(၈၆)သိန်းတန်ဖိုးရှိတဲ့ လက်စွပ်နှစ်ကွင်းကို လှူဒါန်းခဲ့တဲ့ မေဦးတို့ စုံတွဲ

မေဦးကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး မိတ်ကပ်ပညာရှင်တစ်ယောက်ပါ။ မေဦးနဲ့ သူ့ရဲ့လိင်တူချစ်သူ ဟန်လေး တို့ ကတော့ နတ်လူသာဓုခေါ်ရတဲ့ နှစ်ဦးအလှူလေးတစ်ခု လုပ်ခဲ့ပါတယ်။ နှစ်ဦးအလှူအဖြစ် မေဦးဝတ်ဆင်ခဲ့တဲ့ ပတ္တမြား လက်စွပ်နဲ့ ဟန်လေးရဲ့ လက်စွပ်ကို ဗိုလ်တစ်ထောင်ဆံတော်ရှင်မြတ်ကြီးမှာ ဌာပနာပြု လှူဒါန်းခဲ့ပါတယ်။ လက်စွပ်(၂)ကွင်းကတော့  ငွေကြေးတန်ဖိုးစုစုပေါင်း (၈၆)သိန်းဖိုးရှိပါတယ်။ အလှူအကြောင်းကိုတော့ မေဦးက fb မှာ အခုလို တင်ထားပါတယ်။

“မေဦးတန်ဖိုးထား အမြတ်တစ်နိုးဝတ်ဆင်ဖို့ ကျန်ခဲ့တဲ့ နှစ်နှစ်လောက်က ဝယ်ထားခဲ့တဲ့ ပတ္တမြားလက်စွပ် နဲ့ ဦးဟန်လင်း ရဲ့ လက်စွပ် လေး(စုစုပေါင်း ငွေကျပ် ရှစ်ဆယ့်ခြောက်သိန်း ကျပ်တိတိ )ကို ဗိုလ်တစ်ထောင်ဆံတော်ရှင် မြတ်ကြီးမှာ နှစ်ဆန်းတစ်ရက်နေ့အလှူလေးအဖြစ် ဌာပနာပြုလှူဒါန်းခဲ့ပါတယ် … နတ်လူ သာဓုခေါ်နိုင်ကြပါစေ … 🙏🏻🙏🏻🙏🏻 (ပတ္တမြား လေးရောင်းပေးခဲ့တဲ့အန်တီမီး Mi Mi Lwin လည်းသာဓုခေါ်နိုင်ပါစေ 🙏🏻🙏🏻🙏🏻)..” ဆိုပြီး တင်ထားပါတယ်။

READ
ပုံအသစ်လေးတွေ တင်လိုက်တဲ့ သင်ဇာဝင့်ကျော်

မေဦးတို့ရဲ့ အလှူ Post အောက်မှာတော့ အားလုံးက အလှူအတွက် မုဒိတာပွား သာဓု ခေါ်ဆိုထားတာကို တွေ့ရပါတယ်။

from မေဦးရဲ့ fb

SHARE