မင်းသားကြီး Matthew Perry က တော့ “Friends” စီးရီးနဲ့ ပရိသတ်တွေကြားမှာ လူသိများတဲ့ မင်းသားကြီးပါ။အသက် ၅၁ နှစ်ရှိ နေပြီ ဖြစ်တဲ့ Matthew Perry က တော့ အသက် ၂၉ နှစ်အရွယ် ချစ်သူလေး Molly Hurwitz နဲ့ စေ့စပ်လိုက်ပါတယ်။ Matthew Perry က တော့ သူ့ရဲ့ သတို့ သမီးလောင်းလေး အကြောင်းကို People နဲ့ အင်တာဗျူး တစ်ခုမှာ ထုတ်ပြောခဲ့ဖူး ပါတယ်။ကမ္ဘာ ပေါ်မှာ အေ ကာင်း ဆုံး မိန်းကလေး ပဲ လို့ တောင် မှ တင်စားခဲ့ ကာ စေ့စပ်ဖို့ ဆုံးဖြတ်လိုက်ပြီလို့ ကြေညာခဲ့တာပါ။ ဒီအကြောင်းကိုတော့ Daily Mail မှာ ဖော်ပြထားပါတယ်။
View this post on Instagram
“ကံကောင်းစွာနဲ့ပဲ ကမ္ဘာ ပေါ်မှာ အကောင်းဆုံး မိန်းကလေး နဲ့ ဒိတ်ခွင့်ရခဲ့တာပါ။ Molly Hurwitz က တော့ စာပေဆိုင်ရာ မန်နေဂျာ တစ်ယောက်ပါ။သူတို့နှစ်ယောက်ကေ တာ့ ချစ်သူတွေ ဖြစ်နေပြီဆိုတဲ့ အကြောင်းကို ချစ်သူများနေ့ မှာ ဆိုရှယ်မီဒီယာ ပေါ် ပုံ တင်ရင်း နဲ့ တရား ၀င် ချ ပြခဲ့တာပါ။အဲ့ဒီကျမှ ဆိုရှယ်မီဒီယာ ပေါ်မှာ ပုံတင် ပြီး တရားဝင်ချ ပြတာ ဆိုပေမယ့်လည်း သူတို့ ပတ်သက်မှု ကို လူတွေ က သိ နေခဲ့တာ လအ တော်ကြာခဲ့ပါပြီ။ West Hollywood က စားသောက်ဆိုင် ပြင်ဘက်မှာ နှစ်ယောက်သား အတူတူ ဒိတ်လုပ်နေ ပုံတွေ အပါအ၀င် သူတို့နှစ်ယောက် သွားလာနေတဲ့ ပုံတွေ က ရှေ့မှာ အများကြီး ထွက်ပေါ် ခဲ့ပြီးပါပြီ။
View this post on Instagram
Matthew နဲ့ Molly တို့ကေ တာ့ ချစ်သူတို့ရဲ့ ထုံးစံ အတိုင်း ၂၀၂၀ အစောပိုင်း တုန်းက လမ်းခွဲပြီဆိုပြီး ဖြစ် ခဲ့ ကြပါ သေးတယ်။အတွင်းလူ တစ်ယောက်ရဲ့ ပြောစကားအရ တော့ ဒီလို ပြတ်ကြတာ တွေ က နှစ်ယောက်ကြားမှာ မကြာခဏ ဖြစ် တတ် တယ်လို့ ဆိုပါတယ်။ရန်ဖြစ်လိုက် ပြန်ချစ်လိုက် အတွဲက တော့ သိပ်မကြာခင်မှာပဲ လမ်းခွဲတယ်ဆိုတာ ကောလာဟလ ပါ။ နောက်ဆုံး ပြန် ပေါင်း ထုပ်ကြပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ် လာခဲ့ပါတယ်။ Matthew က တော့ Molly အပေါ် တကယ့်ကို လေးလေး နက်နက် နဲ့ တန်ဖိုး ထားတာ ပါလို့ လည်း သူတို့နဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်း တွေ က ပြောကြပါတယ်။တကယ်လို့ Molly နဲ့ များ လက်ထပ် ဖြစ်ခဲ့ရင်တော့ ဒါဟာ Matthew Perry အတွက် ပထမဆုံး အကြိမ် လက်ထပ်ပွဲ ဖြစ် လာ မှာပါ။Perry က တော့ ၁၉၉၅ မှာ Yasmine Bleeth ၊၁၉၉၆ မှာ Julia Roberts တို့နဲ့ တွဲခဲ့ဖူးပါတယ်။သူ့နဲ့ အကြာ ဆုံး တွဲခဲ့ဖူးတဲ့ မင်းသမီး က တော့ Lizzy Caplan ပါ။၂၀၀၆ ကေ န ၂၀၁၂ အထိ တြဲခဲ့တာပါ။
Matthew Perry aka Chandler engaged with his gf Molly Hurwitz#matthewperry pic.twitter.com/vLocX04p0P
— Poorva🌸🌷 (@Ladki_Nakhreli) November 27, 2020
Perry က တော့ Friends သရုပ်ဆောင်တွေ ပြန်လည် တွေ့ ဆုံ တဲ့ special episode အစီအစဉ် ရှိခဲ့ပေမယ့်လည်း ကိုဗစ်ကြောင့် ကြန့်ကြာ သွားခဲ့ရပါတယ်။ ‘Friends reunion’ ကို မတ်လ အစောပိုင်း တည်းက စတင် ဖို့ လုပ် ထားပေမယ့်လည်း .ဒီနှစ်က ကျွန်တော်တို့ အတွက် အလုပ်များတဲ့ နှစ်တစ်နှစ်ဖြစ်သွားတယ်..” ဆိုပြီး သူ့ရဲ့ တွစ်တာ မှာ တင်ခဲ့ပါတယ်။တကယ် တော့ ၂၀၂၀ မေ ဆိုပြီး အစ တုန်းက စီစဉ် ထားခဲ့တာပါ။
View this post on Instagram
ဒါပေမယ့် ကိုဗစ်ကြောင့် ဒိတ်ကို ၂၀၂၀ သြဂုတ် ဆိုပြီး နောက်ဆုတ် ခဲ့ရပါတယ်။ပရိသတ် ချစ်တဲ့ Friends သရုပ်ဆောင် Jennifer Aniston, Courteney Cox, Matt LeBlanc, Lisa Kudrow, David Schwimmer ၊Matthew Perry တို့က လူချင်း ပြန်လည် တွေ့ဆုံ သွားကြဖို့ လုပ်ထားတာပါ။နောက်ဆုံး ထွက်ထားတဲ့ သတင်းအရ တော့ ‘Friends reunion’ ကို ၂၀၂၁ မတ် မှ ရိုက်ကူး မယ်လို့ သိရပါတယ်။
View this post on Instagram
#SHWEMOM