ဆိုရှယ်မီဒီယာပေါ်မှာ လူပြောများနေတဲ့ အိန္ဒိယနိုင်ငံက ပလာတာ Mask

[email protected]_hindu

လက်ရှိအချိန်ဟာ COVID 19 ဖြစ်နေဆဲ ကာလဖြစ်တာကြောင့် လူတိုင်းဟာ အပြင်ထွက်တိုင်း Face mask ကို မဖြစ်မနေတပ်သွားသင့်ပြီး လူထူထပ်တဲ့ နေရာတွေကို တက်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။ ရောဂါကူးစက်မှုတွေဟာ စဖြစ်ခါစအချိန်ထက် ကူးစက်မှုနှုန်းကျသွားခဲ့ပြီ ဆိုပေမယ့်လည်း ရောဂါကကာကွယ်ဆေးမပေါ်သေးတာရယ်၊ ရောဂါအရှင်းကြီး မပျောက်သေးတာတွေကြောင့် လူတိုင်းနီးပါး သတိထားရမယ့် အချိန်လည်း ဖြစ်ပါတယ်။ အခုလည်း အိန္ဒိယနိုင်ငံက ဆိုရှယ်မီဒီယာပေါ်မှာ စားသောက်ဆိုင်တစ်ခုက တီထွင်ခဲ့တဲ့ ပလာတာ Mask ဒီဇိုင်းကို လူတော်တော်များများ စိတ်ဝင်စားနေကြကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အိန္ဒိယနိုင်ငံ၊ Maduria မြို့ရှိ Temple City လို့ခေါ်တဲ့ စားသောက်ဆိုင်တစ်ဆိုင်ဟာ Face mask ပုံစံ ပလာတာတစ်ခုကို တီထွင်ခဲ့ပါတယ်။ ဒီလိုတီထွင်ခဲ့တယ်ဆိုတာကလည်း COVID 19 ကာလမှာ Face mask ကို အပြင်ထွက်တိုင်း အမြဲတမ်း တပ်ထားဖို့ သတိပေးတဲ့အနေနဲ့ တီထွင်ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရပါတယ်။ ဒါ့အပြင် ပလာတာဆိုတာကလည်း အိန္ဒိယနိုင်ငံရဲ့ ရိုးရာစားသောက်ကုန်တစ်ခုဖြစ်ပြီး အိန္ဒိယနိုင်ငံသားတော်တော်များများကလည်း ပလာတာကို ကြိုက်နှစ်သက်ကြပါတယ်။

“ဆိုင်ပြန်ဖွင့်ဖြစ်တာကတော့ Lockdown စည်းမျဉ်းတွေ လျှော့ချပြီးတဲ့အချိန်မှာပေါ့။ ဆိုင်ကို လာတဲ့ စားသုံးသူတော်တော်များများက Face mask တပ်မလာကြဘူး။ သူတို့ မတပ်လာလဲ ဆိုင်ရောက်တိုင်း ကျွန်တော်တို့ဖက်ကနေပြီးတော့ Face mask တစ်ခု အမြဲပြန်ပြီး လက်ဆောင်ပေးပါတယ်။ ဒါ့ကြောင့် လူတိုင်း Mask တပ်အောင် ဘယ်လိုနည်းနဲ့ သတိပေးရင် ကောင်းမလဲ စဉ်းစားနေတုန်း Mask ပုံစံ ပလာတာကို ပြုလုပ်ဖို့ ဇူလိုင်လ ၇ ရက်နေ့ မနက်မှာ စဉ်းစားခဲ့မိတာပါ” လို့ အဆိုပါဆိုင်ရဲ့ ဆိုင်ပိုင်ရှင်ဖြစ်သူက ပြောကြားခဲ့ပါတယ်။

READ
အချိန်တိုအတွင်း ဗိုက်အဆီကျပြီး six pack ရစေမဲ့ နည်းလမ်း(၈)မျိုး

https://www.instagram.com/p/CCXyh4ChHPb/?utm_source=ig_embed

Pyi Hein Kyaw

SHARE