အမေရိကန် ထိပ်တန်းတက္ကသိုလ်တစ်ခုရဲ့ ပါမောက္ခအဖြစ် ခန့်အပ်ခံခဲ့ရတဲ့ ဟောလိဝုဒ်မင်းသား

Matthew McConaughey/Twitter

ဟောလိဝုဒ်မင်းသားကြီး မက်သရူးမက်ကော်နော့ဂီ(Matthew McConaughey)ရဲ့ ဇာတ်ကားတွေကိုကြည့်ဖူးကြတယ်မလား။ True Detective, Intersteller, The Wedding Planner, The Lincoln Lawyer, The Wolf of Wall Street ဇာတ်ကားတွေမှာပါဝင်ခဲ့ဖူးသလို Dallas Buyer Club နဲ့လည်း Oscar ဆုကို ဆွတ်ခူးထားသူဖြစ်ပါတယ်။

အခုတော့ မင်းသားကြီး မက်ကော်နော့ဂီတယောက် ပရော်ဖက်ဆာ မက်ကော်နော့ဂီ ဖြစ်လာပါပြီလို့ NY Times သတင်းစာက ဖော်ပြခဲ့ပါတယ်။။ တက္ကဆပ်တက္ကသိုလ်ရဲ့ ရေဒီယို၊ တယ်လီဗေးရှင်းနဲ့ ရုပ်ရှင် ဌာနမှာ ပရော်ဖက်ဆာအဖြစ်တာဝန်ထမ်းဆောင်မှာဖြစ်ပြီး ရုပ်ရှင်နဲ့ တယ်လီဗေးရှင်း ဌာနဘာသာရပ်တွေကို သင်ကြားပို့ချပေးတော့မှာ ဖြစ်ပါတယ်။

 

တကယ်တော့ မက်ကော်နော့ဂီဟာ တက္ကဆပ်တက္ကသိုလ်နဲ့ စိမ်းသူတယောက်တော့ မဟုတ်ပါဘူး။ သူဟာ ၁၉၉၃ ခုနှစ်က ဒီတက္ကသိုလ်ကနေ ဘွဲ့ရခဲ့သူဖြစ်သလို၊ အားလပ်ချိန်ရတိုင်းမှာ တက္ကသိုလ်ရဲ့ ဘေစ့်ဘောနဲ့ အမေရိကန်ရပ်ဘီပွဲတွေကို လာရောက်အားပေးလေ့ရှိသူဖြစ်သလို၊ ရံဖန်ရံခါမှာလည်း ကျောင်းရဲ့ဟောပြောပွဲတွေမှာ ဧည့်သည်အဖြစ် ပါဝင်ဟောပြောလေ့ရှိသူဖြစ်ပါတယ်။

Matthew McConaughey Facebook

မက်ကော်နော့ဂီဟာ သူရဲ့အတန်းချိန်တွေမှာ သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားတွေကို သင်ခန်းစာအဖြစ် လေ့လာစေမှာဖြစ်တယ်လို့ သိရပြီး လက်ရှိအချိန်မှာ ၂၀၁၃ ခုနှစ်ကထွက်ခဲ့တဲ့ Mud ဇာတ်ကားနဲ့ ၂၀၂၀ မှာထွက်မဲ့ The Gentlemen ရုပ်ရှင်တွေကို သင်ရိုးထဲထည့် ထားတယ်လို့ သိရပါတယ်။

KYM

SHARE