အောက်မှာပြထားတဲ့ပုံအတိုင်းတွေ့မြင်ရတဲ့ မှန်ဗီရိုထဲက အိမ်လေးတွေဟာ ကလေးကစားစရာတွေတော့မဟုတ်ပါဘူး။ ၁၈ရာစုနဲ့ ၁၉ရာစုတစ်လျှောက်လုံးမှာ ခေတ်ပေါ်ဗီရိုအိမ်ကလေးတွေကို အဆင့်တစ်ခုရှိတဲ့ လူတန်းစားအလွှာတစ်ရပ်က အမျိုးသမီးတွေက ပိုင်ဆိုင်ခဲ့ကြတာဖြစ်ပါတယ်။
အခုတွေ့ရတဲ့ အခန်း၉ခန်းပါ သစ်သားဗီရိုအိမ်လေးကိုတော့ ဆောက်လုပ်ရေးနဲ့ အနုစိတ်ဗိသုကာပညာရပ်မှာ အထူးကျွမ်းကျင်တဲ့ ပညာရှင် Jimmy Landers က ဖန်တီးထားတာပါ။ ၃ထပ် အဝင်ခန်းမကြီး၊ ၂ထပ် သစ်သားစာကြည့်တိုက်၊ ထမင်းစားခန်း၊ ဧည့်ခန်း၊ နှစ်ယောက်အိပ်ခန်း၊ ဧည့်ဆောင်ခန်း စတာတွေကို အသေးစိတ်သေချာပြုလုပ်ထားတာပါ။ ဒီအခန်း၉ခန်းပါ ဗီရိုဟာ စုစုပေါင်းကန်ဒေါ်လာ ၁သိန်းဝန်းကျင်တန်ဖိုးရှိတယ်လို့ Boredpanda သတင်းအရ သိရပါတယ်။
အရုပ်အိမ်ဒီဇိုင်းနဲ့ဗိသုကာ

Jimmy Landers က အသေးစိတ်ဖန်တီးထားတဲ့ ဗီရိုအိမ်လေးဖြစ်ပါတယ်

အဝင်ခန်းမအဆင့်ဆင့်၊ သစ်သားနဲ့ အကွက်ဖော်မွမ်းမံထားတဲ့ စာကြည့်တိုက်

တူနဲ့ထုပြီး အသေးစိတ်ပြုလုပ်ထားတဲ့ ကြေးနီမျက်နှာကြက်

ဟောခန်းထဲက ကြေးဝါမီးပန်းဆိုင်းနဲ့ မှန်အမိုးခုံး

ဝိတိုရိယခေတ် နှစ်ထပ် ကြေးဝါမီးပန်းဆိုင်း

ဟောခန်းအလယ်က မှန်သားအမိုးခုံး

အနုစိတ်ပလာစတာကိုင်ထားတဲ့ အခန်းတိုင်လုံးများ

Ron Stetkewitcz ရဲ့ ပထမထပ်ဝင်ပေါက်

မှန်အမိုးခုံးဆီကိုဦးတည်ထားတဲ့ Barbara Sabia ရဲ့ လှေကားထစ်

အစအဆုံး မှန်ရောင်စုံပြတင်းပေါက်တွေနဲ့ပြုလုပ်ထားတဲ့ ဧည့်ခန်း


ပလာစတာကိုင်ထားတဲ့ အလှမီးဖိုနဲ့ သစ်မာသားကြမ်းခင်း


ဒါကတော့ အသေးစိတ်ဗိသုကာပညာရပ်မှာ ဆရာတစ်ဆူဖြစ်တဲ့ Jimmy Landers ဖြစ်ပါတယ်

ShweMom