လက်သီးချက်တွေ၊ ကရာတေးကန်ချက်တွေနဲ့ ဘရာဇီးဘောလုံးကွင်းထဲက ရန်ပွဲ

ဘရာဇီးနိုင်ငံ Serie D ဘောလုံးပြိုင်ပွဲရဲ့ Play-Off ပွဲစဉ်တစ်ပွဲမှာတော့ နှစ်ဖက်ကစားသမားတွေကြား ပြင်းထန်တဲ့ရန်ပွဲဖြစ်ပွားခဲ့ပြီး ဘောလုံးပွဲစဉ်ကနေ လက်ဝှေ့ပွဲစဉ်အသွင်ကို ပြောင်းသွားခဲ့ပါတော့တယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဘရာဇီး Serie D ရဲ့ Play-Off ပွဲစဉ်တစ်ပွဲဖြစ်တဲ့ ကာဆီးယက်အသင်းနဲ့ ထရီဇီ အသင်းတို့ရဲ့ပွဲစဉ် ဒုတိယအကျော့မှာ နှစ်ဖက်ကစားသမားတွေ ရန်ပွဲဖြစ်ပွားခဲ့ကြတာပါ။

Twitter

ပွဲချိန် (၈၅) မိနစ်မှာ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲဟာ ထရီဇီအသင်းရဲ့ တိုက်စစ်မှူး ဒီဒီ ကြောင့် ဖြစ်ပွားခဲ့တာဖြစ်ပြီး ဂိုးသွင်းပြီးအောင်ပွဲခံခဲ့တဲ့ ပုံစံကြောင့် ပြိုင်ဖက်အသင်းသားတွေဟာ ဒီဒီ့ကို ထိုးကျိတ်ဖို့ ကြိုးစားခဲ့ကြတာပါ။

အဲဒီအချိန်မှာ ထရီဇီအသင်းက ကာဆီးယက်အသင်းကို (၃-၁) ဂိုးနဲ့နိုင်နေတာဖြစ်ပြီး ပထမအကျော့တုန်းကလည်း သူတို့ကပဲ (၁-၀) ဂိုးနဲ့ အနိုင်ရထားခဲ့တာပါ။

READ
ကမ္ဘာပေါ်မှာ အကျဉ်းဆုံး လူနေ အခန်းတွေများလား

ဒါပေမယ့် ပွဲချိန် (၈၅) မိနစ်မှာ ဒီဒီရဲ့အောင်ပွဲခံမှုက ကာဆီးယက်ကစားသမားတွေရဲ့ သည်းခံနိုင်စွမ်းကို ကုန်ဆုံးသွားစေပြီး ဒီဒီ့ကို ထိုးကျိတ်ဖို့အတွက် တစ်သင်းလုံးနီးပါး အနောက်ကနေ ပြေးလိုက်ခဲ့ကြပါတယ်။

Twitter

ထရီဇီအသင်းရဲ့ ကစားသမားတွေကလည်း သူတို့ တိုက်စစ်မှူးကို ကာကွယ်ပေးဖို့ ကြိုးစားကြရင်း ဘောလုံးကွင်းထဲမှာ နှစ်ဖက်ကစားသမားတွေ ထိုးကြိတ်ကုန်ပါတော့တယ်။

နောက်ဆုံးမှာတော့ ကွင်းဘေးက တာဝန်ရှိသူတွေပါ ရန်ပွဲထဲ ၀င်လာကြပြီး ဘောလုံးပွဲကို အကျည်းတန်စေခဲ့တာပါ။

Twitter

ကွင်းလယ်ဒိုင်ကတော့ ဒီဖြစ်ရပ်အတွက် (၁၅) မိနစ် ရပ်နားစေခဲ့ပြီးတဲ့နောက်မှာမှ ပွဲကိုဆက်ကစားဖို့ ဆုံးဖြတ်ပေးခဲ့ပါတယ်။ ရန်ပွဲအတွက် နှစ်သင်းပေါင်း ကစားသမား(၅) ဦး ထုတ်ပယ်ခံခဲ့ရပြီး ကာဆီးယက်အသင်းသား (၃) ဦးနဲ့ ထရီဇီအသင်းသား (၂) ဦးထုတ်ပယ်ခံခဲ့ရတာပါ။

ဘရာဇီးနိုင်ငံဟာ ကွင်းအတွင်းမှာ လုံခြုံမှုမရှိဆုံးနဲ့ ခိုက်ရန်အဖြစ်ပွားဆုံးနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နေပြီး သူ့လိုပဲ ကွင်းအတွင်းမှာ ခိုက်ရန်ဖြစ်ပွားမှုအများဆုံးနိုင်ငံအဖြစ် တရုတ်နိုင်ငံကို ဘောလုံးပွဲသုံးသပ်သူတွေက ရွေးချယ်ထားခဲ့ကြပါတယ်။

READ
အလုပ်ခွင်ထဲမှာ ဖြစ်သလိုအိပ်ကြရရှာတဲ့ အလုပ်သမားတွေရဲ့ဘ၀တွေ

Linn

Source : .thesun

 

SHARE