မြွေကို မြွေချင်းပြန်မျိုတဲ့ ဧရာမ အန်နာကွန်ဒါမြွေကြီး အစာနင်ပြီး သေဆုံး

မြွေတိုင်း အဆိပ်ရှိတာတော့ မဟုတ်ပါဘူး။ အဆိပ် အပြင်းထန်ဆုံး မြွေတစ်ကောင်ဟာ သူရဲ့ တစ်ကြိမ် ကိုက်ခဲမှုမှာ အသုံးပြု လိုက်တဲ့ အဆိပ်ပမာဏဟာ လူ 100 သို့မဟုတ် ကြွက်အကောင်ရေ 250000 ကို တစ်ပြိုင်တည်း သေစေနိုင် သည်အထိ အဆိပ်  ပြင်းထန်ပါတယ်။

ဒါပေမယ့် အဆိပ်ပြင်းထန်မှု မရှိဘူးဆိုတိုင်းလည်း တစ်ချို့သော မြွေတွေကို မကြောက်ဘူးဆိုပြီး ပေါ့ပေါ့တန်တန် ပြောလို့ မရဘူး။ တစ်ချို့မြွေတွေကတော့ လူတစ်ယောက်ကို အသာလေး မျိုချနိုင်ပါတယ်။ အာဖရိတောနက်ကြီးတွေထဲမှာ ရှိတဲ့ အန်နာကွန်ဒါ မြွေကြီးတွေကတော့ မိတ်လိုက်ချိန်နဲ့ အစာစားချိန်မှသာ အပြင်ကို ထွက်ပါတယ်။

အစာကိုလည်း လပေါင်းတော်တော်ကြာကြာ အာဟာရဓာတ်တွေပေးမယ့် အစာမျိုးကိုသာ စားလေ့ရှိပြီး ဂူတွေလိုဏ်
ခေါင်းတွေထဲမှာ ပုန်းအောင်းနေတတ်ကြပါတယ်။ အခုလည်း အလွန်ကြီးမားလှတဲ့ အန်နာကွန်ဒါမြွေကြီးဟာ သူ့အရွယ်အ
စားနဲ့ သိပ်မကွာလှတဲ့ စပါးကြီးမြွေကြီးတစ်ကောင်ကို မျိုထားပြီး အသက်ရှုလမ်းကြောင်း ပိတ်ကာ သေဆုံးခဲ့ပုံရပါတယ်။ ဒီဖြစ်ရပ်မှာ မည်သည့်နိုင်ငံမှာ ဖြစ်ပျက်ခဲ့တယ်ဆိုတာကိုတော့ သတင်းမှာ ဖော်ပြမထားပါဘူး။

READ
အိမ်(၉၀)ကျော်ကို ဖောက်ထွင်းဖူးတဲ့ ဥာဏ်ကြီးရှင် သူခိုး၊ မထင်မှတ်ပဲ အဖမ်းခံရ

အဲဒီမြွေကြီးဟာ တစ်ခုသော ချောင်းစပ်မှာ သေဆုံးနေပြီး၊ ဒေသခံအမျိုးသားတစ်စုက တွေ့ရှိခဲ့တာပါ။ မြွေကြီးရဲ့ ၀မ်းဗိုက်ကို ခွဲထုတ်လိုက်တဲ့အခါမှာ အလွန်ကြီးမားလှတဲ့ စပါးကြီးမြွေကြီးကို တွေ့ခဲ့ရပါတယ်။ WHO ရဲ့ ထုတ်ပြန် ချက်အရ မြွေမျိုးရင်း 3000 ကျော် ရှိသည့်အနက်၊ 600 သော မျိုးစိပ်ဟာ အဆိပ်ပြင်းထန်ကြပြီး၊ အရွယ်အစား ကြီး
မားတဲ့ မြွေမျိုးရင်းကတော့ ရှားပါးလာကြပြီလို့ ဆိုပါတယ်။

လင်းဇော်ကို (Shwemom)

source : viral4real.com

SHARE