ထိုင်းနိုင်ငံမှာကျင်းပတဲ့ Joox ဂီတဆုပေးပွဲကို တက်ရောက်ခဲ့တဲ့ မေရီရဲ့ ပုံရိပ်လေးများ

ထူးခြားတဲ့အသံပိုင်ရှင်တစ်ယောက်ဖြစ်ပြီး သီချင်းတွေကို ကိုယ်တိုင်ရေးဖွဲ့ သီဆိုနေတဲ့ အဆိုတော်မလေးတစ်ယောက်ဖြစ်တဲ့ မေရီကတော့ လူငယ်ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ မေရီကတော့ အနုပညာလှုပ်ရှားမှုတွေကို မနားတမ်းပြုလုပ်နေတဲ့သူတစ်ယောက်ဖြစ်ပြီး ပရိသတ်တွေကို အကောင်းဆုံးတွေ တင်ဆက်နိုင်ဖို့ ကြိုးစားနေတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

သူမကတော့ မတ်လ ၁၉ ရက်နေ့က ဘန်ကောက်မှာ ပြုလုပ်ကျင်းပတဲ့ Joox Thailand Music Award  ကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ မေရီကတော့ “အလုပ်တွေ​ ဒီ့ထက်အများကြီးလုပ်ပြီး​ ကြိုးစားသွားပါ့မယ်လို့​”လည်း ပရိသတ်တွေကို ပြောထားပါသေးတယ်။

မေရီကတော့ စိုင်းစိုင်း၊ အားတီ၊ X-Box တို့နဲ့အတူ ဂီတဆုပေးပွဲကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ မေရီကို အားပေးကြတဲ့ ပရိသတ်တွေအတွက် ဓါတ်ပုံတွေကို ဖေါ်ပြပေးလိုက်ပါတယ်။

SOurce: Mary

SHARE