သချာင်္တွက်ရခက်နေတဲ့တပည့်ကို လူကိုယ်တိုင်အိမ်ရှေ့ထိလာပြီး ရှင်းပြပေးခဲ့တဲ့ သင်္ချာဆရာ

[email protected] [email protected]

လက်ရှိအချိန်မှာ ဖြစ်ပွားနေတဲ့ COVID 19 ကူးစက်ရောဂါကြောင့် လူတော်တော်များများဟာ အိမ်ထထဲမှာပဲ Quarantine ချပြီး နေနေကြပါတယ်။ ဝန်ထမ်းတော်တော်များများလည်း အလုပ်ကို အိမ်ကနေပဲ လုပ်ကြသလို ကျောင်းတော်တော်များများလည်း ကျောင်းပိတ်ထားကြပါတယ်။ တစ်ချို့ကျောင်းတွေကြပြန်တော့လည်း Online Course ကနေစာသင်ကြသလို့ တစ်ချို့ကြတော့လည်း ဖုန်းနဲ့ Video Call ခေါ်ကာ Live လွှင့်ပြီး သင်ကြားပေးကြပါတယ်။ အခုပြောချင်တာကတော့ သင်္ချာပုစ္ဆာတွက်ရာမှာ အခက်အခဲဖြစ်နေတဲ့ ကျောင်းသူတစ်ယောက်ကို သူမရဲ့ သချာင်္ဆရာက အိမ်ရှေ့အထိ Whiteboard ကြီးကိုင်ကာရောက်လာပြီး အိမ်အထဲမဝင်ပဲ အိမ်ရှေ့မှာပဲ အဲဒီသချာင်္ပုစ္ဆာကို ရှင်းပြခဲ့ကြောင်း Storypick သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အသက် ၁၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Rylee Anderson ဟာ လက်ရှိအချိန်မှာ ကျောင်းပိတ်နေတာမို့ ကိုယ့်ဘာသာကိုယ် အိမ်မှာ သင်ပြီးသားစာတွေကို လေ့ကျင့်ခန်းလုပ်ရင်း အချိန်ကုန်ဆုံးလေ့ရှိပါတယ်။ တစ်နေ့မှာတော့ Rylee ဟာ Graphing နဲ့ ပတ်သတ်တဲ့ သင်္ချာပုစ္ဆာတစ်ပုဒ်ကို တွက်ရခက်ဖြစ်နေပါတယ်။ ဒါ့ကြောင့် သူမရဲ့ သင်္ချာဆရာဖြစ်တဲ့ Mr.Chris Waba ကို E-mail ပို့ကာ အဲဒီပုစ၁ဆာကို တွက်မရ ဖြစ်နေကြောင်း ပြောပြခဲ့ပါတယ်။ Rylee ထင်တာကတော့ သူမဆရာ Chris ဟာ အဲဒီပုစ္ဆာကို E-mail နဲ့ပဲဖြစ်ဖြစ်၊ ဖုန်နဲ့ပဲဖြစ်ဖြစ် ပြန်ရှင်းပြမယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် နောက်တစ်နေ့မနက်စောစောမှာပဲ Chris ဟာ Whiteboard ကြီးတစ်ချပ်နဲ့ Marker Pen ကြီးကိုင်ကာ အိမ်ရှေ့ရောက်လာခဲ့ပါတယ်။ Social Distancing Rule ကိုလေးစားတဲ့အနေနဲ့တော့ Chris ဟာ အိမ်ထဲတော့ မဝင်ခဲ့ပါဘူး။

ဒီလိုနဲ့ Rylee ကို အိမ်ထဲမှာပဲနေစေကာ မှန်တံခါးပေါက်ကနေတစ်ဆင့် Rylee တွက်ရခက်နေတဲ့ သင်္ချာပုစ္ဆာကို ၁၀ မိနစ်ကြာအောင် ရှင်းပြခဲ့ပါတယ်။ နောက်ဆုံးမှာတော့ Rylee ဟာ ပုစ္ဆာအကြောင်းကို သေချာနားလည်သွားပြီး အဖြေမှန်ထွက်သွားခဲ့သလို သူမဆရာ Chris ကိုလည်း ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။ “ ကိုယ့်တပည့်တွေ စာနားမလည်ရင်ရှင်းပြရမှာ ကျွန်တော်တို့ဆရာတွေရဲ့ အလုပ်ပဲလေ။ အစကတော့ ဖုန်းနဲ့ပဲ ရှင်းပြမလို့ပါပဲ။ ဒါပေမယ့် သေချာစဉ်းစားကြည့်တော့ လူကိုယ်တိုင်သွားရှင်းပြတာ ပိုထိရောက်မယ်ထင်လို့ ကျွန်တော်ကိုယ်တိုင် Rylee တို့အိမ်ကို သွားခဲ့တာပါ” လို့ Chris က ရှင်းပြခဲ့ပါတယ်။

READ
ဆေးလိပ်မသောက်တဲ့သူတွေကို အားလပ်ခွင့်(၆) ရက် ပိုပေးလိုက်တဲ့ ဂျပန်ကုမ္ပဏီ

Pyi Hein Kyaw

SHARE