ကားမရပ်ရနေရာမှာ ကားရပ်ခဲ့လို့ ကားပိုင်ရှင်ကို နောင်ကြဉ်အောင်ပညာပေးခဲ့သူများ

chinapress

ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကားပိုင်ရှင်တစ်ဦးဟာ ကားမရပ်ရနေရာမှာ ကားရပ်ခဲ့တဲ့အတွက် အရှက်ရဖွယ် သင်ခန်းစာကို ရရှိခဲ့ပါတယ်။ အဆိုပါကားပိုင်ရှင်ဟာ Maserati အနီရောင်ကားကို မောင်းနှင်လာပြီး ဟနွိုင်းမြို့ပေါ်က လမ်းတစ်လမ်းပေါ်မှာ တစ်ခြားကားတွေ ဖြတ်သန်းလို့မရအောင် ပိတ်ရပ်ထားခဲ့တာ ဖြစ်ပါတယ်။

ကားပိတ်ရပ်ပြီးတဲ့အခါ ကားပိုင်ရှင်ဟာ အပြင်ကိုထွက်သွားပါတယ်။ ကားမရပ်ရနေရာမှာ ကားလည်းရပ်ထားသေး၊ ဆက်သွယ်ဖို့လည်း တစ်စုံတစ်ရာ လိပ်စာမထားခဲ့တဲ့အတွက် ဖြတ်သန်းသွားလာမယ့်လူတွေက Maserati ကားနီပိုင်ရှင်ကို ဒေါသထွက်နေခဲ့ကြတာပါ။

chinapress

ဒါနဲ့ ကားနီပိုင်ရှင်ကို စည်းကမ်းရှိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ အားလုံးဝိုင်းပြီး သင်ခန်းစာပေးလိုက်ကြဖို့ ပြင်ဆင်ခဲ့ပါတယ်။ အမျက်ထွက်နေခဲ့ကြတဲ့လူတွေဟာ အမျိုးသမီးလစဉ်သုံး ဂွမ်းကပ်တွေကို Maserati ကားနီပေါ်မှာ တစ် တစ်စီးလုံးအပြည့်လိုက်ကပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီလိုနဲ့ ကားပိုင်ရှင်ပြန်လာတဲ့အခါမှာတော့ သူ့ရဲ့ တန်ဖိုးကြီးလှတဲ့ ကားပေါ်မှာ တောင်ပံတွေနဲ့ ဖုံးနေတာကြောင့် အံ့အားလည်းသင့်သွားခဲ့ပါတယ်။ လူကြားထဲမှာ အခုလိုပညာပေးခံလိုက်ရတဲ့အတွက် ရှက်ကလည်း ရှက်၊ သွေးပျက်ပျက်နဲ့ တောင်ပံတွေကို လိုက်ဆွဲခွာလည်း မရပါဘူး။ ဂွမ်းကပ်တွေမှာကပ်ထားတဲ့ ကော်တွေက အတော်လေး မြဲပုံရပါတယ်။ အကုန်လုံးကို တစ်ခုစီလိုက်ဆွဲခွာလို့ မဖြစ်တော့ဘူးဆိုတာလည်း သိရော ထိုကားနီပိုင်ရှင် အမျိုးသားဟာ မျက်နှာကြီးနီမြန်းပြီး ရှက်ရှက်နဲ့ပဲ ပြန်ကားမောင်းထွက်သွားတယ်လို့ သိရပါတယ်။

READ
ဒေါ်လာ ၉၁.၁ သန်းနဲ့လေလေံအောင်သွားကာ စံချိန်တင်နိုင်ခဲ့တဲ့ စတီးယုန်ရုပ်ထုကြီး
chinapress

Maserati ကားပိုင်ရှင်ဟာ သူ့ရဲ့ စည်းကမ်းမဲ့လုပ်ရပ်အတွက် အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို ဆုလာဘ်အဖြစ် ပြန်လည်ရရှိခဲ့တာ ဖြစ်ပါတယ်။ အဆိုပါကားပိုင်ရှင်အနေနဲ့ နောက်တစ်ခါ ယာဉ်မရပ်ရမယ့်နေရာတွေမှာ အမှုမဲ့အမှတ်မဲ့ယာဉ်ရပ်နားဖို့ တော်တော်လေးထိတ်လန့်သွားလိမ့်မယ်လို့ ယူဆရပါတော့တယ်။

လင်းလင်း (ShweMom)

SHARE