သူ့နာမည်နဲ့ ဇာတ်ကောင်ကိုသာ မသိရင်နေမယ် Harry Potter ကြည့်ဖူးတဲ့သူတိုင်း ဒီကောင်လေးကိုတော့ အားလုံးမျက်မှန်းတန်းမိကြမယ်နဲ့ တူပါတယ်။

ဇာတ်ကောင်နာမည်ကတော့ Neville Longbottom ပဲဖြစ်ပါတယ်။ Neville Longbottom နေရာမှာ သရုပ်ဆောင်ခဲ့တာကတော့ သရုပ်ဆောင် Matthwe Lewis ပါ။ Gryffindor အိမ်ကဖြစ်ပြီးတော့ အမြဲတမ်း အလွဲလွဲအချော်ချော်နဲ့ အနစ်နာခံတဲ့ဇာတ်ကောင်နေရာကနေပြီး ရိုက်ကူးပုံဖော်ထားခဲ့ရပါတယ်။


အခုတော့ Matthwe Lewisဟာ အသက် ၃၁ နှစ်တောင် ရှိလို့နေခဲ့ပါပြီ။ သူ့အနေနဲ့ Harry Potter ကြောင့် ကမ္ဘာကျော်ခဲ့တယ်လို့ ဆိုနိုင်ပေမယ့်လို့ တစ်ဖက်မှာလည်း ဒီနေရာမှာ သရုပ်ဆောင်ခဲ့တဲ့အတွက် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ရှိလာခဲ့ပါတယ်။ Matthwe Lewis ဟာ Harry Potter ကို ပြန်ကြည့်တိုင်း သူသရုပ်ဆောင်ခဲ့ရတဲ့ ဇာတ်ကောင်ကိုကြည့်ပြီး စိတ်နာနာနေခဲ့ရပါတယ်လို့ The New York Times သတင်းစာနဲ့ အင်တာဗျူးမှာ ဖွင့်ဟခဲ့ပါတယ်။
View this post on Instagram
ဘာကြောင့်လဲဆိုတော့ Neville Longbottom လိုမျိုးပဲ သူ့ရဲ့ငယ်ဘဝဟာ အပယ်ခံဖြစ်ခဲ့ပြီးတော့ အားလုံးအတွက် ဇာတ်ရံလူ၊ စနောက်စရာ၊ အသုံးမကျဘဲ အကျုံးမဝင်တဲ့လူဖြစ်ခဲ့လို့ပါတဲ့။ ဒါကြောင့် ပြန်ကြည့်တိုင်း အဲဒါဇာတ်ကောင်သက်သက်ပဲမဟုတ်ဘူး၊ တကယ့် ငါမှငါအစစ်ပဲဆိုပြီးတော့ ပြန်မြင်ရင်း သနားမိခဲ့ရတယ်လု့ဆိုခဲ့ပါတယ်။
View this post on Instagram
Matthwe Lewis ဟာ အခုအချိန်ထိလည်း ဟောလိဝုဒ်လောကထဲမှာ ရံဖန်ရံခါဆိုသလို ဇာတ်ပို့အဖြစ် ဝင်ပြီး ရုပ်ရှင်တွေရိုက်နေတုန်းပါပဲ။
View this post on Instagram
penny