ကစ်ရဲ့ Fan Meeting ပွဲမှာ ပါဝင်ပေးခဲ့တဲ့ Mary

Image:IG/Mary

အဆိုတော် မလေး Mary ကတော့ ထူးခြားတဲ့ အသံပိုင်ရှင်လေးပါ။ သီချင်းတွေကို ကိုယ်တိုင်ရေးဖွဲ့ သီဆိုနေတဲ့ အပြင် သီချင်းဆိုတဲ့အခါ မှာ ခံစားသက်ဝင်မှု ကောင်းကောင်းနဲ့ ပရိသတ် ရင်ထဲထိ ရောက်အောင် သီဆို ပြနိုင်သူလေးပါ။အဆိုကောင်းရုံတင်မကပဲ ချစ်စရာကောင်းတဲ့ အလှကိုပါ ပိုင်ဆိုင်ထားတဲ့ သူမဟာ ပုရိသတွေ ကြားမှာတော့ တော်တော် လေးကို ရေပန်းစားသူပါ။

Image:IG/ Mary
Image:IG/Mary

“၀ဲ” သီချင်းနဲ့ ပရိသတ်တွေ သတိထားမိခဲ့တဲ့ အဆိုတော် မလေး Mary ကတော့ အခုဆိုရင် အားပေးတဲ့ ပရိသတ် အခိုင်အမာ ရရှိတဲ့ အနုပညာ ရှင်တစ်ယောက်ဖြစ်လာခဲ့ပါပြီ။Mary ကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က ကျင်းပပြုလုပ် ခဲ့တဲ့ ၀တ်မှုံရွှေရည်ရဲ့ Fan Meeting ပွဲကို တက်ရောက်ခဲ့ပါတယ်။ပရိသတ်က ချစ်စနိုးနဲ့ ကစ်လို့ ခေါ်တဲ့ ၀တ်မှုံရွှေရည်ရဲ့ Fan Meeting ပွဲတက်ပုံရိပ်လေးတွေကို သူမရဲ့ Fb မှာ ရှယ်ထားပါတယ်။

READ
Kylie Jenner နဲ့ ပတ်သက်ပြီး သင်မသိလောက်သေးတဲ့ အချက် (၁၁) ချက်
Image:IG/Mary
Image:IG/Mary

Mary ကတော့ ဂျပန်နဲ့ မြန်မာကို သွားလိုက်ပြန်လိုက်လုပ်ရင်းနဲ့ အနုပညာအလုပ်တွေကို လုပ်နေသူပါ။ဝဲ နဲ့ နာမည်ကြီး လာတဲ့ သူမရဲ့  သီချင်းသစ် “3am”  ထွက်လာတော့လည်း ပရိသတ်တွေ က အရမ်းအားပေးခဲ့ကြပါတယ်။မကြာ သေးမီတုန်းကလည်း အိမ်ထောင်ကွဲခဲ့တဲ့ နာမည်ကြီးအဆိုတော် တစ်ယောက်နဲ့ Mary ရဲ့ လုံးဝ အခြေအမြစ်မရှိတဲ့  ကောလာဟလ သတင်းတွေ ထွက်လာခဲ့ ပါသေးတယ်။

Image:IG/Mary

Mary ရဲ့ ပရိသတ်တွေ ကတော့ သူမရဲ့ ဘက်ကနေ ရဲရဲ ကြီး ရပ်တည်ပေးခဲ့ကြတာကိုလည်း တွေ့ရပါတယ်။နိုဝင်ဘာ(၂၇)ရက်နေ့က တင်ထားတဲ့ သူမရဲ့ My Day  အရ Mary တစ်ယောက် လက်တလောမှာ ကလော မြို့ကို ရောက်နေပါတယ်။

 

View this post on Instagram

 

🍃

A post shared by Mary (@_mary_soe) on

Source:fb/Mary

SHARE