ဖိုတိုရှော့ပ်မာစတာများလား မှတ်ရတဲ့ ရုရှားနိုင်ငံက ဒီဂျစ်တယ် အနုပညာရှင်

ကွန်ပျူတာနဲ့ စမတ်ဖုန်းတွေမှာ ဓာတ်ပုံပြင်တဲ့ အက်ပလီကေးရှင်းတွေ အများကြီး ပေါ်ထွက်လာခြင်းနဲ့အတူ  ဓာတ်ပုံပြင်တဲ့ ကိစ္စက လူတွေရဲ့ ဘ၀မှာ တစ်စိတ်တစ်ပိုင်းအဖြစ်ရှိလာပါတယ်။

ရိုက်ခဲ့သမျှဓာတ်ပုံတွေကို အမြင်တင့်တယ်အောင်၊ အရောင်အသွေးစုံလင်အောင် လုပ်ချင်တဲ့ ဆန္ဒကိုယ်စီရှိကြပြီး တစ်ခါတစ်ရံ ချစ်သူခင်သူတွေကို အရူးလုပ်ချင်တဲ့ စိတ်ကလေးရှိတာကြောင့် ဓာတ်ပုံပြင်တဲ့ အက်ပလီကေးရှင်းတွေဟာ ပိုပို တွင်ကျယ်လာခဲ့ပါတယ်။

အခုလက်ရှိမှာ  ဓာတ်ပုံတွေကို အနေအထားတစ်ခုထိရောက်အောင် ပြင်ဆင်ပြီး နာမည်ကြီးနေတဲ့ ရုရှားနိုင်ငံသားတစ်ယောက်ရှိပါတယ်။ Max Asabin ဆိုတဲ့ ရုရှား ဒီဂျစ်တယ် အနုပညာရှင်ဟာ မတူညီတဲ့ နောက်ခံနဲ့ ဓာတ်ပုံတွေကို အပိုအလိုမရှိ ကွက်တိ ပေါင်းစပ်ပြီး ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ဓာတ်ပုံတွေကို ဖန်တီးနေပါတယ်။

Max Asabin/ DevianArt

သူက တကယ့် ပုံအစစ်အတိုင်း ဖြစ်အောင် အလင်းအမှောင်၊ အရောင်တွေကို ချိန်ညှိ၊ မတူညီတဲ့ နောက်ခံတွေကို သပ်သပ်ရပ်ရပ် ဖြတ်ဆက်ပြီး ပဉ္စလက်ဆန်တဲ့ ပုံရိပ်တွေကို ဖန်တီးယူတယ်။ ဒီဂျစ်တယ် အနုပညာအလုပ်ဟာ သူ့အတွက်တော့ အဓိက ဦးစားပေး အလုပ်တစ်ခုအဖြစ်ရှိနေခဲ့တာ နှစ်တော်တော်ကြာအောင်ရှိနေပါပြီ။

READ
ကမ္ဘာကျော်ပန်းချီကားတွေရဲ့ပုံစံတူအတိုင်း ဓာတ်ပုံပညာဖြင့်အသက်သွင်းထားသောပုံများ

သူက ဖန်တီးလိုက်တဲ့ ဓာတ်ပုံတိုင်းမှာ သူရဲ့ ကျွမ်းကျင်မှုတွေကို ပြသထားပါတယ်။ ၂၀၀၇ ခုနှစ်တုန်းက Adobe Photoshop CS6 ကို ဘယ်လို အသုံးပြုရမလဲ ကိုယ့်ဟာကိုယ် လေ့လာခဲ့တယ်။ အဲ့ဒီ့နောက် တောက်လျှောက် အသုံးပြုခဲ့တယ်လို့ သိရတယ်။ သူရဲ့ ဓာတ်ပုံတွေကို DevianArt ဆိုတဲ့ ဆိုက်မှာ တင်လေ့ရှိပြီး လောလောဆယ်မှာ ပရိတ်သတ် (၃၅၀၀၀) ကျော်လောက် ရရှိနေပါပြီ။ သူရဲ့ အံအားသင့်စဖွယ် ဓာတ်ပုံတွေကိုလည်း ခံစားကြည့်ပါဦး….

1.

Max Asabin/ DevianArt

2.

Max Asabin/ DevianArt

3.

Max Asabin/ DevianArt

4.

Max Asabin/ DevianArt

5.

Max Asabin/ DevianArt

6.

Max Asabin/ DevianArt

7.

Max Asabin/ DevianArt

8.

Max Asabin/ DevianArt

9.

Max Asabin/ DevianArt

10.

Max Asabin/ DevianArt

11.

Max Asabin/ DevianArt

12.

Max Asabin/ DevianArt

13.

Max Asabin/ DevianArt

14.

Max Asabin/ DevianArt

15.

READ
ပုံမဆွဲတတ်ပေမယ့် လူကြိုက်များပြီး နာမည်ကြီးနေတဲ့ တက်တူးဆရာမလေး
Max Asabin/ DevianArt
SHARE