မူရင်းသရုပ်ဆောင်တွေနဲ့ ပြန်လည်ရိုက်ကူးဖို့သေချာသွားခဲ့ပြီဆိုတဲ့ “Matrix 4”

Matrix/IMDb, @carrieannamoss/Instagram, lev radin/Shutterstock

အရင်တုန်းက Matrix ရဲ့ ဇာတ်ညွှန်းရေးဆရာမနဲ့ ဒါရိုက်တာ Lana Wachowski ဟာ လက်ရှိမှာတော့ Matrix 4 အတွက် ဇာတ်လမ်းကို ပြင်ဆင်နေပြီဆိုပြီး Variety မှာ ဖော်ပြထားခဲ့ပါတယ်။

Matrix

အမည်းရောင်နောက်ခံပေါ်မှာ ကျောက်စိမ်းရောင်ခပ်ရှုပ်ရှုပ်နံပါတ်နဲ့ စာလုံးတွေ၊ ဖုန်းလာတာကိုကိုင်လိုက်တာနဲ့ ကမ္ဘာနှစ်ခုကူးပြောင်းသွားတဲ့လူသားတွေ၊ လယ်သာဂျာကင်အမည်းအရှည်ကြီးနဲ့ နေကာမျက်မှန်တွေအပြင် မင်းသား Keanu Reeves ရဲ့ ကျည်ဆန်အများကြီးကို ရှောင်တာ၊ ကာတာစတဲ့အခန်းတွေစတဲ့ Matrix ရုပ်ရှင်တွေရဲ့ ဇာတ်ဝင်ခန်းတွေဟာ ကျွန်တော်တို့ရဲ့ငယ်ဘဝကို ပြီးပြည့်စုံစေတဲ့အထဲ တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်နေခဲ့ပါတယ်။ နေက်ပြီး Matrix ဆို Neo နေရာက သရုပ်ဆောင်တဲ့ Keanu Reeves နဲ့ Trinity အဖြစ်သရုပ်ဆာင်ခဲ့တဲ့ Carrie-Anne Moss တို့ကို တစ်ခါတည်း တွဲမြင်မိကြမယ် မဟုတ်လား။ ဒါကြောင့် အခုလို Matrix 4 အတွက်ပြင်ဆင်နေပြီဆိုတော့ အဓိကဇာတ်ဆောင်ဖြစ်ခဲ့တဲ့ သူတို့နှစ်ယောက်ရော ပါဝင်နေဦးမှာလားဆိုတာ အရမ်းရင်ခုန်ခဲ့ရပါတယ်။

READ
လာမယ့်အပတ်မှာ အဆိပ်သင့်အာကာသယာဉ် ၀င်တိုက်နိုင်မယ့် နေရာများကိုထုတ်ပြန်
Matrix
Matrix

Keanu Reeves ရော၊ Carrie-Anne Moss ရောဟာ အရင်တုန်းကနေ့ရက်တွေလိုပါပဲ Matrix ကားထဲ Neo နဲ့ Trinity အဖြစ် ပါဝင်သွားမှာဖြစ်ပြီး ဇာတ်ညွှန်းနဲ့ဒါရိုက်တာဟာလည်း Matrix ရဲ့လူဟောင်း Lana Wachowski ပဲဆိုတော့ ရိုက်ကူးရေးမစခင်မှာတင် ကြည့်ချင်နေပါပြီနော်။

ရိုက်ကူးထုတ်လုပ်ရေးကိုတော့ အရင်လိုပဲ Warner Bros နဲ့ Village Roadshow Pictures တို့ကတာဝန်ယူထားခဲ့တယ်လို့ ၂၀၁၉ သြဂုတ်လ ၂၀ ရက်နေ့တုန်းက Warner Bros ရဲ့ ဥကဌ Toby Emmerich က ကြေငြာခဲ့တာပဲဖြစ်ပါတယ်။ ထုတ်လုပ်ရေးကုမ္ပဏီတွေအနေနဲ့လည်း အခုလို တစ်ခေတ်တစ်ခါက ထိပ်တန်းရောက်ခဲ့တဲ့ ဇာတ်ကားကိုဇာတ်လမ်းဆက်ပြန်လည်ရိုက်ကူးရမယ်ဆိုတော့ သိပ်ကိုဟိတ်လှုပ်ရှားနေရကြောင်း၊ အခုအချိန်အထိ ဇာတ်လမ်းဟာ ဆရာမ Lana Wachowski ရေးနေတုန်းဖြစ်တာကြောင့် ဘာမှတော့မသိရသေးကြောင်းနဲ့ လာမယ့် ၂၀၂၀ မှာတော့ production စမယ်ဆိုတဲ့အကြောင်းတွေကိုလည်း ထည့်သွင်းပြောကြားခဲ့ပါသေးတယ်။

READ
သမီးကိုလိင်ပိုင်းဆိုင်ရာစော်ကားခဲ့သူအား သေနတ်နဲ့ပစ်သတ်ပြီးလက်စားပြန်ချေတဲ့ဖခင်

Carrie-Anne Moss ကလည်း အကုန်လုံးနဲ့ထပ်တူပဲ စိတ်လှုပ်ရှားရင်ခုန်နေရပါတယ်လို့ သူမရဲ့ Instagram မှာ ရေးထားခဲ့တာကြောင့် လုံးဝကြီးသေချာတာ ဟုတ်နေပါပြီနော်။

 

 

View this post on Instagram

 

GRATEFUL AND BEYOND EXCITED 🙏

A post shared by Carrie-Anne Moss (@carrieannemoss) on

Penny

SHARE