အားကစားပြိုင်ပွဲတော်တော်များများမှာ ယုံကြည်မှုလွန်ကဲတဲ့ အားကစားသမားမျိုးတွေကို တော်တော်များများ တွေ့ဖူးကြမှာပါ။ အဲဒီလိုလူတွေဟာ တစ်ဖက်ပြိုင်ဖက်ကို အထင်တွေသေး၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေလွန်ကဲနေတဲ့ အပြုအမူမျိုးတွေ ရှိတတ်ပါတယ်။ များသောအားဖြင့် အဲဒီလို ယုံကြည်မှုလွန်ကဲနေတဲ့ လူတွေရဲ့ အဆုံးသတ်ကတော့ သိပ်မလှပါဘူး။ အခုပြောပြချင်တဲ့ လက်ဝှေ့သမားတစ်ယောက်ရဲ့ အဖြစ်အပျက်ကလည်း အဲဒီလိုပါပဲ။ မက္ကဆီကိုနိုင်ငံက လက်ဝှေ့သမားတစ်ယောက်ဟာ လက်ဝှေ့ထိုးနေတဲ့အချိန် ပြိုင်ဖက်ကိုအထင်သေးခဲ့တာကြောင့် မမျှော်လင့်တဲ့ အဖြစ်အပျက်တစ်ခုနဲ့ အဆုံးသတ်ခဲ့ကြောင်း au.sports.yahoo.com သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
အဆိုပါ လက်ဝှေ့ကစားသမားကတော့ Julian Fernandez လို့ အမည်ရတဲ့ လက်ဝှေ့သမားတစ်ယောက်ပဲ ဖြစ်ပါတယ်။ Julian ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်နေ့တုန်းက Frank Sanchez လို့ အမည်ရတဲ့ လက်ဝှေ့သမားတစ်ယောက်နဲ့ ထိုးသတ်ခဲ့ပါတယ်။ Julian ကတော့ ထိုးသတ်ခဲ့တဲ့ ၁၇ ပွဲမှာ ၁၄ ပွဲနိုင် ၃ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပြီး ပြိုင်ဖက်ဖြစ်သူ Frank ကတော့ ထိုးသတ်ခဲ့တဲ့ ၁၇ ပွဲမှာ ၁၇ပွဲနိုင် ရှုံးပွဲမရှိ စံချိန်ကို ရရှိထားတဲ့ လက်ဝှေ့သမားတစ်ယောက် ဖြစ်ပါတယ်။ Frank လိုမျိုး ရှုံးပွဲမရှိတဲ့ လက်ဝှေ့သမားတစ်ယောက်ကို Julian အနေနဲ့ ဂရုတစိုက်ထိုးသတ်ဖို့ လိုအပ်ပါတယ်။
“That’s a bold strategy Cotton, let’s see if it works out for him.” pic.twitter.com/YSSZkrp9gC
— DAZN Boxing (@DAZNBoxing) December 20, 2020
This Slow-Mo. 😳 pic.twitter.com/5rRXbn2BRL
— DAZN Boxing (@DAZNBoxing) December 20, 2020
ဒါပေမယ့် လက်ဝှေ့ထိုးသတ်နေတဲ့ အချိန်မှာတော့ Julian တစ်ယောက် Frank ကို အထင်သေးခဲ့မိပုံပါပဲ။ ဗီဒီယိုထဲမှာ တွေ့ရတဲ့အတိုင်း Julian ဟာ Frank ကို စိန်ခေါ်စကားတွေ တောက်လျှောက်ပြောပြီး မျက်နှာကို ထိုးသတ်ဖို့ ပြောနေတဲ့အပြင် လက်နဲ့တောင် သူ့မျက်နှာကို သူမကာထားခဲ့ပါဘူး။ အဲဒီအချိန်မှာပဲ Frank ရဲ့ လက်သီးတစ်ချက်ဟာ Julian ရဲ့ မျက်နှာကို တည့်တည့်ကြီး ဝင်သွားပြီး Julian တစ်ယောက် ဟန်ချက်ပျက်သွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Frank ဟာ Julian ရဲ့ မျက်နှာကို နောက်ထပ် နှစ်ချက်ဆက်တိုက် ထိုးလိုက်တဲ့အချိန်မှာတော့ Julian တစ်ယောက် knockout ဖြစ်သွားပြီး ကြိုးဝိုင်းအပြင်ကိုတောင် လဲကျသွားခဲ့ရှာပါတယ်။
View this post on Instagram
ဒီအဖြစ်အပျက်နဲ့ပတ်သတ်ပြီး Julian ရဲ့ ပရိသတ်တွေဟာ Julian ကို ဝိုင်းဝန်းဝေဖန်ခဲ့ကြပါတယ်။ “ကျွန်တော့်အနေနဲ့ ပြိုင်ဖက်ကို သွေးဆူနေတဲ့အချိန်မှာ သတိလက်လွတ်ဖြစ်သွားပြီး အထင်သေးခဲ့မိပါတယ်။ ကျွန်တော့်ရဲ့ လုပ်ရပ်ကို ကျွန်တော်တစ်ကယ်နောင်တရမိပါတယ်။ နောက်တစ်ခါအဲဒီလိုပုံစံမျိုး မဖြစ်အောင် ကျွန်တော်ကြိုးစားသွားပါမယ်။ ကျွန်တော့်ရဲ့ လုပ်ရပ်ကြောင့် ပရိသတ်တွေ စိတ်ပျက်သွားတယ်ဆိုရင် ကျွန်တော့်အနေနဲ့ တစ်ကယ်ကို အနူးအညွတ်တောင်းပန်ပါတယ်”လို့ Julian က သူ့ရဲ့ Facebook ပို့စ်မှာ ဖော်ပြခဲ့ပါတယ်။
Pyi Hein Kyaw