(၃-၅-၁၈)အတွက် ညနေခင်းပိုင်း ဦးဦးဖျားဖျား အားကစားသတင်းများ

YouTube

ကလောပ့် – ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်မှာ ရိုးမားအသင်းကို ကျော်ဖြတ်နိုင်ခဲ့တဲ့ လီဗာပူးအသင်းက လက်ရှိခြေစွမ်းအတိုင်းဆိုရင် မည့်သည့်အသင်းကိုမဆို အနိုင်ယူနိုင်စွမ်းရှိနေကြောင်း နည်းပြကလော့ပ်က ထုတ်ဖော်ဝင့်ကြွားခဲ့ပါတယ်။ ဒါ့အပြင် ချန်ပီယံလိဂ်(၁၂)ကြိမ်အထိ ရရှိထားတဲ့ ရီးယဲလ်အနေနဲ့လည်း မိမိတို့ကို အလွယ်တကူ အနိုင်ယူဖို့မဖြစ်နိုင်ဘူးလို့ သတိပေးခဲ့ပါတယ်။

Football365

ကလောပ့် – လီဗာပူးအသင်းနည်းပြ ကလောပ့်က မိမိတို့အနေနဲ့ ချန်ပီယံလိဂ်မှာဗိုလ်ဆွဲနိုင်ပါက အင်္ဂလန်ဘောလုံးသမိုင်းမှာ မှတ်တမ်းသစ်ရေးထိုးနိုင်မှာဖြစ်ပေမယ့်၊ မိမိအတွက်ကတော့ အတိတ်က အောင်မြင်မှုတွေကို ပြန်ပြောင်းတမ်းတနေမယ့်သူ မဟုတ်ကြောင်း၊ အောင်မြင်မှုရဖို့ ကံတရားကလည်း ဖေးမမှုလိုကြောင်း ဆိုပါတယ်။

အာဆင်နယ် – အာဆင်နယ်အသင်းဟာ အသင်းရဲ့ သက်တော်ရှည်ဂန္ထဝင်နည်းပြကြီး အာဆင်ဝင်းဂါး နောက်ဆုံးကိုင်တွယ်မယ့် ပရီးမီယားလိဂ်အိမ်ကွင်းပွဲစဉ်အတွက် လက်မှတ်ခကို ပေါင် (၁၈၀၀)အထိ တိုးမြှင့်ရောင်းချနေကြောင်း သိရပါတယ်။ အာစင်ဝင်းဝင်းဂါးဟာ အာဆင်နယ်အသင်းအတွက် ပရီးမီးယာားလိဂ်နောက်ဆုံး အိမ်ကွင်းပွဲစဉ်အဖြစ် ဘန်လေအသင်းနဲ့ကစားရမယ့်ပွဲက မှတ်တမ်းဝင်သွားတော့မှာပါ။ ဒီပွဲဟာ သူ့အတွက် အိမ်ကွင်းပရိသတ်ရှေ့မှောက်မှာ နှုတ်ဆက်ပွဲ ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကျန်ရက်တွေမှာတော့ ယူရိုပါလိဂ်ဖလား/ ပရီးမီယားလိဂ် အဝေးကွင်း စသည့်ပြိုင်ပွဲများ ရှိနေပါသေးတယ်။

READ
၂၉-၈-၂၀၁၉ အတွက် မနက်ခင်း ဦးဦးဖျားဖျားအားကစားသတင်းများ
The Stadium Guide

လီဗာပူး – ယူကရိန်းနိုင်ငံ၊ ကီဗ်ယက်မြို့ NSC Olimpiyskiy ကွင်းကြီးမှာကစားရမယ့် ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်မှာ လီဗာပူးအသင်းဟာ လက်မှတ်ခွဲတမ်း (၁၆၆၂၆)စောင်ရေ ရရှိကြောင်း သိရပါတယ်။ NSC Olimpiyskiy ကစားကွင်းကြီးဟာ ပရိသတ်(၆၃၀၀၀)ကျော် ဝင်ဆန့်ကြောင်း သိရပြီး အခုရရှိတဲ့ခွဲတမ်းပမာဏဟာ လီဗာပူးအမာခံပရိသတ်တွေအတွက်တော့ နည်းပါးနေတဲ့သဘောဖြစ်ပါတယ်။

အာဆင်နယ် – အာဆင်နယ်အသင်းကွင်းလယ်လူ ရမ်းဆေးဟာ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့မှာ အသလက်တီကိုအသင်းကို (၁-၁)သရေသာ ကစားနိုင်ခဲ့ပေမယ့်၊ မနက်မနက်ပိုင်းမှာ ကစားရမယ့် အဝေးကွင်းမှာကစားရမယ့် ဒုတိယအကျော့ပွဲစဉ်မှာတော့ မိမိတို့ အသလက်တီကိုအသင်းကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Dailystar

ဂရစ်ဇ်မန်း – အာဆင်နယ်အသင်းနဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ တစ်ယောက်လျှော့အသက်လက်တီကိုအတွက် ချေပဂိုးသွင်းယူပေးနိုင်ခဲ့တဲ့ ဂရစ်ဇ်မန်းက အိမ်ကွင်းပရိသတ်ရှေ့မှောက်မှာ ခြေစွမ်းထက်နေတဲ့ အာဆင်နယ်အသင်းကို ကျော်ဖြတ်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

PSG – ပြင်သစ်ထိပ်သီးကလပ် PSG အသင်းဟာ စပါးအသင်းမှာခြေစွမ်းပြနေတဲ့ ကွင်းလယ်ဖန်တီးရှင် ခရစ္စတီယန်အဲရစ်ဆင်ကို ယခုနှစ်နွေရာသီအပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ပေါင်သန်း(၁၀၀)လောက်အထိ အသုံးပြုဖိုအဆင်သင့်ဖြစ်နေပြီလို့ သိရပါတယ်။ ဒါပေမယ့် ပြင်သစ်အခြေစိုက် အားကစားသတင်းစာတွေကတော့ ပေါင်သန်း(၁၀၀)ဟာ အလွန်များပြားတဲ့ ပမာဏလို့ ဝေဖန်နေကြပါတယ်။

READ
သူ့ကြောင့်ဘောလုံးမှန်သွားတဲ့မိန်းကလေးကိုအားနာပြီး အနမ်းနဲ့တောင်းပန်ခဲ့တဲ့ Nadal
Football365

မော်ရင်ဟို – မန်ယူနည်းပြ မော်ရင်ဟိုက အသင်းကနေ ထွက်ခွာဖို့သတင်းတွေထွက်ပေါ်နေတဲ့ မာရှယ်ကို မက်လုံးပေးသည့်အနေဖြင့် အသင်းမှာသာ ဆက်နေမယ်ဆိုပါက လာမည့်ဘောလုံးရာသီမှာ မာရှယ်ကို ကွင်းလယ်တိုက်စစ်မှူးအဖြစ် အသုံးပြုသွားမှာဖြစ်ကြောင်း သိရပါတယ်။

မနက်ဖြန်မနက်ပိုင်းကစားမည့် ယူရိုပါလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်များ-

အသလက်တီကို VS အာဆင်နယ် (နံနက် ၁.၃၅ နာရီ)
ရက်ဘူး VS မာဆေး (နံနက် ၁.၃၅ နာရီ)

နတ်စည်တော် (Shwemom)

Ref : skysports.com
Ref : eurosports.com
Ref : metro.co.uk
Ref : thesun.co.uk

SHARE