Marvel ရုပ်ရှင်တွေဟာ ရုပ်ရှင်ကားတွေ မဟုတ်ဘူးလို့ ပြောလိုက်တဲ့ Martin Scorsese

Imdb.com

မာဘယ်လ်ကုမ္ပဏီက ထုတ်လုပ်တဲ့ MCU ရုပ်ရှင်ကားတွေဟာ ရုပ်ရှင်ကားတွေ မဟုတ်ဘူးလို့ ဒါရိုက်တာကြီး Martin Scorsese က မှတ်ချက်ပေးလိုက်ပါတယ်။ MCU ရုပ်ရှင်ကားတွေကို သူ ကြိုးစားကြည့်ပေမယ့်လည်း Marvel ရုပ်ရှင်တွေဟာ ရုပ်ရှင်ကားစစ်စစ်တွေ အဖြစ် သူ မမြင်မိကြောင်းကို ပြောဆိုခဲ့ပါတယ်။

Twitter/Martin Scorsese

ရုပ်ရှင်လောကမှာ နှစ်ပေါင်း ၅၀ လောက် သက်တမ်းရှိနေပြီဖြစ်တဲ့ ၀ါရင့်ဒါရိုက်တာကြီး Martin Scorseseဟာ အောင်မြင်တဲ့ ရုပ်ရှင်ကားပေါင်းများစွာကို ရိုက်ကူးနိုင်ခဲ့တဲ့ အော်စကာဆုရှင် ဒါရိုက်တာတစ်ဦးလည်း ဖြစ်ပါတယ်။ သူ ရိုက်ခဲ့တဲ့ ရုပ်ရှင်ကားတွေထဲမှာ Taxi Driver၊ Wolf of Wall Street ၊ Goodfellas ၊ The Departed ၊ Gangs of New York အစရှိတဲ့ နာမည်ကြီး ရုပ်ရှင်တွေ ပါဝင်ပါတယ်။ Martin Scorsese ဟာ သူ့ရဲ့ ထူးခြားတဲ့ဇာတ်လမ်း ဇာတ်အိမ်တွေ၊ သူ ဒါရိုက်တာအဖြစ်ရိုက်ကူးမယ့် ဇာတ်ကားအတွက် သရုပ်ဆောင်ရွေးချယ်ပုံတွေ၊ ဇာတ်ညွှန်း၊ နောက်ခံအကြောင်းအရာနဲ့ ကင်မရာအယူအဆအပေါ်မှာ အထူးဂရုပြုသူတစ်ယောက်ဖြစ်ပြီး ကိုယ်ပိုင်ဟန်ရှိတဲ့ ဒါရိုက်တာတစ်ယောက်လည်းဖြစ်ပါတယ်။

 

သူဟာ ဟောလိဝုဒ်ရဲ့ ရုပ်ရှင်သမိုင်းကြောင်း မှာလည်း အကောင်းဆုံးဒါရိုက်တာတွေထဲက တစ်ယောက်အဖြစ်လည်း သတ်မှတ်ခြင်းခံထားရတဲ့ လူတစ်ယောက်လည်းဖြစ်ပါတယ်။ မီဒီယာတွေ၊ ဂျာနယ်လစ်တွေကနေတစ်ဆင့် ထွက်ရှိလာတဲ့ ရုပ်ရှင်ကားတွေ၊ အောင်မြင်နေတဲ့ ရုပ်ရှင်ကားတွေအပေါ် Martin Scorses ဟာ သူ့ရဲ့ သဘောထားမှတ်ချက်တွေကို မကြာခဏထုတ်ဖော်ပြောလေ့လည်း ရှိပါတယ်။ အခုအခါမှာ Empire မဂ္ဂဇင်းနဲ့ တွေ့ဆုံမေးမြန်းခန်းမှာတော့ ယခုလတ်တလော ဟောလိဝုဒ်မှာ အကြီးမားဆုံးဝင်ငွေရနေတဲ့ လုပ်ငန်းစုကြီးတစ်ခုဖြစ်တဲ့ မာဘယ်လ်ကုမ္ပဏီရဲ့ ရုပ်ရှင်ကားတွေအပေါ် သူ့ရဲ့ သဘောထားမှတ်ချက်ကို အခုလို ပြောကြားခဲ့ပါတယ်။

READ
ကမ်းခြေမှာ အပန်းဖြေနေတဲ့ ပုံရိပ်လေးတွေ မျှဝေလိုက်တဲ့ နွယ်နွယ်ထွန်း
Imdb.com

“ အဲဒီ ရုပ်ရှင်တွေကို ကျနော် မကြည့်ခဲ့ပါဘူး။ ကျနော် ကြည့်ဖို့ ကြိုးစားခဲ့ပါသေးတယ်။( MCU ရုပ်ရှင်တွေဟာ) ရုပ်ရှင်ကားတွေ မဟုတ်ဘူးဗျာ ။ သူတို့ ရုပ်ရှင်ရိုက်နေပုံတွေအတိုင်း လိုက်ပြီး ကျနော် တွေးနိုင်သလောက် တွေးပေမယ့်လို့၊ သရုပ်ဆောင်တွေက အကောင်းဆုံး သရုပ်ဆောင်ကြပေမယ့်လို့ ကျနော်တော့ ရုပ်ရှင်ကားတွေအဖြစ် မြင်ကြည့်လို့မရဘူး။ ( MCU ရုပ်ရှင်တွေဟာ) လူတွေ ကြားထဲ ပေါင်းကူးဆက်သွယ်ပေးမယ့် စိတ်ခံစားမှုအချင်းအရာတွေ၊ စိတ်ပညာဆိုင်ရာအတွေ့အကြုံတွေပေးစွမ်းနိုင်တဲ့ ရုပ်ရှင်တွေ မဟုတ်ဘူး”လို့ ပြောကြားခဲ့ပါတယ်။

အခုအချိန်မှာ ၇၆ နှစ်ရှိပြီဖြစ်တဲ့ Martin Scorsese ဟာ သူ ဒါရိုက်တာအဖြစ်ရိုက်ကူးတဲ့ ရုပ်ရှင်ကားအသစ်ဖြစ်တဲ့ The Irishman ဟာ သိပ်မကြာခင်အတွင်းမှာ ထွက်ရှိလာတော့မှာဖြစ်ပါတယ်။ အဆိုပါ ရုပ်ရှင်ဇာတ်ကားမှာ Scorsese ရဲ့ အချိန်အတော်ကြာကြာ လက်တွဲခဲ့တဲ့ Joe Pesci ၊ Robert De Niro နဲ့ Al Pacino တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။

READ
မင်းသွေးအတွက် ဝေဠုကျော် ရဲ့ အမိန့်ပြန်စာ

Ye Yint Kyaw

SHARE