ထူးထူးဆန်းဆန်း မျိုးပွားအင်္ဂါကနေ အသက်ရှုတဲ့ ရှားပါးလိပ်မျိုးနွယ်

သတ္တဝါတွေ တော်တော်များများဟာ အဆုပ်ကို အသုံးပြုပြီး အသက်ရှုလမ်းကြောင်းကနေ အောက်ဆီဂျင်ကို ရှုသွင်းကြလေ့ရှိပါတယ်။ ဒါပေမယ့် ရှားပါးစာရင်းဝင် မေရီမြစ်မျိုးရင်းလိပ်မျိုးကတော့ သူရဲ့ မျိုးပွားအင်္ဂါတွေကနေတစ်ဆင့် အသက်ရှုကြတယ်လို့ ဆိုပါတယ်။

ALAMY

ဒါ့အပြင် အဆိုပါ မျိုးပွားအင်္ဂါဖြင့်ပင် မစင်စွန့်ခြင်း၊ မိတ်လိုက်ခြင်းကို အသုံးပြုပါတယ်။ ပုံမှာဖော်ပြထားတာကတော့ Punk ဆံပင်စံတိုင်နဲ့ လိပ်ကြီးက ရှားပါမေရီမြစ်လိပ်ကြီးပါ။ ခေါင်းပေါ်က စိမ်းစိမ်းတောက်တောက်တွေကတော့ သူရဲ့ Mohican စတိုင် အမွေးအမျှင်တွေလို့ ထင်စရာရှိပါတယ်။

CHRIS VAN WYK

တကယ်တော့ အဲဒါက ရေညှိရေမှော်တွေ သူ့ခေါင်းမှာကပ်နေတာမို့ အမြင်တစ်မျိုးလေး ဆန်းစေပါတယ်။ သက်တမ်းရှည်လိပ်မျိုးဖြစ်ပြီး (၁၆)လက်မအထိ ကြီးထွားနိုင်ပါတယ်။ တစ်ခါတလေမှာ သူရဲ့ ကျောကုန်းနဲ့ ဆံပင်တွေမှာ အစိမ်းရင့်ရောင် ရေညှိရေမှော်တွေက ကပ်နေတတ်ပြီး ရေထဲမှာ ကိုယ်ယောင်ပျောက် နေတတ်ပါတယ်။ သူတို့ မေးအောက်မှာလည်း အသားပိုပုံစံလေးနှစ်ခု ပါဝင်ပါသေးတယ်။

READ
ကိုယ့်ကိုယ်ကိုယ်သတ်သေမှု အများဆုံး(10)နိုင်ငံစာရင်း
PA

မေရီလိပ်ကြီးတွေကို သြစတေးလျ ကွီးန်စလန်းကို ဖြတ်သန်းစီးဆင်းတဲ့ မေရီမြစ်ရိုးတစ်လျှောက်မှာသာ တွေ့ရလေ့ရှိပါတယ်။ သူတို့ဟာ ရေထဲမှာ သုံးနာရီကျော် ငုပ်လျှိုးပုန်းအောင်းနိုင်ပြီး (၁၉၆၀)နဲ့ (၇၀)ခုနှစ် ဝန်းကျင်အတောအတွင်းမှာ ဒီလိပ်မျိုးတွေဟာ အိမ်မွေးတိရစ္ဆာန်အဖြင့် အလွန်ရောင်းအားကောင်းခဲ့ကြပြီး လူတွေကလည်း ရသလောက် ဖမ်းယူရောင်းချခဲ့ပါတယ်။ ဒါကြောင့် မေရိလိပ်မျိုးရင်းတွေဟာ မျိုးသုဉ်းပျောက်ကွယ်မယ့်အန္တရာယ်ကို ရာစုနှစ်တစ်ဝက်စာ စောပြီးရင်ဆိုင်ခဲ့ရပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE