အ၀ါရောင်ဝတ်မှုန်ထုတွေကြောင့် စိုးရိမ်ဖွယ်အခြေအနေဖြစ်လာတဲ့ အမေရိကန်တောင်ပိုင်း

အောက်မှာတွေ့ရတဲ့ ဓာတ်ပုံတွေဟာ အမေရိကန်အရှေ့တောင်ပိုင်းတစ်ခွင်မှာ တွေ့ရတဲ့ ဓာတ်ပုံတွေဖြစ်ပါတယ်။ ဓာတ်ပုံတွေထဲမှာတော့ ကောင်းကင်တစ်ခုလုံးဟာ အ၀ါရောင်ဝတ်မှုန်တွေနဲ့ ဖုံးလွှမ်းနေပြီး ဒေသခံတွေဟာ ၄င်းအမှုန်တွေကြောင့် အလာဂျီတွေဖြစ်ပြီး သောက်ဆေးတွေတောင် သောက်နေရတယ်လို့ သိရပါတယ်။

Jeremy Gilchrist

ဝတ်မှုန်တွေဟာ ထင်းရှူးပင်၊ ၀က်သစ်ချပင်နဲ့ ဘုဇပတ်ပင် အစရှိတဲ့ အပင်တွေကနေ လာတာ ဖြစ်ပါတယ်။ ကယ်ရိုလိုင်းနားမြောက်ပိုင်းနဲ့ တန်နက်စီပြည်နယ်တလွှားမှာရှိတဲ့ ဆရာဝန်တွေကလည်း သူ့တို့ဆီရောက်လာတဲ့ လူနာတွေအကြောင်းကို အခုလို သတင်းထုတ်ပြန်ထားပါတယ်။ ဒေသခံတွေဟာ လေထုထဲမှာ ပြည့်နေတဲ့ ၀တ်မှုန်တွေကြောင့် အရေပြားတွေယားယံပြီး မျက်ရည်တွေကျတာ၊ နှာစေးချောင်းဆိုးတာတွေနဲ့ အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာ ပြဿနာတွေ အဖြစ်များလာပါတယ်။

Jeremy Gilchrist

ဒီဝတ်မှုန်တွေဟာ မတ်လ(၂၀) ရက်လောက်က စပြီး ကောင်းကင်မှာ ၀တ်မှုန်တိမ်တိုက်ကြီး ဖြစ်နေတာပါ။ တန်နက်စီမှာ တွေ့ရတဲ့ ဗီဒီယိုတစ်ခုမှာတော့ သစ်ပင်တစ်ပင်ကို ခုတ်လှဲအပြီးမှာ အပင်က ၀တ်မှုန်တွေဟာ ဗုံးဖောက်လိုက်သလို ပတ်ဝန်းကျင်မှာ အမှုန်တွေ ပြန့်နှံ့ပွထလာတာကို မြင်ခဲ့ရပါတယ်။

READ
ခင်ပွန်းသည်ထံ ဗွီဒီယို Call ခေါ်ပြီး၊ မိမိကိုယ်ကို သေကြောင်းကြံခဲ့သည့် မော်ဒယ်

Jeremy Gilchrist

အချို့နားလည်တဲ့ ပညာရှင်တွေတော့ အပင်တွေက လာတဲ့ ၀တ်မှုံတွေကြောင့် အလာဂျီဖြစ်နိုင်တဲ့ အခြေအနေတွေဟာ ပိုပိုဆိုးလာမယ်လို့ ဆိုပါတယ်။ ဧပြီလမှာလည်း မြောက်ကယ်ရိုလိုင်းမှာ ရက်သတ္တပတ်အတော်ကြာတဲ့အထိ သစ်ပင်အမျိုးမျိုးတို့ကနေ ၀တ်မှုန်တွေအများကြီးထွက်လာနေတာ ဖြစ်ပါတယ်။

Timberline Outdoors

မြောက်ကယ်ရိုလိုင်းနားတက္ကသိုလ်က ဒေါက်တာဒေးဗစ်ပီဒန်ကတော့ ယခုနှစ်ရဲ့ ၀တ်မှုန်တွေ ပြန့်လွှင့်တဲ့ အခြေအနေဟာ ပြီးခဲ့တဲ့နှစ်တွေတုန်းကထက် အခြေအနေပိုဆိုးမယ်လို့ သုံးသပ်ထားပါတယ်။ ဒါ့အပြင် လာမယ့် နှစ်တွေမှာလည်း ရာသီဥတုပြောင်းလဲခြင်းရဲ့ အကျိုးဆက်ကို လူတွေအနေနဲ့ ထပ်မံခံရဦးမယ်ဖြစ်ကြောင်း ဆိုထားပါတယ်။

လင်းလင်း (ShweMom)

Ref: dailymail, nypost

SHARE