ကျော့ရှင်းတဲ့အလှနဲ့ ချစ်စရာကောင်းလွန်းနေတဲ့ ပုဂံမြို့သူ မင်းသမီးလေး မေမြင့်မိုရ်

လတ်တလောမှာ MRTV-4 ရုပ်သံလှိုင်းမှာ ပြသနေတဲ့ မြန်မာဇာတ်လမ်းတွဲဖြစ်တဲ့ “ပုဂံမြို့သူ” ဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်နေတဲ့ မင်းသမီးချောလေးဖြစ်တဲ့ မေမြင့်မိုရ်ကတော့ ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည်အဝရရှိထားသူတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ဖေစ်ဘုတ်ပေါ်မှာ ဓါတ်ပုံလေးတွေ အမြဲတင်လေ့ရှိပြီး ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

မေမြင့်မိုရ်ကတော့ ဒီကနေ့မှာလည်း သူမရဲ့ ဓါတ်ပုံ အသစ်လေးတွေကို တင်ပေးထားပြီး ပါသေးတယ်။ ကျော့ရှင်းလွန်းတဲ့ မြန်မာဆန်ဆန်အလှပိုင်ရှင်လေး မေမြင့်မိုရ်ကတော့ “‘မစောလတ်’ ‘အစော’ ဘယ်လိုခေါ်မှာလဲ?..” လို့ရေးထားပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။

ပရိသတ်တွေ အချစ်ပိုအောင် လှလွန်းနေတဲ့ မင်းသမီးလေး မေမြင့်မိုရ်ရဲ့ ပုံရိပ်တွေကို တင်ဆက်ပေးလိုက်ပါတယ်။ “ပုဂံမြို့သူ” ဇာတ်လမ်းတွဲကိုလည်း အားပေးလိုက်ကြပါဦးနော် ပရိသတ်ကြီးရေ။

SOurce: May Myint Mo

SHARE