လိင်ပြောင်းစူပါဟီးရိုးကို မြင်တွေ့ရတော့မယ်လို့ ပြောခဲ့တဲ့ Marvel Studios ရဲ့ ဥက္ကဌ

Twitter/KevinFeige

သိပ်မကြာခင်အချိန်မှာ လိင်ပြောင်းထားတဲ့ အမျိုးသား ဒါမှမဟုတ် အမျိုးသမီးကို Marvel စူပါဟီးရိုးနေရာမှာ ရိုက်ကူးတော့မယ်လို့ Marvel Studios ရဲ့ ဥက္ကဌ Kevin Feige က ဒီဇင်ဘာလ(၂၈)ရက်နေ့က တရားဝင်ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Marvel Studioရဲ့ ဥက္ကဌ ဖြစ်တဲ့ Kevin Feigeဟာ ပြီးခဲ့တဲ့ရက်ပိုင်းက New York Film Academyနဲ့ ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ထုတ်ဖော်ပြောကြားခဲ့တာ ဖြစ်ပါတယ်။အဲဒီအင်တာဗျူးမှာ ကျောင်းသားတစ်ဦးက အမှတ်မထင်ပဲ Marvel Cinematic Universeမှ LGBTတွေ၊အထူးသဖြင့်လိင်ပြောင်းထားတဲ့သူတွေကို စူပါဟီးရိုးအဖြစ် ဇာတ်ကားရိုက်ဖို့ရှိမရှိထမေးခဲ့တဲ့အချိန်မှာ Kevinက “သိပ်ရှိတာပေါ့ဗျာ။မကြာခင် ပိတ်ကားထက်မှာ တွေ့ရတော့မှာပါ။ကျွန်တော်တို့အခုကတည်းက စတင်ပြင်ဆင်နေပါပြီ”လို့ ဖြေကြားခဲ့ပါတယ်။ ဒါပေမယ့် Kevin က ဘယ်ဇာတ်ကားမှာ ပါဝင်သွားမယ်ဆိုတာကိုတော့ ဖွင့်ပြောခြင်း မရှိခဲ့ပါဘူး။

READ
ဇွန်ဘီကပ်ဘေးကို ယုံတဲ့ စိတ္တဇသမားရဲ့ (၉)လကြာ ပြန်ပေးဆွဲခြင်းခံရတဲ့ ကောင်မလေး
marvel studio

Marvelရဲ့ စူပါဟီးရိုးတစ်ဦးဖြစ်တဲ့ Mark Ruffalo(Hulk)ကလည်း သူ့ရဲ့တွစ်တာအကောင့်မှာ “Go Marvel!!”ဆိုပြီး ပို့စ်တစ်ခုတင်ခဲ့ပါသေးတယ်။

[email protected]

ထိုအင်တာဗျူးမှာပဲ အခြားတစ်ယောက်က “ဘာလို့Marvelကဟီးရိုးတွေအမြောက်အမြားတောက်လျှောက်ထွက်နေပြီး အဲဒီအပေါ် Kevinအနေနဲ့ ဘယ်လိုသုံးသပ်မိပါသလဲ”ဆိုပြီး မေးခွန်းထုတ်ခဲ့ပါတယ်။Kevinကလည်း “Marvelကထွက်ရှိတဲ့ စူပါးဟီးရိုးဇာတ်ကားတိုင်းက အောင်မြင်တာကိုးဗျ။ကျွန်တော်တို့က comicsစာအုပ်ထဲက ဟီးရိုးတွေရဲ့ အရသာကို မူမပျက်ဘဲ ခံစားစေချင်လို့ ဒီလို စူပါဟီးရိုးဇာတ်ကားတွေပဲ တောက်လျှောက် ထုတ်လုပ်ရိုက်ကူးနေတာပါ”လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

“အခုလာမယ့်၂၀၂၀မှာ လည်းစူပါဟီးရိုးဇာတ်ကား၃ကားထွက်ဖို့ရှိပါတယ်။အဲဒီထဲက၂ကားဟာ အမျိုးသမီးစူပါဟီးရိုးတွေပါ။ ပြီးတော့ အဲဒီဇာတ်ကား(၂)ကားလုံးကိုလည်း အမျိုးသမီးဒါရိုက်တာတွေ ရိုက်ထားတာပါ”လို့ Kevinက ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE