မျက်နှာကို လက်နဲ့ မထိအောင် တားပေးမယ့် နာရီကို Max Melia တီထွင်

Image:twitter/Emma Rawlinson
မျက်နှာ ကို အ ကြောင်း အမျိုးမျိုး ကြောင့် ထိမိတတ်ပါတယ်။မျက်နှာ ယားတာ၊ကိုယ်တိုင် တောင် မသိလိုက်ပဲ ရုတ်တရက် ထိ မိ ကိုင်မိတာ မျိုးတွေရှိတတ်ပါတယ်။ပုံမှန် ဆိုရင်တော့ ဒါ မျိုးက ပြဿနာ မရှိ ပေမယ့် ဒီနေ့ လို ကိုဗစ် ကာမှာတော့ မျက်နှာကို လက်နဲ့ မထိ အောင် အတက်နိုင်ဆုံး ကြိုးစားနေထိုင်ရမှာပါ။ဒါမှ သာ လက်က နေ ကပ်ပါ လာ တဲ့ ပိုးတွေ က နှာ ခေါင်း၊ပါးစပ်အ စရှိတဲ့ နေရာ တွေ က တစ်ဆင့် ခန္ဓာကိုယ်ထဲ ကို အလွယ် တကူ မ၀င် နိုင်မှာပါ။မျက်နှာ ကို မကြာခဏ လက်နဲ့ ထိတတ်တဲ့ လူတွေ အတွက် ဒီပြဿနာ ကို ဖြေရှင်းပေးနိုင်မယ့် နည်း ကို ဆယ် ကျော်သက် ကောင်လေး တစ် ယောက်က တီထွင်ခဲ့ပါတယ်။ဒီ အ ကြောင်းကိုတော့ CNN မှာ ဖော်ပြထား တာပါ။
ကောင်လေးရဲ့ နာမည်က တော့ Max Melia ပါ။အသက်က တော့ (၁၅)နှစ် ဖြစ်ပြီး ဗြိတိန် ကပါ။သူက တော့ Vyb pro ဆိုတဲ့ နာရီကို ဖန်တီးခဲ့ပါတယ်။ဒီနာရီ က  တော့ မျက်နှာကို လက်နဲ့ ထိ မိ မယ် ကြံ တိုင်းသတိ ပေးတား မြစ် သွး မှာပါ။မိဘ နှစ်ပါး လုံးက ကိုဗစ် ကူးစက်ခံခဲ့ရတာ ကြောင့် ဒီလို ဖန်တီးမှု မျိုးကို လုပ်ဖို့ စိတ်ကူး ရခဲ့တာပါ။ဒီနာ ရီ ရဲ့ လုပ် ဆောင် ပုံကို ရှင်းပြ ပေးချင်ပါတယ်။နာရီ မှာတော့ အဓိက ကိုယ်ဟန်အ မူအရာ တွေကို မှတ်ထား တာပါ။ဟန် အမူ အရာ တွေကိုမှတ် ထားပြီး လက်က မျက်နှာ ဆီကို ရောက်လာပြီ ဆိုတာနဲ့ သူက တားဆီး ပေး မှာပါ။ algorithms စနစ် ကိုလည်း ထည့်ထား ပေးပါတယ်။မျက်နှာကို ထိ တော့ မယ်ဆိုတာနဲ့  နာရီ က အချက် ပေး တုန် ထါ မှာ ဖြစ်ပြီး သင့်ကို သတိ ပေး သွားမှာပါ။Max က တော့ နာရီ တစ်လုံးကို လက် ကောက်ဝတ်တစ်ခု နဲ့ နှစ်ဖက် လုံး မှာ ၀တ်ထားဖို့ အကြံ ပြု ခဲ့ပါတယ်။

Max ရဲ့ မေ မေ Natalie Melia က တော့ ဒီ စိတ်ကူးဟာ (၂၀၁၈) တုန်းက သူတို့ မိသားစု တွေ က အ အေးမိ နဲ့ တုပ် ကွေး ကို ဘယ်လို ကာကွယ်ကြမလဲ ဆိုပြီး ပြော ဖြစ်ရင်း က နေ ရ လာခဲ့တာ လို့ ဆိုပါတယ်။ဒါ ပေမယ့် ကြိ ဗစ် ဖြစ် ချိန် မှာတော့ Max က အဲ့ဒီ တုန်းက စိတ်ကူးကို လက် တွေ့ အ ကောင် အထည် ဖော်ခဲ့တာပါ။Max ရဲ့ ဖေ ဖေ Richard Melia နဲ့   တို့ ပူးပေါင်းမှု ရဲ့ ရလဒ်ပါ။အားပြန်သွင်းလို့ ရတဲ့ silicon waterproof band နဲ့ sealed pod design  မျိုး ဖြစ်တာ ကြောင့် ရေ ၊ချွေးနဲ့ လက် ဆေးရည် တို့ ဒဏ်ကို ခံနိုင်ရည့် ရှိပါတယ်။Maz က တော့ သူ့ ဖန် တီးမှု ကို အ ကောင်အထည် ဖော်နိုင်ဖို့ $74,000 ရန်ပုံ ငွေ လှုံ့ ဆော်မှု လုပ် နေပါတယ်။လက်ရှိမှာေ တာ့ $15,000 ရ ထားပါတယ်။  VybPro  ကို တော့ အ မေရိကန် ဒေါ်လာ $111 လောက် နဲ့ ရောင်းချ သွား နိုင် ဖို့ ရည်ရွယ်ထားပါတယ်။(၂၀၂၀) စက်တင်ဘာ ကျရင် တော့ ရောင်းချ နိုင်ဖို့ မျှော်လင့်ရ ပါတယ်။

READ
တစ်ချိန်တုန်းက အိမ်ရာမဲ့ဖြစ်ခဲ့ဖူးတဲ့ အောင်မြင်ကျော်ကြား စွန့်ဦးတီထွင်သူများ

#SHWEMOM

SHARE