Captain Marvel 2 အတွက် မျက်နှာသစ် အမျိုးသမီးဒါရိုက်တာကို ရွေးချယ်ခဲ့တဲ့ Marvel

Twitter_NiaDaCosta_Imdb_CaptainMarvel

အခုအချိန်မှာဆိုရင် Avengers: Endgame ပြီးနောက် လုံးဝကို ငြိမ်ကျသွားတဲ့ MCU ရုပ်ရှင်တွေက တစ်ကားပြီး တစ်ကားပြန်လည် ထွက်ရှိလာတော့မှာပါ။ လာမယ့် ရုပ်ရှင်ကားတွေထဲမှာ Captain Marvel က အရေးပါတဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်လာလိမ့်မယ်လို့လည်း ခန့်မှန်းနေကြပါတယ်။

 

(၂၀၂၀)ခုနှစ် ဇန်န၀ါရီလလောက်တည်းက Captain Marvel ကိုရိုက်ကူးခဲ့တဲ့ ဒါရိုက်တာတွေဖြစ်တဲ့ Ryan Fleck နဲ့ Anna Boden နှစ်ယောက်စလုံးက နောက်ဆက်တွဲ ရုပ်ရှင်ကို မရိုက်တော့ဘူးလို့ ကြေညာခဲ့ပါတယ်။ လက်ရှိမှာတော့ သူတို့အစား Nia DaCosta ဆိုတဲ့ မျက်နှာသစ် အမျိုးသမီးဒါရိုက်တာတစ်ယောက်ကို Captain Marvel-2 ရိုက်ကူးဖို့ Marvel Studios က ရွေးချယ်လိုက်ပြီလို့ သိရပါတယ်။

 

 

View this post on Instagram

 

I miss being extra at parties. : @mariewin

A post shared by Nia (@niafromthecoast) on

Captain Marvel ရုပ်ရှင်ကားဟာ အမျိုးသမီးစူပါဟီးရိုး ရုပ်ရှင်ကားထဲမှာ MCU ပထမဆုံးရိုက်ကူးနိုင်ခဲ့တဲ့ Solo ရုပ်ရှင်ကားတစ်ကားဖြစ်ပြီး ၂၀၁၉ ခုနှစ်ရဲ့ ရုံဝင်ငွေအကောင်းဆုံး ရုပ်ရှင်တစ်ကားလည်းဖြစ်ခဲ့ပါတယ်။ ရုပ်ရှင်ထွက်ထွက်ပြီးပြီးချင်း သိပ်မကြာခင်မှာ Marvel Studios က Captain Marvel 2 ကိုပါ ထွက်ရှိလာလိမ့်မယ်လို့ အတည်ပြုသတင်းထုတ်ပြန်ခဲ့ပါတယ်။

READ
ရေတွေကြီးနေတဲ့ ပဲခူးမြို့အတွက် တစ်တပ်တစ်အား ပါဝင်ကူညီခဲ့တဲ့ ထွန်းကိုကို

 

Captain Marvel 2 မှာ ပါဝင်မယ့် သရုပ်ဆောင်တွေ – ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ထွက်ရှိလာမယ့် ရက်အတိအကျကို မသိရသေးပေမယ့်  ဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး ကောလဟာလ သတင်းတွေ ကြိုထွက်လာခဲ့ပါတယ်။ Captain Marvel 2 ရုပ်ရှင်အတွက် ဇာတ်ညွှန်းရေးပေးမယ့်သူက ပထမကားမှာ ရေးပေးခဲ့သူ မဟုတ်တော့ဘဲ  Wanda Vision စီးရီးကို ဇာတ်ညွှန်းရေးသားပေးတဲ့ Megan McDonnell ဆိုသူပဲဖြစ်ပါတယ်။ Marvel Studios က ရွေးချယ်ခဲ့တဲ့ ဒါရိုက်တာ Nia DaCosta အပေါ်မှာလည်း အရင်ရုပ်ရှင်ကားရဲ့ ဒါရိုက်တာနှစ်ယောက်စလုံးက ကြည်ကြည်ဖြူဖြူ ရှိကြပြီး သူမအနေနဲ့ လိုက်ဖက်မှုရှိတယ်ဆိုပြီး ထောက်ခံအားပေးခဲ့ကြပါတယ်။

Nia DaCosta ဟာ (၂၀၁၈)ခုနှစ်မှာ သူမကိုယ်တိုင် ဇာတ်ညွှန်းရေးပြီး ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့တဲ့ Little Woods ရုပ်ရှင်နဲ့ နာမည်ရလာခဲ့သူတစ်ယောက်ပါ။ သူမရဲ့ ဒုတိယမြောက် ရုပ်ရှင်ကတော့ (၂၀၂၀)ခုနှစ် စက်တင်ဘာလ(၂၃)ရက်နေ့မှာ ရုံတင်မယ်လို့ ကြေညာထားတဲ့ Canday Man ရုပ်ရှင်ပဲဖြစ်ပါတယ်။ အသက်(၃၀)သာရှိသေးတဲ့ အမျိုးသမီး ဒါရိုက်တာ Nia DaCosta ဟာ လက်ရှိအချိန်အထိ ဒါရိုက်တာအဖြစ် ရုပ်ရှင်(၂)ကားသာ ရိုက်ကူးခဲ့ဖူးသူပါ။Nia DaCosta ကတော့ Captain Marvel 2 ကို ရိုက်ဖို့ အတည်ပြုကြေညာချက် ထွက်လာချိန်မှာတော့ ဒါရိုက်တာ Fleck ရဲ့ အသိအမှတ်ပြုမှုအတွက် သူမ အရမ်းကိုကို ဂုဏ်ယူမိတယ်လို့ ရေးသားခဲ့ပါတယ်။

 

View this post on Instagram

 

Your pull when you haven’t visited your comic book shop in a couple months.

A post shared by Nia (@niafromthecoast) on

MCU ရုပ်ရှင်ကားတွေမှာမူလ ပထမရုပ်ရှင်ကားရိုက်ခဲ့တဲ့ ဒါရိုက်တာတွေက နောက်ဆက်တွဲ ရုပ်ရှင်တွေကို ဆက်လက်တာဝန်မယူတော့တာဟာ ဒါ ပထမဆုံးတော့ မဟုတ်ပါဘူး။  Fleck နဲ့  Boden တို့ နှုတ်ထွက်မသွားခင် ရှေ့မှာ Doctor Strange ရဲ့ အဆက်ရုပ်ရှင်ဖြစ်တဲ့ Doctor Strange in the Multiverse of Madness အတွက် မူလဒါရို က်တာ Scott Derrickson လည်း နှုတ်ထွက်သွားခဲ့ဖူး ပါသေးတယ်။ ဒီရုပ်ရှင်ကိုတော့ (၂၀၀၀)ပြည့်နှစ်တွေတုန်းက ထွက်ရှိခဲ့တဲ့ Spider-Man trilogy တွေရိုက်ခဲ့ဖူးတဲ့ ဒါရိုက်တာ Sam Raimi ကပဲ တာဝန်ယူ ရိုက်ကူးသွားမှာပါ။ Captain Marvel 2 နဲ့ Doctor Strange in the Multiverse of Madness ရော လာမယ့် (၂၀၂၂)ခုနှစ်မှာ ရုံတင်ပြသွားဖို့ Marvel Studios က စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

Ye Yint Kyaw

SHARE