‘bonsai forest’ ကို ဖန်တီးခဲ့တဲ့ Masahiko Kimura

Image:IG/com/ozipanda & bonsai_sana

အပင်လေးတွေကို အိမ် တွင်းမှာ အလှထား၊အလှစိုက်လို့ အဆင်ပြေ အောင် သေးသေးလေး တွေ ဖန်တီး ထားတာ မျိုးကို bonsai လို့ ခေါ် ကြပါတယ်။သေးသေးလေးပေမယ့် အပင်တစ်ပင်မှာ ရှိသင့် ရှိထိုက်တာ တွေ နဲ့ ပြည့်စုံ လှ ပေ န အောင် စိုက်ပျိုးဖန်တီးရတဲ့ ဂျပန် အနုပညာ တစ်ခုလို့ သတ်မှတ်ရင် လည်း မမှားပါဘူး။ဂျပန်မှာတော့  နာမည်ကြီး bonsai artist တွေ အများကြီး ရှိပါတယ်။အဲ့ဒီအထဲကမှ ပုံမှန် bonsai အပင် တင် မဟုတ်ပဲ bonsai တောအုပ် ဆိုတဲ့ Trend သစ်ကို ဖန်တီးခဲ့တဲ့ Artist ရဲ့ အ ကြောင်းကို odditycentral မှာ အခုလို ဖော်ပြထား ပါတယ်။

Masahiko Kimura က တော့ နာမည်ကြီး တဲ့ ဂျပန် bonsai artist တစ်ယောက် ပါ။သူက တော့ bonsai အပင် တွေ အများကြီးကို စုပြီး တောအုပ် ငယ်လေးတွေ ကို တီထွင် ဖန်တီးခဲ့ပါတယ်။ bonsai အပင် အများစုကိုတော့ ကျောက်တုံးတွေ နဲ့ သစ်သားတွေ ပေါ် မှာ စိုက် ကြတာ များပါတယ်။Kimura က တော့ သူ့ အသက် (၁၅)နှစ် သားတည်းက bonsai art ပညာကို လေ့လာ လိုက်စား လာခဲ့သူပါ။

ဂျပန်နိုင်ငံ Toju-en Bonsai ဥယျာဉ်ရဲ့  bonsai master ကြီး Motosuke Hamano ရဲ့ ဆီမှာ အလုပ်သင် အဖြစ် နဲ့ ပညာတွေ ကို လေ့လာ ဆည်းပူးလာခဲ့သူပါ။ဒီလိုနဲ့ပဲ (၁၁)နှစ်အကြာမှာတော့ bonsai art အတက် ပညာ နဲ့ သီးသန့် ခွဲထွက်ပြီး အသက် မွေး ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ Kimura ရဲ့ bonsai အနုပညာက တော့ သူများ နဲ့ မတူပဲ ထူးခြားပါတယ်။ပုံမှန် ရိုးရာ ဖန်တီးမှုတွေ က နေ ခွဲ ထွက် ပြီး ဖန်တီးခဲ့တာပါ။

 

View this post on Instagram

 

Bonsai Master #masahikokimura

A post shared by San Bo Dojo (@sanbodojo) on

နောက်ဆုံးမှာတော့ Kimura ကို တော့ တီထွင်မှု အားကောင်းသူ တစ်ယောက် ၊အလွှမ်းမိုးနိုင်ဆုံး bonsai artist တစ်ယောက် အဖြစ် အသိအမှတ်ပြု ခံထားရသူပါ။ Masahiko Kimura က တော့ Hinoki Forest  လို့ နာမည် ပေး ထားတဲ့ bonsai forest ကို ဖန်တီးခဲ့ပါတယ်။လွန်ခဲ့တဲ့ နှစ်(၂၀)ကျော် တုန်းက သူ့ရဲ့ နာမည်ကြီးတဲ့ လက်ရာ တွေကို စုပေါင်း ထားတာပါ။

Masahiko Kimura က တော့ အခုဆိုရင် အသက် (၈၀) ရှိ နေ ပေမယ့် လည်း bonsai နဲ့ ပတ်သက်တဲ့ ပြပွဲတွေ၊သရုပ်ဖော်ပြသတဲ့ ပွဲတွေ၊ဆောင်းပါးတွေ ကို ရေးသားပြီး သူ့ရဲ့ ပညာတွေ ကို ဝေမျှ ပေး နေပါတယ်။

READ
လူ့အဖွဲ့အစည်းရဲ့ အဓိကပြဿနာတွေကို အထင်အရှားတွေ့နိုင်တဲ့ သရုပ်ဖော်ပုံရိပ်များ

#SHWEMOM

SHARE