MCU ရဲ့ Phase 4 မှာ ဘယ်လိုဇာတ်လမ်းတွေပါမလဲ ပရိသတ်တွေကို အသိပေးခဲ့တဲ့ Marvel

Kevin Winter _Twitter

Marvel Cinematic Universe (MCU) ကတော့ စူပါဟီးရိုးရုပ်ရှင်လောကမှာ အအောင်မြင်ဆုံးနဲ့ အကြီးကျယ်ဆုံး universe လို့ဆိုရင် မမှားပါဘူး။ (၁၀)ကျော်တည်ဆောက်လာခဲ့တဲ့ MCU ရဲ့ Phase 1,2,3 တို့ကို Avengers: End Game နဲ့ လှလှပပ အဆုံးသတ်ခဲ့ပြီးနောက်မှာ နောက်ထပ်လာမဲ့ Phase 4 မှာလည်း ဘယ်ဟီးရိုးဇာတ်ကောင်တွေ ကို ဆက်ပြီး ဖော်ထုတ်ပြသသွားဦးမလဲဆိုတာ စောင့်ကြည့်ချင်စရာပါပဲ။

အမေရိကန်နိုင်ငံ၊ ဆန်ဒီယေဂိုမြို့မှာ ပြုလုပ်နေတဲ့ San Diego Comic-Con 2019 ပွဲတော်ကြီးမှာ MCU က သူတို့ရဲ့ Phase 4 နဲ့ ပတ်သက်ပြီး မနေ့ကပဲ ကြေညာချက်တွေ ပြုလုပ်သွားခဲ့ပြီဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အချစ်တော် Tony Stark (Ironman) နဲ့ Steve Rogers (Captain America) တို့ မရှိတော့တဲ့ MCU ရဲ့ Phase 4 အတွက် ဘာတွေစီစဉ် ထားလဲဆိုတာကိုတော့ ကြည့်လိုက်ရအောင်လားဗျာ…

1.The Eternals
Marvel Studios

စကြာဝဌာရဲ့ စွမ်းအားကြီးမားတဲ့ Beings တွေဖြစ်တဲ့ Eternals တွေအကြောင်းကို MCU မှာ မိတ်ဆက်ပေးတော့မှာပါ

အင်ဂျီလီနာဂျိုလီ၊ ဆယ်လ်မာဟေးယက်စ်၊ ရစ်ချတ်မာခ်ဒမ် စတဲ့ နာမည်ကျော်တွေနဲ့အတူ ကိုရီးယားသရုပ်ဆောင် မာဒွန်ဆွတ် လည်းပါဝင်ထားတဲ့ ဒီကားကို တရုတ်အမျိုးသမီး ဒါရိုက်တာ Chloe Zhao ကရိုက်ကူးမှာဖြစ်ပြီး ၂၀၂၀၊ နိုဝင်ဘာ (၆)ရက်မှာ ရုံတင်ပြသမှာပါ။

2.Shang-Chi and The Legend of The Ten Rings
Marvel Studios

MCU ရဲ့ ပထမဆုံး တရုတ်စူပါဟီးရိုးဖြစ်တဲ့ Shang-Chi ကိုလည်း တွေ့ရတော့မှာပါ။ Shang-Chi အဖြစ် တရုတ်-ကနေဒါ ကပြား Simu Liu က သရုပ်ဆောင်သွားမှာဖြစ်ပြီး ဒါရိုက်တာကတော့ Destin Daniel Cretton ပါ။ ဒီကားမှာ Shang-Chi ရဲ့ အဓိကရန်သူ Mandarin အဖြစ် ဝါရင့်တရုတ်မင်းသားကြီး Tony Leung (Red Cliff, Lust Caution) တို့က သရုပ်ဆောင်သွားမှာဖြစ်ပြီး ၂၀၂၁ ဖေဖော်ဝါရီ (၂၁)ရက်မှာ ရုံတင်မှာဖြစ်ပါတယ်။

3.Doctor Strange in the Multiverse of Madness
Marvel Studios

မှော်ဆရာကြီး Doctor Strange ရဲ့ ဒုတိယမြောက် ဇာတ်ကားဖြစ်ပြီး ပထမကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Scott Derrickson ကပဲ ဆက်လက်ရိုက်ကူးသွားမှာပါ။ ဒီကားမှာ မင်းသမီး Elizabeth Olsen ရဲ့ Scarlet Witch ဇာတ် ကောင်လည်း ပါဝင်မယ်လို့ သိရပြီး ၂၀၂၁ မေလ (၇)ရက်နေ့မှာ ရုံတင်ပြသမှာပါ။ ထူးထူးခြားခြား အနေနဲ့ကတော့ MCU ရဲ့ ပထမဆုံး ထိတ်လန့်သည်းဖိုအမျိုးအစား(Horror) ရုပ်ရှင်ဇာတ်ကား ရိုက်ကူးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

4.THOR: Love and Thunder
Natali Portman Instagram

ဇာတ်ကောင် ၁ ခုအတွက် Standalone movie ၃ ကားပဲရိုက်လေ့ရှိတဲ့ MCU အတွက် ထူးထူးခြားခြား Thor ရဲ့ ၄ ကားမြောက်ကားပါ။ Thor:Ragnarok ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Taika Waititi ကပဲ ဆက်လက်ရိုက်ကူးမှာဖြစ်ပြီး Chris Hemsworth နဲ့ Tessa Thompson (Valkyrie) တို့အပြင် Natalie Portman (James Foster) လည်း ပြန် လည်ပါဝင်လာမယ်လို့သိရပါတယ်။ Natalie Portman ကိုတော့ Mighty Thor: Goddess of Thunder အဖြစ် တွေ့ မြင်ရဖို့ရှိတယ်လို့လည်း သိရပြီး ကောလာဟလတွေအရတော့ Chris က ဒီဇာတ်ကားမှာ Thor အဖြစ်က အနားယူမှာ ဖြစ်သလို၊ Valkyrie ကလည်း MCU ရဲ့ ပထမဆုံး LGBTQ ဇာတ်ကောင်ဖြစ်လာမယ်လို့ သိရပါတယ်။ ဒီကားကိုတော့ ၂၀၂၁ နိုဝင်ဘာ (၅)ရက်နေ့မှာ ရုံတင်မှာပါ။

5.Black Widow
Marvel Studios

Phase 4 မှာ အစောဆုံးကြည့်ရမဲ့ ရုပ်ရှင်ဖြစ်ပြီး လာမယ့် ၂၀၂၀ မေလ (၁)ရက်နေ့မှာ ရုံတင်မှာပါ။ အမျိုးသမီ ဒါရိုက် တာ Cate Shortland ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာ Scarlett Johnsson နဲ့အတူ မင်းသမီးချော Rachel Weisz လည်း ပါဝင်မယ်လို့သိရပါတယ်။

6. Blade
Marvel Studios-6_Mahasharla Ali Twitter

ဒီ ရုပ်ရှင်ကိုတော့ MCU ထဲ ပါ၊ မပါကို အတိအကျမသိရသေးပါဘူး။ Blade ဇာတ်ကောင်အတွက်ကိုတော့ အော်စကာ (၂)ဆုပိုင်ရှင်၊ (Green Book ရုပ်ရှင်နဲ့ ပူပူနွေးနွေး အော်စကာရထားတဲ့) မင်းသား Mahershala Ali က သရုပ်ဆောင် မယ်လို့သိရပြီး ရုံတင်မဲ့ရက်ကိုလည်း ဖော်ပြထားခြင်း မရှိပါဘူး။

Phase 4 မှာ ရုပ်ရှင်အနေနဲ့ အပေါ်မှာဖော်ပြထားတဲ့ ဇာတ်ကားတွေပါဝင်မှာဖြစ်ပြီး အောက်မှာဆက်လက်ဖော်ပြမဲ့ Series တွေလည်း ပါဝင်မယ်လို့ သိရပါတယ်။ ဒီ စီးရီးတွေကိုတော့ Disney + ရုပ်သံလိုင်းကနေ ပြသသွားမှာပါ။

7.The Falcon and The Winter Soldier
Sebastian Stan Twitter

End Game အပြီးမှာ Captain America နေရာကို ဆက်ခံခဲ့တဲ့ Sam (Falcon) နဲ့ Cap ရဲ့ အချစ်ဆုံးသူငယ်ချင်း Bucky (Winter Soldier) တို့ရဲ့ စွန့်စားခန်းတွေကို ကြည့်ရှုရမှာပါ။ Anthony Mackie နဲ့ Sebastian Stan တို့ပဲ ဆက်လက်သရုပ်ဆောင်မှာဖြစ်သလို၊ Captain America: Civil War တုန်းက ဗီလိန်ဖြစ်တဲ့ Baron Zemo ပြန်လည် ပါဝင်လာမှာဖြစ်ပြီး မင်းသား Daniel Bruhl ကပဲ ဆက်လက်သရုပ်ဆောင်မှာပါ။ ၂၀၂၀ မှာ ထွက်ရှိမှာဖြစ်ပါတယ်။

8.WandaVision
San Diego Comic Con_YouTube

Vision နဲ့ Scarlet Witch တို့ရဲ့ စီးရီးဖြစ်ပြီး Paul Battany နဲ့ Elizabeth Olsen တို့ပဲ ဆက်လက်သရုပ်ဆောင်မှာပါ။ ဒါ့အပြင် သရုပ်ဆောင် Teyonah Parris က အရွယ်ရောက်လာပြီဖြစ်တဲ့ Monica Rambeau (Captian Marvel ရဲ့ အချစ်ဆုံးသူငယ်ချင်း Maria Rambeau ရဲ့ သမီး) အဖြစ် သရုပ်ဆောင်မယ်လို့ သိရပါတယ်။ ၂၀၂၁ ခုနှစ်မှာ ထွက်ရှိ မှာပါ။

9.Loki
Marvel Studios

God of Mischief ကြီး Loki ကတော့ ပြန်လာပါပြီ။ Tom Hiddlestone ပဲ ဆက်လက်သရုပ်ဆောင်ဦးမဲ့ ဒီစီးရီးမှာ End Game တုန်းက Tessarract နဲ့ပျောက်သွားတဲ့ Loki ဘယ်ကိုသွားခဲ့သလိုဆိုတာကို ဖော်ပြသွားမှာဖြစ်တယ်လို့ ဆိုပါ တယ်။ ၂၀၂၁ မှာ ထွက်ရှိမှာပါ။

10.Hawkeye
Marvel Studios

Jeremy Renner ပဲဆက်လက်သရုပ်ဆောင်မဲ့ Hawkeye စီးရီးမှာ Marvel Comic ထဲက အမျိုးသမီး Hawkeye ဖြစ် တဲ့ Kate Bishop ဇာတ်ကောင်လည်း ပါဝင်မယ်လို့ သိရပါတယ်။ Lady Hawkeye အဖြစ် ဘယ်သူသရုပ်ဆောင်မလဲ ဆိုတာကိုတော့ ထုတ်ဖော်ပြသခြင်းမရှိသေးပါဘူး။ ၂၀၂၁ မှာပဲ ထွက်ရှိမှာပါ။

11.What If…?
Marvel Studios

ဒီ What If…? ကတော့ MCU ရဲ့ ပထမဆုံး Animation series ဖြစ်ပြီး MCU ရဲ့ သရုပ်ဆောင်တွေအားလုံးက သူတို့ ရဲ့ Character တွေနေရာမှာ အသံသရုပ်ဆောင်သွားမှာဖြစ်တယ်လို့ MCU ရဲ့ ပဲ့ကိုင်ရှင် Kevin Feige က အတည်ပြု ထားပါတယ်။ စီးရီးကို Marvel Universe ရဲ့ မတူညီတဲ့ realities တွေမှာ အခြေတည်မှာဖြစ်တယ်လို့ သိရပြီး The Watcher ဇာတ်ကောင်လည်း ပါဝင်မှာဖြစ်ကာ မင်းသားကြီး Jeffrey Wright က အသံသရုပ်ဆောင်မှာပါ။ ၂၀၂၁ ခုနှစ်ထဲမှာပဲ ထွက်ရှိမှာပါ။

ကဲ… ပရိသတ်တွေကကော MCU ရဲ့ Phase 4 မှာ ဘယ်ရုပ်ရှင်၊ ဘယ်စီးရီးကို ရင်အခုန်ဆုံးဖြစ်မလဲ…

KYM

SHARE