(၁၆-၅-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Laacibnet

ယူရိုပါလိဂ် ပြိုင်ပွဲအချက်အလက်များ – မနက်ဖြန်မနက် (၁.၁၅)နာရီမှာ ယှဉ်ပြိုင်မယ့် မာဆေးနဲ့ အေတီကို အသင်းတို့ပွဲစဉ်မှာ အေတီကိုက အစဉ်အလာအားဖြင့် အတော်လေးအားသာချက် ရှိနေပါတယ်။ အကြောင်းကတော့ အေတီကိုအသင်းဟာ ဗိုလ်လုပွဲကို နှစ်ကြိမ်ရောက်ခဲ့ရာမှာ နှစ်ကြိမ်စလုံဗိုလ်စွဲထားပါတယ်။ ဒီလိုပဲ မာဆေးကလည်း ဗိုလ်လုပွဲကို နှစ်ကြိမ်ရောက်ခဲ့ပေမယ့် နှစ်ကြိမ်စလုံး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတာပါ။

Bwin

အားသာချက် အားနည်းချက် – ဒါပေမယ့် ဗိုလ်လုပွဲကစားရမယ့်နေရာက မာဆေးတို့ရဲ့ပိုင်နက် ပြင်သစ်မြေမှာဖြစ်ပြီး ဒီအချက်က အိမ်ရှင်/အဝေးအားသာချက်ကို ဖြစ်စေနိုင်ပါတယ်။ အေတီကိုအသင်းဟာ နည်းပြ ဆီမြွန်နီပွဲပယ်ပြဒဏ်ကျခံနေရလို့ ဖိအားတစ်ချို့ဝင်နိုင်တယ်လို့ ယူဆရပေမယ့် အာဆင်နယ်ကိုလည်း ဒီပုစံနဲ့ပဲကျော်ဖြတ်ခဲ့တာပါ။ ဒီတော့ ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုဟာ အကြိတ်အနယ် ရှိလာမှာပါဘဲ။

မာဆေး – မာဆေးအသင်းဟာ နောက်ပိုင်းပွဲစဉ်တွေမှာ ရုန်းကန်ထားရပြီး အသင်းရဲ့တိုက်စစ်ပိုင်းမှာ ပြဿနာသိပ်မရှိပေမယ့် ခံစစ်ပိုင်းမှာ အားနည်းချက်တွေ ရှိနေတာကို တွေ့ပါတယ်။ အဓိကအားဖြင့်တော့ မာဆေးအသင်းဟာ ယခုပြိုင်ပွဲမှာ ပြင်သစ်အခြေစိုက်အသင်းတွေ ဗိုလ်မစွဲဖူးသေးဘူးဆိုတဲ့ သမိုင်းအမည်းစက်ကို ဖြေဖျောက်ဖို့ ကြိုးစားမှာမို့ ပွဲက တော်တော်လေး မြိုင်ဆိုင်နေပါတယ်။

READ
တိုက်စစ်မှူးမက်ဆီကို တစ်ပတ်လုပ်ခပေါင်(၅)သိန်းဖြင့် (၄)နှစ်စာချုပ် ဘာစီလိုနာ ချုပ်ဆိုမည်
Independent

အသလက်တီကို – အေတီကိုရဲ့ သမိုင်းမှတ်တမ်းကို ပြန်ကြည့်မယ်ဆိုရင် အေးတီကိုအသင်းဟာ (၁၉၆၁)ခုနှစ်နောက်ပိုင်း ပြင်သစ်မြေမှာ ပြင်သစ်အခြေစိုက် ကလပ်အသင်းတွေကို အနိုင်မယူနိုင်ခဲ့တာ (၅၇)နှစ်ထိ ရှိနေပါပြီ။ ဒါကလည်း အေတီကိုအတွက်တော့ သမိုင်းအမည်းစက်ကြီး ဖြစ်ပါတယ်။ ဒါပေမယ့် ပြင်သစ်မြေမှာမဟုတ်တဲ့ အခြားပြိုင်ပွဲတွေမှာတော့ အေတီကိုဟာ ပြင်သစ်အခြေစိုက်ကလပ်တွေနဲ့ (၁၂)ကြိမ် တွေ့ဆုံထားရာ (၆)ပွဲနိုင်၊ (၅)ပွဲသရေ၊ (၁)ပွဲရှုံးနဲ့ ရလဒ်တွေ ကောင်းနေပါတယ်။

မာဆေးအသင်းကတော့ စပိန်အသင်းတွေနဲ့ ဥရောပပြိုင်ပွဲတွေမှာ ထိပ်တိုက်တွေ့ဆုံမှု (၁၅)ပွဲအထိ ရှိခဲပေ့မယ့် (၄)ပွဲသာ အနိုင်ရပြီး (၈)ကြိမ် ရှုံးနိမ့်ကာ၊ သရေ(၃)ပွဲရလဒ်ကို ပိုင်ဆိုင်ထားတာပါ။ ဒါကြောင့် အသင်းချင်း ယှဉ်မယ်ဆိုရင်တော့ အေတီကိုဟာ မာဆေးထက် ပိုပြီး မာကြောနေပါတယ်။ မာဆေးအနေနဲ့ အိမ်ကွင်းကဲ့သို့ ယှဉ်ပြိုင်ခွင့် ရမှာမှန်ပေမယ့် အေတီကိုကိုတော့ အနိုင်မယူနိုင်လောက်ဘူးလို့ သုံးသပ်ရပါတယ်။ အနိုင်ရလဒ်ကို အေတီကိုကပဲ (၀-၁),(၁-၂) ရလဒ်တွေနဲ့ ပုံဖော်နိုင်မယ်လို့ ခန့်မှန်းရပါတယ်။

Yahoo

UEFA – ဒိုင်လူကြီးတွေကို ရန်လိုတဲ့အပြုအမူ၊ ဆဲဆိုစော်ကားခဲ့မှုတွေအတွက် ပွဲပယ်ပစ်ဒဏ်ချမှတ်ခံထားရတဲ့ အေတီကိုနည်းပြ ဆီမြွန်နီအနေနဲ့ ဗိုလ်လုပွဲကိုလည်း ကြီးကြပ်ခွင့်ရမှာ မဟုတ်ပါဘူး။ အေတီကိုဘက်က ယခုပြစ်ဒဏ်အတွက် အယူခံတင်ခဲ့ပေမယ့် UEFA စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ပယ်ချခဲ့ပါတယ်။

READ
(၂၉-၄-၁၈)အတွက် ညနေခင်းပိုင်း ဦးဦးဖျားဖျား အားကစားသတင်းများ

ဆန်အလာဒွိုက် – အဲဗာတန်နည်းပြ ဆန်အလာဒွိုက်ကို အသင်းဘုတ်အဖွဲ့က အလုပ်မှထုတ်ပယ်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ ဆန်အလာဒွိုက်ကို ထုတ်ပယ်မယ်ဆိုတဲ့သတင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ထွက်ပေါ်နေတာဖြစ်ပါတယ်။ အခုအခါမှာတော့ ဆန်အလာဒွိုက်စ်ဟာ လက်ကျန်စာချုပ်(၁၂)လစာအတွက် ပေါင်(၆)သန်းကို အဲဗာတန်အသင်းက ပေးချေရမှာဖြစ်တယ်လို့ သိရပါတယ်။ အစားထိုးဖို့နည်းပြကိုတော့ ဝက်ဖို့ဒ်အသင်းနည်းပြဟောင်း မားကိုစ်ဆေးလ်ဗားကို အဲဗာတန်က အလိုရှိနေတယ်လို့ သိရပါတယ်။

Gazzetta

မော်ရင်ဟို – မန်ယူအသင်းနည်းပြ မော်ရင်ဟိုဟာ အေစီမီလန်အသင်းခေါင်းဆောင် လီယိုနာဒိုဘိုနူချီကို ခေါ်ယူလိုနေကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။ ဘိုနူချီဟာ အေစီမီလန်နောက်တန်းမှာ ခြေစွမ်းပြနေတဲ့ အသက် (၃၁)နှစ်အရွယ် ခံစစ်မှူးတစ်ယောက်ဖြစ်ပါတယ်။

နတ်စည်တော် (Shwemom)

Ref : skysports.com
Ref : dailymail.co.uk
Ref : thesun.co.uk

SHARE