ကလေးတုန်းက ပုံလေးတွေနဲ့ လက်ရှိပုံကို နှိုင်းယှဉ်ပြလိုက်တဲ့ မေမြင့်မိုရ်

Image:Fb/May Myint Mo

မေမြင့်မိုရ်ကတော့ MRTV 4 ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်တွေကြားမှာ နာမည်ကြီးလာတဲ့ မင်းသမီးချောလေးေ တွ ထဲက တစ်ယောက်ပါ။အခုဆိုရင်တော့  ဇာတ်လမ်းတွဲတွေ တင်မဟုတ်ပဲ ကြော်ငြာ၊ရုပ်ရှင် တွေ ဘက်မှာပါ နာမည်ကြီး လာခဲ့ပါပြီ။နာမည်ကြီး ၀ါရင့်အနုပညာရှင်တွေ နဲ့ လက်တွဲပြီး ရုပ်ရှင်ကားကြီးတွေကိုပါ လက်ခံ ရိုက်ကူး ခဲ့ပါတယ်။ မျက်လုံး၊မျက်ခုံးကောင်းကောင်း၊လှပတဲ့ ဆံကေသာအ လှတို့ ကို ပိုင်ဆိုင်ထားတဲ့ မေမြင့်မိုရ် ကတော့ သူမရဲ့  ကဘေး ဘ၀တုန်းက ပုံလေး တွေ ကို ဝေမျှ ပေးလိုက်ပါတယ်။

Image:Fb/May Myint Mo
Image:Fb/May Myint Mo

ပုံလေးတွေ ကိုတော့ လက်ရှိ သူမရဲ့ ပုံနဲ့ ငယ်ငယ်တုန်းက ပုံလေးတွေ ကို ယှဉ်ပြပြီး တင်ခဲ့တာပါ။ပုံလေးတွေ ကို ကြည့်မယ်ဆိုရင်တော့ ကဘေး ဘ၀တည်းက ထင်းနေတဲ့ မျက်ခုံး၊မျက်လုံး လှ လှ လေးနဲ့ ချစ်စရာ ကောင်းတဲ့ မေမြင့်မိုရ် ပိစိ ပုံလေးတွေ ကို မြင်ရမှာပါ။

READ
Perry ကိုပေးတဲ့ လက်စွပ်နဲ့ Ex ကိုပေးဖူးတဲ့ လက်စွပ် သွားတူနေတဲ့ Orlando Bloom
Image:Fb/May Myint Mo
Image:Fb/May Myint Mo

မေမြင့်မိုရ် ကတော့ ကုမ္ပဏီ တော်တော်များများနဲ့ လက်တွဲပြီး Brand Ambassador  အဖြစ် တာဝန်ယူ ဆောင် ရွက် ပေးနေတာလည်း ရှိပါတယ်။ ရိုးမပေါ် ကျတဲ့မျက်ရည်  ဆိုတဲ့ သူမပါဝင်ထားတဲ့ ရုပ်ရှင်ကားကြီးလည်း (၂၀၁၉) ခုနှစ်ထဲမှာ ရုံတင်ပြသခဲ့ပါတယ်။

Image:Fb/May Myint Mo
Image:Fb/May Myint Mo

မေမြင့်မိုရ်ကတော့ ပန်းနုသွေး ဆိုတဲ့ ဇာတ်လမ်းတွဲ နဲ့ ပရိသတ်ကြားမှာ နာမည်ကြီး ခဲ့တာပါ။အဲ့ဒီနောက်ပိုင်းမှာတော့ အရိပ်၊ပုဂံမြို့သူ..အစရှိတဲ့ ဇာတ်လမ်းတွဲ တွေ မှာလည်း ပါဝင် သရုပ်ဆောင်ခဲ့ပြီး သူမ သရုပ်ဆောင်တဲ့ ဇာတ်လမ်းတွဲ တိုင်း ကို ပရိသတ်တွေ က အထူးနှစ်သက်အားပေးတာကို တွေ့ရပါတယ်။

Image:Fb/May Myint Mo

Source:Fb/May Myint Mo

SHARE