Personal Attack လုပ်တာမျိုးကို တော့ လက်မခံနိုင်ဘူး ထုတ်ပြောလာတဲ့ Mary

Image:Fb/Mary

Mary က တော့ သူမရဲ့ ထူးခြားတဲ့ အသံ၊ဖျော်ဖြေမှု ပုံစံ တွေ ကြောင့် ပရိသတ် တွေ ကြားမှာ နာမည်ကြီး ရေပန်း စား ခဲ့ သူ လေးပါ။ ၀ဲ သီချင်းနဲ့ ပရိသတ်တွေ ကြားမှာ စပြီး ရေပန်းစားခဲ့တဲ့ သူမဟာ လက် ရှိ မှာတော့ ပရိသတ် အခိုင်အ မာ ရထားတဲ့ အဆိုတော် တစ်ယောက် အဖြစ်နဲ့ ရပ်တည်နေပါတယ်။ သီချင်းတွေကို လည်း ကိုယ်တိုင်လည်း ရေး စပ်  နေသူ တစ် ယောက်ပါ။ Mary က တော့ သူမရဲ့ Fb မှာ Post အသစ် တင်ထားပါတယ်။ Fb မှာ သူမကို ပုတ်ခတ်  ဝေဖန် ပြော ဆို နေမှု တွေကို တုံ့ပြန်လိုက်တာပါ။

Image:Fb/Mary

သူမကို personal attack တိုက်ခိုက်တာ မျိုးကိုတော့ လက်သင့်မခံနိုင် ကြောင်း၊အဆိုတော် ဖြစ် နေတဲ့ အတွက်  ပြော တိုင်းသည်းခံရမယ်ဆိုတာ မျိုး ရှိသ လားလို့ မေးခွန်း ထုတ်လိုက်ပါတယ်။သူမကိုယ်တိုင် လည်း ရောင်စုံ ခွန် အား ဆိုတဲ့ Campagin မှာ အမျိုးသမီးတွေကို စော်ကားတာ sexual harassment လုပ်တာ မျိုး ကို သည်း မခံ နိုင် ဘူး လို့ ပြောခဲ့ပါတယ်။ဘယ်လို အဖွဲ့ အစည်း တွေနဲ့ တိုင် ပင် အ ရေးယူ လို့ ရနိုင် မလဲ ဆိုတာကို ပါ အကြံ ဥာဏ် တောင်းခံခဲ့ပါတယ်။

READ
ခံစားချက်တွေကို ဖေ့စ်ဘုတ်ပေါ်မှာ ရေးတင်လိုက်တဲ့ မအေးသောင်း
Image:Fb/Mary

“Mary သာအဆိုတော်တစ်ယောက်မဟုတ်ခဲ့ဘူး၊ ဒီလောကထဲသာမဝင်လာခဲ့ဘူးဆိုရင် သာမန် မိန်းကလေး တွေ ထဲက မိန်းကလေးတစ်ယောက်ပါပဲ… တစ်ချို့အရာတွေတော်တော်များများတွေကို Mary ဂရုမစိုက် ပဲထားနိုင် ပေမဲ့ အခုလိုမျိုး personal attack လုပ်တာမျိူးတော့ Mary လက်မခံနိုင်ပါဘူးရှင်။ Mary professional လုပ်နေတဲ့ music အပေါ်မှာ ကြိုက်သလိုဝေဖန်လို့ရပါတယ်။ အဲ့လို အကြံပေးတာတွေအတွက်ကြောင့်လည်း ကျေးဇူးတင်ပါ တယ်.. ရှေ့လျှောက်မှာပိုပြီးပြင်ဆင်လို့လည်းရတာပေါ့။ ဒါပေမဲ့ Mary ရဲ့ဖြစ်တည်မှု ကို လာစော် ကားတာ မျိုးကြတော့ အဆင်မပြေပါဘူး။ အဆိုတော်ဖြစ်နေလို့ ပြောတိုင်းခံရမယ်ဆိုတာရှိပါသလားရှင်။

Image:Fb/Mary

Mary ကိုယ်တိုင် #ရောင်စုံခွန်အား ဆိုတဲ့ campaign မှာအမျိုးသမီးတွေကိုစော်ကားတာ (sexual harassment) ကိုယ်ထိလ က်ရောက်ကျုးလွန်လာတာမျိူးကိုရပ်ဖို့ ပါဝင်ခဲ့တာပါ။ နောက်လည်း အမျိုးသမီးတွေအတွက် stand လုပ်ပေးတဲ့ အဖွဲ့အစည်းတွေရှိရင်လည်း Mary ကိုယ်တိုင် ထပ်ပါဝင်ပေးဦးမှာပါ။ဒီလိုကိစ္စမျိုးကို Mary ဘယ်အဖွဲ့အ စည်း တွေနဲ့ တိုင်ပင်ပြီး အရေးယူလို့ရမလဲဆိုတာ အကြံပေးပါဦး။စာအရှည်ကြီးလည်း မရေးဖူးဘူး.. အဆုံးထိဖတ်ပေးတဲ့ အတွက်လည်းကျေးဇူးပါ 🙏🏼 Mary ကိုအခုချိန်ထိ ယ်လိုအခြေအနေဖြစ်ဖြစ်အားပေးလာတဲ့သူအယောက်ဆီတိုင်းကို ထပ်ပြီးတော့ ကျေးဇူးတင်ပါရှင်။#ရောင်စုံခွန်အား campaign မှာ Mary ပါဝင်ခဲ့တုန်းကပါ…” ဆုိၿပီး Mary ရဲ့ Fb မှာ တင်ထားပါတယ်။

READ
‘Purpose’ Tour ဖျက်သိမ်းမိတဲ့အတွက် ပရိသတ်တွေကို တောင်းပန်လိုက်တဲ့ JB

Source:Fb/Mary

 

SHARE