Marvel Super War စမ်းသမ်းဗာရှင်း လတ်တလော အာရှနဲ့ အိန္ဒိယမှာ လည်ပတ်နေ….

NetEase နဲ့ Marvel Entertainment က ပူပေါင်းပြီး Android နဲ့ iOS ဖုန်းတွေအတွက် MOBA (Multiplayer online battle arena) ဂိမ်း Marvel Super War ကို ထုတ်လုပ်တော့မှာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ Marvel ယူနီဗားစ်က ပရိသတ်တွေ အကြိုက် ဟီးရိုးတွေ ဗီလိန်တွေကို သက်ဆိုင်ရာ ပါဝါတွေထည့်သွင်းပေးထားပြီး ပေါင်းစပ်အသုံးပြုလို့ရအောင်လည်း ဖန်တီးထားတယ်လို့ သိရတယ်။

NetEase ကုမ္ပဏီက နာမည်ကြီး အင်တာနေရှင်နယ် အွန်လိုင်းဂိမ်းတော်တော်များများကို တရုတ်နိုင်ငံမှာ ထုတ်လုပ်လည်ပတ်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

Marvel

အခု Super War ကလည်း Mobile Legend တို့၊ Hero Evolve တို့လိုမျိုး 5vs5 ဂိမ်းအမျိုးအစားဖြစ်တယ်။ ထိုင်း၊ မလေးရှား၊ အင်ဒိုနီရှား၊ ဖိလစ်ပိုင်နဲ့ အိန္ဒိယနိုင်ငံတို့မှာ မေလ ၂၈ ရက်နေ့ကတည်းကစပြီး ဇွန်လ ၁၀ ရက်နေ့အထိ စတင် စမ်းသပ် လည်ပတ်နေပါတယ်။

READ
လိုက်ဖ်တွေ လွှင့်ရင်း ပရိသတ် (၁) သိန်းခွဲအထိရရှိလာတဲ့ ဂိမ်းမာ ဘိုးဘိုး

Avengers, X-Men, Gurdians of the Galaxy နဲ့ Spider-Man အထိပါဝင်ပြီး ၄င်းတို့ တတ်နိုင်စွမ်းတွေကို အသုံးပြုပြီး အစုအဖွဲ့နဲ့ တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်။ Deadpool ဆို အနီးကပ်ရော၊ အဝေးပစ်ရော ပြောင်းနိုင်တယ်လို့ သိရပြီး battle မှာ အဆုံးသတ်တွေ လိုက်သိမ်းမယ့် ဟီးရိုးလိုနေရာမှာ Black Panther ကို မြင်တွေ့ရမှာဖြစ်တယ်။

နောက်အတွဲတွေဖြစ်တဲ့ Vision နဲ့ Scarlet Witch၊ အင်အားကြီးပြီး ကြွယ်ဝတဲ့ Iron Man နဲ့ Black Panther၊ အကုန်လုံးကို စုပေါင်းရွေးချယ်နိုင်တယ်။

Free-to-play ဂိမ်းဖြစ်ပြီး ထွက်လာတဲ့အခါ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ ဖြန့်ချီမှာဖြစ်ပါတယ်။ စမ်းသပ်တဲ့ ဘီတာ ဗားရှင်းပြီးသွားရင် ဆာဗာနဲ့ အကောင့်တွေကို ဖျက်ပစ်မှာဖြစ်ကြောင်းသိရတယ်။ တကယ့် ဂိမ်းကိုတော့ ဘယ်တော့မှ စတင် ဖြန့်ချီမလဲ အတိအကျတော့ မသိရသေးပါဘူး။ လက်ရှိမှာ ဆော့ကစားချင်တဲ့ သူတွေအတွက်လည်း app ဒေါင်းလုတ်လင့်ခ် ကိုဖော်ပြပေးလိုက်ပါတယ်။

READ
ဂိမ်းလောကအကြောင်း တင်ဆက်တာတွေထဲက အကောင်းဆုံး မှတ်တမ်းပြုစုမှုများ

Official Website: www.MARVELSuperWar.com
Official Facebook: https://www.facebook.com/MARVELSuperWar/
Official Instagram: https://www.instagram.com/MARVELSuperWar/

Ref: Android Police

Matthew (ShweMOM)

 

SHARE