ခန္ဓာကိုယ်ရဲ့အပူစွမ်းအင်ကို အသုံးပြုပြီး ဘက်ထရီ လုံးဝမလိုတဲ့ PowerWatch 2 နာရီ

သာမိုလျှပ်စစ်ပစ္စည်းတွေကို ထုတ်လုပ်တဲ့ Matrix Industries ကုမ္ပဏီကြီးကတော့ စွမ်းအင်သုံး လက်ပတ်နာရီသစ်တစ်မျိုးကို ထုတ်လုပ်လိုက်ပါပြီ။ နည်းပညာ ပစ္စည်းတွေ ပြသဖို့ နှစ်စဉ်ကျင်းပတဲ့ CES ပွဲမှာ မိတ်ဆက်ပေးလိုက်တာပါ။ PowerWatch စီးရီးအနေနဲ့ ထုတ်တာဖြစ်ပြီး ယခင်နှစ်က ပထမဆုံး PowerWatch အမျိုးအစားကို စထုတ်ခဲ့ပါတယ်။ ယခုနှစ်မှာတော့ PowerWatch 2 အနေနဲ့ အသစ်ထွက်ရှိလာတာပါ။

The Verge

PowerWatch 2 ဟာ လုံးဝအားသွင်းစရာမလိုတဲ့ နာရီဖြစ်ပြီး နာရီအလုပ်လုပ်ဖို့ စွမ်းအင်ကို လက်ကောက်ဝတ်က ထွက်တဲ့ အပူဓာတ်နဲ့ နေရောင်ခြည်စွမ်းအင်တို့ကို အသုံးပြုမှာဖြစ်ပါတယ်။ GPS နဲ့ ကိုယ်လက်လှုပ်ရှားနှုန်း မှတ်တဲ့ စနစ်တို့ ပါဝင်ပါတယ်။ ဒါပေမယ့်လည်း စမတ်နာရီတွေလို နိုတီပြတာတွေ၊ ဖုန်းဖြေဆိုလို့ ရတဲ့ feature မျိုးတွေတော့ မပါဝင်ပါဘူး။

The Verge

ကုမ္ပဏီက ကြေညာထားတာကတော့ ထိုနာရီဟာ အောက်ဒိုးထွက်လေ့ရှိတဲ့ လူမျိုးတွေအတွက် ရည်ရွယ်တာဖြစ်ပါတယ်။ တောင်တက်သမားတို့၊ အောက်ဒိုးမှာ အလုပ်လုပ်များသူတို့ စတဲ့လူမျိုးတွေဟာ နာရီအားသွင်းဖို့လည်း အချိန်မရှိတဲ့အပြင် နေရောင်နဲ့ အလွယ်တကူ ထိတွေ့ရသူတွေ ဖြစ်တဲ့အတွက် ထိုနာရီက သင့်တော်တာဖြစ်ပါတယ်။

READ
Headphone Jack ပေါက် ပါတော့မှာမဟုတ်တဲ့ Samsung ရဲ့ Galaxy A8s
The Verge

ဒိုင်ခွက် အရွယ်အစားကတော့ ၄၂ မီလီမီတာပါ။ ကြိုးက သားရေကြိုးဖြစ်ပြီး အလူမီနီယံ ဒိုင်ခွက်ပါ။ မနှစ်က ထွက်ရှိခဲ့တဲ့ PowerWatch 1 ထက် ဒိုင်ခွက်သေးတဲ့အတွက် လက်ကောက်ဝတ် သေးတဲ့လူတွေအတွက်လည်း သင့်တော်ပါတယ်။

The Verge

ဆိုလာပြားကတော့ ဒိုင်ခွက်ထဲမှာ ထည့်ထားပြီး နေရောင်စွမ်းအင်ရော အင်ဒိုးပိုင်းက အလင်းရောင်ကနေပါ စွမ်းအင်ယူနိုင်ပါတယ်။ ရေစိုလည်း ခံတဲ့ PowerWatch 2 ကတော့ အကြမ်းခံနာရီကြိုက်သူတွေနဲ့ ကွက်တိပါပဲ။ ဈေးနှုန်းကတော့ ကန်ဒေါ်လာ ၁၉၉ ဖြစ်ပြီး ၂၀၁၉ ဇွန်လမှာ ဈေးကွက်ထဲ ဝင်ရောက်လာမှာဖြစ်ပါတယ်။

The Verge

Ref: The Verge

SHARE