(၁၆-၅-၁၈)အတွက် မနက်ခင်း ဦးဦးဖျားဖျား အားကစားသတင်းများ

Goal

ပိုချက်တီနို – ချယ်လ်ဆီးအသင်းကနေ အလိုရှိနေတဲ့ စပါးအင်းပြ ပိုချက်တီနိုက လက်ရှိအချိန်မှာ စပါးအသင်းကနေ စွန့်ခွာမှာမဟုတ်ကြောင်း သိရပါတယ်။ ဒါပေမယ့် ပိုချက်တီနိုဟာ လာမယ့်အပြောင်းအရွှေ့ရာသီမှာ ကစားသမားဝယ်ယူဖို့အတွက် ပေါင်သန်း(၁၀၀)တောင်းခံထားပြီး ဒီအာမခံချက်ရမရဟာ သူချယ်လ်ဆီးအလုပ်ကို လက်ခံမခံအဖြေဖြစ်နိုင်တယ်လို့ သတင်းတွေက ဖော်ပြနေပါတယ်။

Standard

ဟာဇက် – ချယ်လ်ဆီးအသင်းကွင်းလယ်ဗိုလ်ချုပ် ဟာဇက်က မိမိအနေနဲ့ ချယ်လ်ဆီးမှာ ပျော်ရွှင်နေသော်လည်းပဲ စာချုပ်သစ်ချုပ်ဆိုမှုကိုတော့ အဆောတလျင် ပြုလုပ်မှာမဟုတ်ဖူးလို့ ဆိုပါတယ်။ ဟာဇက်ဟာ ပုဂ္ဂိုလ်ရေးအောင်မြင်မှုအတွက် လိုအပ်နေပြီး အခြားအသင်းကြီးတွေက ခေါ်ယူဖို့ချဉ်းကပ်နေပါတယ်။

အာဆင်နယ် – အာဆင်နယ်အသင်းဟာ နိုက်စ်အသင်းကွင်းလယ်ကစားသမား Jean Michael Seri ကို ခေါ်ယူဖို့ ဆွေးနွေးနေကြောင်း သိရပါတယ်။ Seri ဟာ ပြင်သစ်ကလပ် နိုက်စ်အသင်းမှာ ခြေစွမ်းပြနေသူဖြစ်ပြီး စပိန်ကလပ်တွေဖြစ်တဲ့ ဆီဗီလာ၊ အေတီကိုတို့ကလည်း သူ့ကို ခေါ်ယူဖို့စိတ်ဝင်စားနေပါတယ်။

CaughtOffside

ဒါဗီဆင်ဆန်းချက်ဇ် – စပါးအသင်းဟာ အသင်းကစားသမား ဒါဗီဆင်ဆန်းချက်ကို (၂၀၂၄) နွေရာသီမတိုင်ခင်အထိ အသင်းမှာဆက်ရှိနေမယ့် စာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရပါတယ်။ ဆန်းချက်ဇ်ဟာ စပါးအသင်းနောက်တန်းမှာ အထူးခြေစွမ်းပြနေသူဖြစ်ပြီး ပြီးခဲ့တဲ့နှစ်က အေဂျက်အသင်းကနေ စပါးအသင်းကို ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

READ
ကမ္ဘာ့စွဲဆောင်မှုအရှိဆုံး အလေးမအားကစားမယ်များ

အပြောင်းအရွှေ့ရာသီအဖွင့်/အပိတ် – ယခုနှစ် ပရီးမီယားလိဂ်အပြောင်းအရွှေ့ရာသီအဖွင့်အပိတ် တွေကတော့ မေလ(၁၇)ရက် ည (၁၂)နာရီမှာ အပြောင်းအရွှေ့ကိစ္စတွေ စတင်ဆောင်ရွက်နိုင်မှာဖြစ်ပြီး သြဂုတ်လ (၃၁)ရက်အစား သြဂုတ်လ(၉)ရက်နေ့ ညနေ(၅)နာရီမှာ အပြောင်းအရွှေ့ကိစ္စတွေကို အပြီးသတ်ရမှာ ဖြစ်ကြောင်း သိရပါတယ်။ ပြင်သစ်မှာတော့ အပြောင်းအရွှေ့ရာသီက ဇွန်(၉)ရက်မှာ စတင်မှာဖြစ်ပြီး၊ ဂျာမနီကတော့ ဇူလိုင်(၁)ရက် ဖြစ်ပါတယ်။ စပိန်ကတော့ ဇူလိုင်(၂)ရက် ဖြစ်ပါတယ်။ ယင်းလိဂ်အားလုံးရဲ့ အပြောင်းအရွှေ့အဆုံးသတ်ချိန်မှာ သြဂုတ်(၃၁)ဖြစ်ကြောင်း သိရပါတယ်။

unlaid

Jlloyd Samuel – အက်စတွန်ဗီလာနဲ့ ဘော်လတန်အသင်းတို့ရဲ့ ကစားသမားဟောင် Jlloyd Samuel ဟာ အသက်(၃၇)နှစ်အရွယ်မှာ ယာဉ်မတော်တဆမှုနဲ့ ကွယ်လွန်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ Samuel ဟာ ချက်ရှိုင်းယားလိဂ်(၁)အသင်းတစ်ခုဖြစ်တဲ့ အီဂါတန်အသင်းမှာ လက်ရှိကစားနေသူဖြစ်ပြီး ကလေးတွေကို ကျောင်းပို့ပြီးပြန်အလာမှာ ကားမတော်တဆမှု ဖြစ်ခဲ့တာလို့ သိရပါတယ်။

အာတီတာ – အာဆင်နယ်အသင်းဘုတ်အဖွဲ့ဟာ အသင်းရဲ့နည်းပြဖြစ်ဖို့ ရေပန်းစားနေတဲ့ မိုက်ကယ်အာတီတာအတွက် လက်ရှိအချိန်မှာ ဆွေးနွေးနေဆဲဖြစ်ပြီး၊ အတည်ပြုချက်ရယူနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ အာဆင်နယ်အသင်းပိုင်ရှင်တွေကတော့ အာတီတာကို သဘောကျနေပြီး၊ အာဆင်နယ်ပရိသတ်ကတော့ ဒီသတင်းကို စိတ်ပျက်နေတယ်လို့ သိရပါတယ်။

READ
(၃-၄-၁၈)အတွက် ညနေခင်း ဦးဦးဖျားဖျား အားကစားသတင်းများ
Eurosport

လီယွန်နယ်မက်ဆီ – ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီက မိမိတို့အသင်းကနေ ထွက်ခွာသွားတဲ့နေမာကို မဟာပြိုင်ဘက် ရီးယဲအသင်းရဲ့ဂျာစီဝတ်တာကို မမြင်လိုကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် နေမာကတော့ အသင်းအောင်မြင်မှုထက် တစ်ကိုယ်ရေအောင်မြင်မှုကို ဆာလောင်နေသူလို့ သတင်းစာတွေက ဝေဖန်နေကြပါတယ်။

နတ်စည်တော် (Shwemom)

Ref : skysports.com
Ref : goal.com
Ref : mirror.co.uk
Ref : thesun.co.uk

SHARE