ဆေးပညာလောကသမိုင်းကို ပြောင်းလဲစေခဲ့တဲ့ Martin Couney

NewYorkPublicLibrary

လမစေ့ပဲမွေးတဲ့ကလေးတွေကို လူလေးတွေမှ ဟုတ်ရဲ့လားဆိုပြီး ထူးခြားတဲ့သတ္တ၀ါလို့ လူတွေက မြင်တတ်ကြပါတယ်။ လမစေ့ပဲ မွေးတဲ့ကလေးတွေဟာလည်း ပုံမှန်မွေးဖွားတဲ့ ကလေးတွေနဲ့မတူ မျောက်ကလေးတွေနဲ့ တူတတ်ကြတယ်လို့ (၁၉၃၃)ခုနှစ်က World’s Fair weekly သတင်းစာမှာပါတဲ့ ဆောင်းပါးတစ်ပုဒ်မှာဖော်ပြထားတာကိုတွေ့ရပါတယ်။

အဲ့ဒီအချိန်တုန်းက ဆေးရုံတွေမှာ လမစေ့ပဲမွေးလာတဲ့ကလေးတွေကို ကုသတဲ့ဆေးဝါးပုံစံမျိုးမရှိတာကြောင့် အဲ့လိုကလေးမျိုးမွေးလာခဲ့ရင် သေဖို့လမ်းကိုသာရွေးပြီးပြစ်ထားတတ်ကြပါတယ်။ ဒါပေမယ့် Martin Couney ဆိုတဲ့လူကတော့ ဒီလိုမျိုး လမစေ့ပဲမွေးတဲ့ကလေးတွေကို အသက်ပြန်ရှင်ပြီး သူတို့လေးတွေရဲ့ဘ၀ ဆက်လက်ရှင်သန်ဖို့ အတွက်ကိုလုပ်ဆောင်ပေးတဲ့လူတစ်ယောက်ပါ။ သူကူညီကယ်ဆယ်ခဲ့တဲ့ ကလေးပေါင်းအယောက်(၆,၅၀၀)လောက် ရှိတယ်လို့ သိရပါတယ်။

ဒါပေမယ့် သူကဆရာဝန်တစ်ယောက်တော့ မဟုတ်ပါဘူး။ သူဟာ ဆေးဝါးနဲ့ပတ်သက်တဲ့အတွေ့အကြုံလည်းမရှိဘူးလို့ သိရပါတယ်။သူကတော့ ပြင်သစ်ဆရာဝန် Pierre-Constant Budin ရဲ့တပည့် တစ်ယောက်ဖြစ်တယ်လို့ပြောပေမယ့် သူ့မှာဆေးဝါးနဲ့ဆိုင်တဲ့ အထောက်အထားတစ်ခုမှမရှိပါဘူး။

NewYorkPublicLibrary

ဒါပေမယ့် Couney ဟာ ဥရောပမှာ လမစေ့တဲ့ကလေး တွေကို အနွေးသေတ္တာလေးထဲမှာထည့်ပြီး ပြပွဲတစ်ခုလိုပြသတဲ့ ပြပွဲဆရာတစ်ယောက်အဖြစ် ကျော်ကြားတဲ့သူတစ်ဦး ပါ။ Couney ဟာ (၁၈၉၆)ခုနှစ်က ဘာလင်ပြပွဲတစ်ခုမှာစတင်ပြီး ဒီအနွေးသေတ္တာထဲထည့်ထားတဲ့ လမစေ့ပဲမွေးတဲ့ ကလေးတွေကိုစတင်ပြသမှုတွေလုပ်ခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ သူဟာ နိုင်ငံတစ်ဝန်းလှည့်လည်ပြသခဲ့ပြီးနောက် (၁၉၀၃)ခုနှစ်မှာ အမေရိကားမှာအခြေချနေထိုင်ခဲ့ပါတယ်။သူဟာ ဒီပြပွဲတွေကို (၁၉၄၀)ခုနှစ်အစောပိုင်းကာလ အထိကို ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။

အခုလိုပြပွဲတွေလုပ်ရတာဟာလည်း ကလေးတွေကိုစောင့်ရှောက်မှုနဲ့ကုသမှုတွေပေးနိုင်ဖို့အတွက်ပါ။ ကလေးတွေကိုလာရောက်ကြည့်ရှုမယ်ဆိုရင် လူတစ်ဦးကို (၂၅)ဆင့်ပေးရမှာဖြစ်ပါတယ်။ အဲ့ဒီကရတဲ့ပိုက်ဆံတွေနဲ့ သူဟာ ကလေးတွေကိုပြန်လည်စောင့်ရှောက်မှုတွေပေးနေတာဖြစ်ပါတယ်။ ဒီလိုပြသတာဟာလည်း ရှင်သန်မှုနဲ့ သေဆုံးမှုကြားကရုန်းကန်နေရတဲ့အခြေအနေတွေကိုပြသနေသလိုပဲဖြစ်တယ်လို့ Couney ကပြောခဲ့ပါတယ်။

NewYorkPublicLibrary

ဒါပေမယ့် လူတွေက Martin Couney ကို ဆရာဝန်တစ်ယောက်လို့တော့မသတ်မှတ်ပါဘူး။ ပြပွဲပြစားသူတစ်ဦးလို့ပဲ သတ်မှတ်ခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက လမစေ့ပဲမွေးလာတဲ့ ကလေးတွေကို မျိုးရိုးဗီဇအားနည်းတဲ့ကလေးတွေအဖြစ် သတ်မှတ်ခဲ့ပြီး သေဆုံးမယ့်အချိန်ကိုသာစောင့်ဆိုင်းနေကြပါတယ်။ဒါကို Martin Couney ကလက်မခံပဲ အဖြေတစ်ခုထွက်လာဖို့အတွက် ရှာဖွေမှုတွေလုပ်ခဲ့ပြီးနောက်မှာတော့ အခုလိုတွေလုပ်ဆောင်ပြီး ကလေးတွေကိုကယ်ဆယ်ခဲ့တာပဲဖြစ်ပါတယ်။

ဆေးပညာလောကကလည်း သူ့ကိုဆရာဝန်တစ်ယောက်အဖြစ်မသတ်မှတ်ပါဘူး။ဘာလို့ဆို သူကတစ်ကယ့်ဆရာဝန် တစ်ယောက်မဟုတ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် လမပြည့်ပဲမွေးတဲ့ကလေးတွေကိုစောင့်ရှောက်မှု တွေလုပ်ပေးဖို့ ဒီနည်းလမ်းကိုအသုံးပြုခဲ့တာဖြစ်တယ်လို့ Couney ကမီဒီယာကိုပြောပြခဲ့ပါတယ်။ Couney ဟာ အရှည်(၅)ပေရှိတဲ့ခြေထောက်တွေပါတဲ့ စတီးတွေဖန်တွေနဲ့ပြုလုပ်ထားတဲ့သေတ္တာထဲကိုအနွေးဓာတ်ပေးကာ လမပြည့်တဲ့ကလေးတွေကိုအဲ့ဒီထဲမှာအိပ်ခိုင်းပြီးစောင့်ရှောက်ကုသမှုတွေလုပ်ပေးခဲ့တာဖြစ်ပါတယ်။ ကလေးတွေကိုကြည့်ရှုစောင့်ရှောက်ဖို့အတွက် သူနာပြုတွေကိုငှားရမ်းထားသလို စည်းကမ်းလိုက်နာမှုမရှိတဲ့သူနာပြု တွေကိုလည်းချက်ချင်းအလုပ်ထုတ်ခဲ့တဲ့လူမျိုးပါ။(ဥပမာ – ဆေးလိပ်နဲ့အရက်သောက်လာတဲ့ သူနာပြုမျိုးကိုပြောတာပါ။)

NewYorkPublicLibrary

သူ့ကြောင့်သာ အမေရိကန်ဆေးပညာသမိုင်းဟာပြောင်းလဲသွားခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ဆေးရုံတွေမှာ လမစေ့ပဲမွေးတဲ့ကလေးတွေအတွက် အရေးပေါ်ထားရှိတဲ့အဆောင်တွေကိုထားထားပြီး ဆေးကုသမှုတွေလုပ်ဆောင် လာခဲ့ကြပါတယ်။ ဒါဟာ Couney ရဲ့ဖြစ်ချင်တဲ့ဆန္ဒတွေအမှန်တစ်ကယ်ဖြစ်လာခဲ့တာပဲဖြစ်ပါတယ်။

Thae Su

READ
ကမ္ဘာ့အမျိုးသားလူဦးရေ (၁၆)သန်းဟာ မွန်ဂိုဘုရင်ဂျင်ဂျစ်ခန် သွေးနှောကြောင်း သိရ

Ref : Wikipedia , Boredpanda

SHARE