(၁၅-၅-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Sky

နယူးကာဆယ် – နယူးကာဆယ်အသင်းနည်းပြ ဘင်နီတက်ဇ်ရဲ့ လာမယ့်အပြောင်းအရွှေ့ရာသီမှာ ဆလိုဗက်ကီးယားဂိုးသမား Martin Dubravka ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ Martin ကို ခေါ်ယူဖို့ ပေါင်(၄)သန်းအထိ ပေးချေရဖို့ရှိပြီး အခုအခါမှာတော့ နှစ်ဘက်ညှိနှိုင်းမှု ပြေလည်ပြီဖြစ်ကြောင်း သိရပါတယ်။

အာဆင်နယ် – အာဆင်နယ်အသင်းက စိတ်ဝင်စားနေတဲ့ ဟော့ဖင်ဟိမ်းနည်းပြ Julian Nagelsmann ဟာ လက်ရှိအသင်းမှာ ဆက်ရှိနေဖို့ (၁၀၀)%သေချာနေကြောင်း သိရပြီး လာမယ့်ဘောလုံးရာသီအကုန်အထိ အသင်းမှာဆက်ရှိနေဖို့ သေချာတယ်လို့ သိရပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းကလည်း ကစားသမားဟောင်း အာတီတာကို နည်းပြသစ်အဖြစ် ခန့်အပ်မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

အာဆင်နယ် – အာဆင်နယ်နည်းပြအဖွဲ့ဝင်တွေထဲမှာပါဝင်တဲ့ Steve Bould နဲ့ Jens Lehmann တို့ဟာ အသင်းနည်းပြ အာစင်ဝင်းဂါး အသင်းကနေ ထွက်ခွာသွားပြီးနောက် အသင်းမှာဆက်ရှိနေဖို့ ရှိမရှိဆိုတာကို မဆုံးဖြတ်ရသေးကြောင်းဆိုပါတယ်။ အဆိုပါအဖွဲ့ဝင်နှစ်ဦးစလုံးကလည်း နောက်ရောက်လာမယ့် နည်းပြရဲ့အခြေအနေကို စောင့်နေပုံရပါတယ်။

READ
ပရိသတ်ကို ကွန်ဖူးကစ်နဲ့ကန်ခဲ့တဲ့ အီဗရာ အသင်းကထုတ်ပယ်ခံရ
News24Feed

အာတီတာ – အာစင်ဝင်းဂါးရဲ့နေရာကို ဆက်ခံမယ့်သူအဖြစ် အသင်းကပ္ပတိန်ဟောင်း၊ မန်စီးတီးလက်ထောက်နည်းပြ အာတီတာက အလွန်ရေပန်းစားနေကြောင်း Skysports မှာ ဖော်ပြထားပါတယ်။ အာဆင်နယ်အသင်းဟာ နည်းပြသစ်အတွက် ငွေကြေးအမြောက်အများ အကုန်အကျမခံလိုကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပြီး အာတီတာ၊ မာတီဆက်ကာ၊ ယွန်းဘတ် အစရှိတဲ့ အသင်းဂန္ထဝင်ကစားသမားဟောင်းတွေနဲ့ နည်းပြအဖွဲ့,ဖွဲ့စည်းမှာလို့ သိရပါတယ်။

ကွန်တီ – ချယ်လ်ဆီးနည်းပြ ကွန်တီက အသင်းနည်းပြရာထူးကနေ မိမိရဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ထွက်ခွာမှာမဟုတ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ကွန်တီဟာ ချယ်လ်ဆီးအသင်းအတွက် ယခုနှစ်ရာသီမှာ လုံလောက်တဲ့ အောင်မြင်မှု ရယူနိုင်ခဲ့ခြင်းမရှိလို့ အသင်းကနေ ထွက်ခွာရဖို့ရှိနေပေမယ့် အသင်းကနေ ထွက်ခွာဖို့မရှိပါဘူးတဲ့။ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက ကွန်တီဟာ အသင်းကနေ အထုတ်ပယ်ခံရအောင်ပြုလုပ်ပြီး မက်မောဖွယ်လျှော်ကြေးကို မျှော်လင့်နေပုံရတယ်လို့ စွပ်စွဲရေးသားမှုတွေ ရှိခဲ့ပါသေးတယ်။

Sky

ဝက်စ်ဟမ်း – ဝက်စ်ဟမ်းအသင်းဟာ ဒေးဗစ်မိုယက်ရဲ့နေရာမှာ နယူးကာဆယ်နည်းပြ ဘင်နီတက်ဇ်ကို အစားထိုးလိုနေကြောင်း သိရပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ ယခုနှစ်ရာသီးသိမ်းချိန်မှာ အဆင့်(၁၃)မှာ ရပ်တည်နိုင်ခဲ့ပြီး လာမယ့်နှစ်မှာတော့ ယခုထက်ပိုကောင်းတဲ့ရလဒ်တွေကို မျှော်လင့်နေပါတယ်။ ဒါပေမယ့် နယူးကာဆယ်အသင်းပိုင်ရှင် အက်ရှ်လေက ဘင်နီတက်ဇ်ကို အသင်းကနေ မထွက်ဖို့မေတ္တာရပ်ခံထားကြောင်း သိရပါတယ်။

READ
ဘာစီလိုနာအသင်း၏ တွစ်တာအကောင့် အဟက်ခံရပြီး၊ ဒီမာရီယာကို ခေါ်ယူခဲ့ကြောင်း ဖော်ပြခဲ့

PSG – ပြင်သစ်ကလပ် PSG အသင်းဟာ နည်းပြအမ်မရီရဲ့နေရာကို ဘွန်ဒက်စ်လီဂါကလပ် ဒေါ့မွန်အသင်းနည်းပြ သောမက်စ်တူချယ်နဲ့ အစားထိုးနိုင်ခဲ့ပြီဖြစ်ကြောင်း ၎င်းတို့ရဲ့ တွစ်တာမှာ ဖော်ပြခဲ့ကြောင်း သိရပါတယ်။ ၎င်းကြေညာချက်မှာ ဖော်ပြထားချက်အရ တူချယ်ဟာ PSG နဲ့ (၂)နှစ်သက်တမ်းရှိစာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။

AS English

နတ်စည်တော် (Shwemom)

Ref : skysports.com
Ref : goal.com
Ref : thesun.co.uk

SHARE