ဘားအံရောက် ပုံရိပ်လေးတွေကို ဝေမျှလိုက်တဲ့ မေဂရေ့စ်

မေဂရေ့စ်ကတော့ ချစ်စရာကောင်းတဲ့ စတိုင်မိုက်မိုက်လေးနဲ့ မော်ဒယ်မလေးပါ။လှပတဲ့ အသားအရေနဲ့ ဘိုဆန်ဆန်  အလှကို ပိုင်ဆိုင်ထားသူပါ။ကြော်ငြာတွေ၊Show တွေမှာ သူမကို အတွေ့များပါတယ်။မကြာသေးခင်ကမှ လည်း ဆံပင် စတိုင် သစ်ကို ပြောင်းလဲထားသူပါ။ဆံပင်ကာလာအမဲကနေ အမိုက်စားကာလာကို ပြောင်းခဲ့တုန်းကလည်း အသွင် တမျိုး ပြောင်းလဲသွားတဲ့ သူမဟာ အခုပြောင်းလိုက်တဲ့ စတိုင်သစ်နဲ့တော့ တော်တော်လေးလိုက်ဖက်တာကို တွေ့ရပါတယ်။

ပြောင်းလိုက်တဲ့ စတိုင်ကတော့ အတိုစတိုင်ဖြစ်ပြီး သူမနဲ့ အတော်လေးလိုက်ဖက်တာကိုတွေ့ရပါတယ်။

မော်ဒယ်အချောလေးတွေထဲက တစ်ယောက်ဖြစ်တဲ့ မေဂရေ့စ်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းက ဇွဲကပင်မြေ ကရင်ပြည်နယ် ဘား အံကို အလည်သွားခဲ့ပါတယ်။ဘားအံရောက်ပုံလေးတွေကိုတော့ သူမရဲ့ IG မှာ  ဝေမျှထားပါတယ်။ဘားအံ ကို ရောက်တုန်းရောက်ခိုက်မှာ ဇွဲကပင်တောင်ကြီးကို နောက်ခံထားပြီး ပုံတွေ ရိုက်ကူးခဲ့သလို သူမတည်းခိုရာနေရာက ရေကူးကန်ထဲမှာ အနက်ရောင်ရေကူးဝတ်စုံကိုဝတ်ပြီး လည်း ရိုက်ကူးခဲ့ပါသေးတယ်။သူမရဲ့ ကရင်ပြည်နယ်ရောက် ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ်။

READ
(၂၀၁၈) အော်စကာဆုပေးပွဲရဲ့ ဆုရရှိသူစာရင်း

 

Source မေဂရေ့စ်

SHARE