ယူနီဗာဆယ်စတူဒီယိုနဲ့ လက်တွဲဦးမယ့် ဟောလီးဝုဒ်က အသက်အငယ်ဆုံး ပရိုဂျူဆာလေး

instagram/littlethemovie

မကြာသေးခင်ကမှ ထွက်ရှိခဲ့တဲ့ “Little” ရုပ်ရှင်ရဲ့နောက်ကွယ်က ထုတ်လုပ်သူဟာ မာဆိုင်းမာတင်အမည်ရတဲ့ (၁၅) နှစ်အရွယ် ကောင်မလေးတစ်ယောက် ဖြစ်ပါတယ်။ (၂၀၀၄) ခုနှစ်မှာ မွေးတဲ့ မာဆိုင်းဟာ စတူဒီယိုရုပ်ရှင်တစ်ကားကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခဲ့တဲ့ ဟောလီးဝုဒ်ရဲ့ အသက်အငယ်ဆုံးသူလေးလဲ ဖြစ်ပါတယ်။ thegedsection အရ သိရတဲ့သတင်းမှာတော့ သူမဟာ အသက် (၁၀) နှစ်ကတည်းက ထုတ်လုပ်သူဖြစ်ချင်ခဲ့တာပါလို့ ဆိုပါတယ်။

မာဆိုင်းဟာ အမေရိကန်ရုပ်ရှင်သရုပ်ဆောင်တစ်ဦးလည်းဖြစ်ကာ သူမဟာ ABC ဟာသဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့  Black-ish မှာလည်း ဒိုင်ယန်ဂျွန်ဆန်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့သူပါ။ မာဆိုင်းက သူမ အခုလို ထုတ်လုပ်သူတစ်ဦးဖြစ်လာရတာဟာ မိသားစုရဲ့ပံ့ပိုးမှုကြောင့်လည်း ပါတယ်လို့ ဆိုပါတယ်။

“သမီးအမေ အကြိုက်ဆုံး ရုပ်ရှင်က Tom Hanks ရဲ့ Big ဆိုတဲ့ ကားလေ။ ဒီတော့ သမီးက စိတ်ကူးရတယ်။ Big လိုမျိုး တစ်ကားဖန်တီးရင်ကောင်းမယ်လို့။ ဒါပေမယ့် Big နဲ့တော့ မတူဘူးပေါ့နော်။ ပိုပြီးလည်း ခေတ်မှီရမယ်၊ ရှုထောင့်လည်း ကွဲရမယ်၊ ပြီးတော့ ဇာတ်ကောင်တွေကိုလည်း လူမည်းတွေချည်းပဲ သုံးမယ် ပေါ့နော်။ အဲ့ဒီလို စဉ်းစားမိပါတယ်။ နောက်တော့ Little ဆိုတဲ့ ရုပ်ရှင် ထွက်လာတာပါပဲ…” လို့ မာဆိုင်းက ပြောပြပါတယ်။ Little ဇာတ်ကားဟာ နည်းပညာဂုရုတစ်ယောက်က တစ်မနက်ခင်းမှာ (၁၃) နှစ်သမီးအရွယ် ကောင်မလေးအဖြစ် ပြန်နိုးလာတဲ့ ဟာသရုပ်ရှင်ဇာတ်ကား တစ်ကား ဖြစ်ပါတယ်။

READ
အချစ်ကြောင့် Zoom App ကို ဖန်တီးဖို့ စိတ်ကူးရခဲ့တဲ့ Eric Yuan ရဲ့ အကြောင်း

https://www.instagram.com/p/B5_o1SEHuGs/?utm_source=ig_web_copy_link

ဒီဇာတ်ကားထဲမှာတော့ မာဆိုင်းဟာ အမေရိကန်ရုပ်ရှင်မင်းသမီးတွေဖြစ်ကြတဲ့ ရီဂျီကာဟောလ်၊ အီဆာရေးတို့နဲ့အတူ ပူးတွဲသရုပ်ဆောင်ထားပါတယ်။ မာဆိုင်းက သူမဟာ ရုပ်ရှင်ရိုက်ကူးရေးဆိုင်ရာနဲ့၊ ဇာတ်လမ်းဇာတ်ညွှန်း၊ ထုတ်လုပ်ရေးပိုင်းတို့မှာ အထူးဝါသနာထုံကြောင်းလည်း ဆိုပါတယ်။ Little ဇာတ်ကားမှာတော့ သူမကိုယ်တိုင် ပရိုဂျူဆာတစ်ဦးအဖြစ် လုပ်ကိုင်ရတဲ့အတွက် ကန့်လန့်ကာနောက်ကွယ်က မသိသေးတဲ့အရာတွေကိုပါ လေ့လာသင်ယူရကြောင်းလည်း ပြောပြပါတယ်။ သူမဟာ Universal Pictures နဲ့ ထုတ်လုပ်ရေးသဘောတူညီချက် စာချုပ်ချုပ်ထားပြီးဖြစ်ပါတယ်။ ယခု Little ဇာတ်ကားထွက်ရှိအပြီးမှာတော့ StepMonster အပြင် အခြားရုပ်ရှင်ကားပေါင်းများစွာကိုလည်း ယူနီဗာဆယ်နဲ့ လက်တွဲထုတ်လုပ်ဖို့ရှိတယ်လို့ သိရပါတယ်။

https://www.instagram.com/p/B3poRNtnaq3/?utm_source=ig_web_copy_link

လင်းလင်း (ShweMom)

SHARE