၂၀၂၀ အတွက် ဂျပန်နိုင်ငံရဲ့ ဖက်ရှင်ကျကျ Mask ဝတ်ခဲ့သူများအတွက် ဆုပေးပွဲ

ပြီးခဲ့တဲ့ရက်ပိုင်းလောက်တုန်းက ဂျပန်နိုင်ငံမှာ ကိုဗစ်နဲ့ပတ်သက်တဲ့ အနုပညာဆုပေးပွဲတစ်ခု ကျင်ပခဲ့ပါတယ်။ အဲဒါကတော့ Masknist Awards ဆိုတဲ့ ဆုပေးပွဲလေးပါ။

Best Maknist Award 2020 ဆိုတဲ့အတိုင်း ဒီဆုပေးပွဲဟာ အနုပညာရှင်နဲ့ဆယ်လီလောကသားတွေထဲကမှ mask ကို ဖက်ရှင်ကျကျဝတ်တတ်တဲ့လူတွေကို စံကာတင်ပြိးတော့ အကောင်းဆုံးဆိုတဲ့လူတွေကို လိုက်ပြီးတော့ ရွေးချယ်ပေးတာမျိုးဖြစ်ပါတယ်။ ဒီအခမ်းအနားပွဲဟာ ကမ္ဘာမှာ ပထမဆုံးအနေနဲ့ ကျင်းပတာပါ။

ပွဲကိုတော့ Tokyo မှ Sanwa ကုမ္ပဏီမှ ဦးစီးကျင်းပတာဖြစ်ပါတယ်။ Sanwa ဆိုတာ face mask တွေ ထုတ်တဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်ပြီးတော့ အခုလိုမျိုးပွဲကျင်ပရတဲ့ ရည်ရွယ်ချက်ဟာလည်း ကိုဗစ်ကာလအတွင်း နေ့စဉ်ဘဝမှာ face mask တွေကို မချွတ်တမ်းတပ်ဖို့ကို လှုံ့ဆော်တာဖြစ်ပြီးတော့ တစ်ဖက်မှာလည်း face mask တွေရဲ့ အရေးပါပုံကို ပညာပေးဆွေးနွေးချင်လို့ပဲဖြစ်ပါတယ်လို့ SCMP မှာ ပြောပြထားပါတယ်။

ဒီပွဲမှာတော့ ဆုရသွားခဲ့တဲ့လူ (၄) ဦးရှိနေပါတယ်။ ပထမတစ်ဦးကတော့ ဂျပန်မော်ဒယ်မလေး Yuki Kimura ပါ။ သူမဟာ နားစွဲနဲ့လိုက်ဖက်အောင် face mask ကိုလည်း အနက်ရောင်ဗြောင်ပေါ်မှာ ကျောက်တွေစီခြယ်ထားတဲ့ ပုံစံမျိုးနဲ့ ဝတ်ထားတာဖြစ်ပါတယ်။ နောက်ထပ် ဆုရခဲ့သူကတော့ Kimura ဖြစ်ပြီးတော့ သူမကတော့ အနက်ရောင်ဂါဝန်ဗြောင်နဲ့ ပနံသင့်အောင်ဆိုပြီး မီးခိုးရောင်ကျားသစ်ကွက် mask ကို တပ်ဆင်ထားခဲ့ပါတယ်။

READ
(၁၁၂)ပေါင်အထိ လျှော့ချနိုင်ခဲ့ပြီးနောက် အဆီချနည်းစာအုပ်ထုတ်ခဲ့တဲ့ အမျိုးသမီး

 

နောက်နှစ်ဦးကတော့ ဘောလုံးအားကစားသမား Karina Maruyama ဖြစ်ပြီးတော့ နောက်တစ်ယောက်ကတော့ အဖွဲ့လိုက်စုံတွဲဆုရခဲ့တာပါ။ Milk Boy လို့ခေါ်တဲ့ ဟာသညီနောင်နှစ်ဦးဖြစ်ပြီးတော့ နှစ်ယောက်စလုံးဟာ သူုတို့ရဲ့ suit တွေနဲ့ လိုက်ဖက်ညီလှတဲ့ face mask တွေကို အသီသီးတပ်ဆင်လာခဲ့ပါတယ်။

ဆုကိုလည်း အကယ်ဒမီဆုတွေလိုမျိုး ရွှေရောင်အတိပြုလုပ်ထားတဲ့ face mask ပုံစံ ဆုကြီးတွေကို ပေးအပ်ခဲ့တာပဲဖြစ်ပါတယ်။

ဒါလေးကတော့ ပွဲရဲ့အမှတ်တရ ဗီဒီယိုပုံရိပ်လေးတွေပါ။

penny

SHARE