စင်္ကာပူပရိသတ်တွေနဲ့ ပျော်ပျော်ရွှင်ရွှင် ဆဲလ်ဖီပုံတွေရိုက်နေတဲ့ Chris Hemsworth

youtube/Chris Hemsworth India

မာဗယ်စ်စတားတစ်ယောက်ဖြစ်တဲ့ Chris Hemsworth ဟာ ယခုအပတ် စနေ၊တနင်္ဂနွေမှာ ကျင်းပပြုလုပ်မယ့် Formula One ပြိုင်ကားပြိုင်ပွဲအတွက် စင်္ကာပူကို ရောက်ရှိနေတာ ဖြစ်ပါတယ်။ အောက်ဘက်မှာ တွေ့ရမယ့် ဗီဒီယိုကိုတော့ Chris ရဲ့ ကာယဗလလေ့ကျင့်ရေးဆရာ လုခ်ဇော့ခ်ချီနဲ့ Chris လက်ထောက် အာရွန်ဂရစ်စ်တို့က ရုပ်ပြောင်လုပ်ပြီး ရိုက်ကူးထားတာပါ။

သြစတေးလျလူမျိုးရုပ်ရှင်သရုပ်ဆောင်ဖြစ်တဲ့ Chris ဟာ Marina Bay Sands မှာရှိတဲ့ infinity pool ကို အသွား လမ်းမှာ ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေက ဆဲလ်ဖီရိုက်ဖို့တောင်းဆိုတိုင်း Chris ဟာ စိတ်ရှည်လက်ရှည်နဲ့ ဓာတ်ပုံတွေ အတူရိုက်ပေးနေခဲ့တာပါ။ ဗီဒီယိုထဲမှာတော့ ပရိသတ်တွေ တစ်ယောက်ပြီးတစ်ယောက် ဆဲလ်ဖီလာရိုက်နေတာကို ခပ်ပြုံးပြုံးနဲ့ သဘောကောင်းစွာရှိနေတဲ့ Chris ကို တွေ့ရမှာပဲ ဖြစ်ပါတယ်။

Chris ဟာ စက်တင်ဘာ(၁၈) ရက်နေ့တုန်းကလည်း Gardens By the Bay မှာပြုလုပ်ခဲ့တဲ့ Tag Heuer အခမ်းအနားပွဲတစ်ခုကို တက်ရောက်ခဲ့ပါသေးတယ်။ ထိုပွဲမှာတော့ ဒေသခံဆယ်လီတွေဖြစ်တဲ့ ရေကူးချန်ပီယံ Joseph Schooling နဲ့ The Sam Willows တေးဂီတအဖွဲ့တို့နဲ့လည်း တွေ့ဆုံခဲ့ပါသေးတယ်။ စင်္ကာပူနိုင်ငံက ပရိသတ်တွေကတော့ Avengers စတားတစ်ယောက် သူတို့ဆီကို အလည်လာတဲ့အတွက် ဆိုရှယ်မီဒီယာတွေပေါ်မှာ ပွက်လောရိုက်အောင် ပျော်နေကြကြောင်း asiaone သတင်းအရ သိရပါတယ်။

READ
မီဒီယာသမားတစ်ယောက်ရဲ့ ဆိုးဝါးတဲ့မေးခွန်းကြောင့် မဖြေရဲလို့ ထွက်ပြေးခဲ့ရတဲ့ ပိုင်ဖြိုးသု

 

လင်းလင်း (ShweMom)

SHARE