောင်တစ်ခုရဲ့ သာယာမှုတစ်ခုတည်းကိုသာ ထိန်းညှိပေးနိုင်တာမဟုတ်ဘဲ၊ နှစ်ဦးစလုံးမှာရှိနေတဲ့ စိတ်ဖိအားတွေကို ဖြေလျော့ပေးလို့ ဘဝနေပျော်မှုနဲ့ အောင်မြင်မှုတွေရဲ့ သော့ချက်လို့တောင် ပြောလို့ရပါတယ်။

pixabay

ဒီလိုပဲ ဆန့်ကျင်ဘက်ကနေ တွေးရင် အလိုတူအလိုမပါတဲ့ လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေးဟာ နှစ်ဦးစလုံးကို နာကျင်စေပြီး၊ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကိုလည်း ပေးစွမ်းပါတယ်။ ဒါကြောင့် သင့်ပါတနာနဲ့သင် အပေးအယူမျှနေဖို့နဲ့၊ ကျေနပ်နှစ်သိမ့်မှု ရစေဖို့ကလည်း အလွန်အရေးပါတယ်ဆိုတာ ထည့်တွက်ရပါ့မယ်။

READ
သင်မသိသေးတဲ့ Orgasm အကြောင်း(၉)ချက်

(၃) ကျန်းမာရေးနဲ့ ပေါ့ပါးလန်းဆန်းတဲ့ လူနေမှုဘဝ

pixabay

အိမ်ထောင်သည်တွေ၊ အိမ်ထောင်သည်မဟုတ်တဲ့သူတွေရဲ့ ကျန်းမာရေးဟာ လိင်မှုကိစ္စနဲ့ရာခိုင်နှုန်းတော်တော်များများ ဆက်စပ်နေပါတယ်။ အထူးသဖြင့် လိင်ပိုင်းဆိုင်ရာ အာသာဆန္ဒမပြည့်ဝသူတွေ၊ လွန်လွန်ကျူးကျူးလိုက်စားသူတွေမှာ စိတ်ပိုင်းဆိုင်ရာ အန္တရာယ်ရှိတဲ့ရောဂါကိုခံစားနေရတယ်လို့ ယူဆလို့ရပါတယ်။ ဒီကနေ မလိုလားအပ်တဲ့ ရာဇဝတ်မှုတွေကို ဆင့်ကဲကျူးလွန်မိတတ်ပါတယ်။ ဒီတော့ ကျန်းမာရွှင်လန်းတဲ့ လူနေမှုဘဝမှာ ချစ်သောသူနဲ့အတူ လိင်ပိုင်းဆိုင်ရာ တင်းတိမ်ရောင့်ရဲမှုတွေ၊ ငြိမ်းချမ်းသာယာမှုတွေက အရေးပါပါတယ်။

(၄) ဘေးကင်းလုံခြုံမှု

pixabay

လိင်ပိုင်းဆိုင်ရာ ဘေးကင်းလုံခြုံမှုဆိုတာ မိမိရဲ့ ဆန္ဒတစ်ခုတည်းကိုပဲ ဦးစားပေးပြီး၊ မိမိသဘောနဲ့ တစ်ပါးသူရဲ့ သဘောတူခွင့်ပြုထားခြင်းမရှိတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို သဘာဝနည်းမမှန်တဲ့ ဆက်ဆံမှုတွေကို တစ်ဖက်သားကို လေးစားခြင်းအားဖြင့် မပြုလုပ်ခြင်းပါ။ ဒီစည်းကမ်းကို ချိုးဖောက်လိုက်ခြင်းအားဖြင့် တစ်ဖက်သားရဲ့ ပျော်ရွှင်မှုနဲ့ စိတ်ပါလက်ပါရှိမှုကို ဖျက်ဆီးလိုက်ခြင်း ဖြစ်ပြီး၊ စိတ်ပိုင်းဆိုင်ရာ ကြောက်လန့်ခြင်းကို ဖြစ်စေပါတယ်။

(၅) ကလေးရဖို့တစ်ခုတည်းမဟုတ်

အလွန်ဗဟုသုတနည်းပါးတဲ့ ဒေသတွေမှာတော့ လိင်ပိုင်းဆိုင်ရာကိစ္စရပ်ကို ကလေးမွေးဖို့တစ်ခုတည်းလောက်သာ သဘောထားကြပါတယ်။ ဒါဟာ အလွန်ဝမ်းနည်းစရာကောင်းတဲ့ ကိစ္စရပ်ပါ။ တစ်ချို့ဒေသတွေဆို ကလေးတွေများလွန်းလို့ ဇနီးသည်နဲ့ နှစ်ရှည်လများ အတူတူမနေတာမျိုးတွေတောင် ရှိပါတယ်။

pixabay

အခုလို ဆေးပညာတွေတိုးတက်နေတဲ့ခေတ်ကြီးမှာတောင် အဲဒီလိုလူတွေ ရှိနေပါသေးတယ်။ တကယ်တော့ လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်ဆိုတာ ကလေးရဖို့အတွက်သာလျင်မဟုတ်ဘဲ စိတ်ပျော်ရွှင်ဖို့၊ ကျန်းမာရွှင်လန်းဖို့၊ အိမ်ထောင်ရေးသာယာခိုင်မြဲစေဖို့ အချက်တွေလည်း ပါဝင်ပါတယ်။

READ
အမျိုးသမီးအသုံးအဆောင်အထဲကနေပြန်ထုတ်မရလို့ ဆေးရုံပြေးခဲ့ရတဲ့ကောင်မလေး

(၆) ရှောင်ရှားရမယ့် အချိန်များ

pixabay

လိင်ပိုင်းဆိုင်ရာကိစ္စရပ်ကို အားအားရှိသရွေ့ အားစိုက်ကြိုးစားနေလို့လည်း မဖြစ်ပါဘူး။ မည်သည့်ကိစ္စရပ်မဆို တန်ဆေးလွန်ဘေး၊ ကောင်းကျိုးဆိုးကျိုး ဒွန်တွဲနေတတ်ပါတယ်။ ဒီတော့ ဆရာဝန်က ကျန်းမာရေးအရ အနားယူခိုင်းတဲ့အခြေအနေ၊ ကိုယ်တိုင် ရောဂါတစ်ခုခုကြောင့် စိတ်မသက်မသာဖြစ်နေတဲ့ အခြေအနေ၊ တစ်ဖက်သားက စိတ်လုံးဝမပါတဲ့ အခြေအနေစတဲ့အခြေအနေတွေကတော့ အထူးရှောင်ကြဉ်ရမယ့် အချိန်တွေပါ။

(၇) ကလေးတွေ မသိသင့်

ကလေးတွေကို အနောက်နိုင်ငံတွေမှာ အရွယ်နည်းနည်းလေးရလာတာနဲ့ အိပ်ရာခွဲအိပ်စေခြင်းဟာ လင်မယားနှစ်ယောက်ရဲ့ မမြင်သင့်တဲ့ကိစ္စကို မြင်သွားမှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်လည်း ပါဝင်ပါတယ်။ အခြားနိုင်ငံတွေမှာတော့ အလယ်တန်းကျောင်းသားဘဝလောက်ကတည်းက Sex Education လို့ခေါ်တဲ့ လိင်ပိုင်းဆိုင်ရာ ပညာပေးတွေ ပါဝင်ပေမယ့် လင်မယားကိစ္စရပ်ကို သင်ကြားပေးတာမဟုတ်ပါဘူး။ ဒီတော့ ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုနဲ့ စိတ်ဒဏ်ရာတွေရရှိနိုင်လို့ လင်မယားကိစ္စ ကလေးတွေရှိနေချိန်မှာ ရှောင်ရှားဖို့လိုပါတယ်။

pixabay

ခန္ဓာကိုယ်ရဲ့ ဘယ်အရာကိုကိုင်ရင် Private Body Part ဖြစ်တယ်၊ တားမြစ်ရမယ်၊ တိုင်တန်းရမယ် စတဲ့ ပညာပေးတွေကို အဓိကဦးစားပေးပြီး ကလေးသူငယ် လိင်ပိုင်းဆိုင်ရာစော်ကားခံရမှု ကင်းဝေစေရေးကို ဦးစားပေးတဲ့ ပညာပေးအစီအစဉ်တွေက ပိုများပါတယ်။ (ဒီနိုင်ငံမှာလည်း ရှိသင့်ပါတယ်။) ကလေးဆိုတာ ကလေးစိတ်သာရှိလို့ ဘယ်ခန္ဓာကိုယ်အစိတ်အပိုင်းက ဘယ်လောက်အရေးပါတယ်ဆိုတာ သိဖို့ခက်ပါတယ်။ လိုအပ်တဲ့အတွက် ပညာရှင်တွေဆုံးဖြတ်ပြီး ထည့်သွင်းခဲ့တာပါ။

မဒီလေး (Shwemom)

SHARE