Body Shaming လုပ်ခံရတာတွေရှိတာနဲ့ပတ်သက်ပြီး မခံစားရပါဘူးဆိုတဲ့ မေပန်းချီ

ခန္ဓာကိုယ့်ကောက်ကြောင်းအလှကြောင့် ပရိသတ်တွေကြား ရေပန်းစားနေသူ မင်းသမီးချော မေပန်းချီကတော့ သူမကိုဝတယ်ဆိုပြီး body shaming လုပ်နေတဲ့သူတွေအပေါ်ကို ဘာမှမခံစားရပါဘူးဆိုတာကို ပြောထားတာတွေ့ရပါတယ်။ မေပန်းချီက လူမှုကွန်ရက်ပေါ်မှာ သူမရဲ့လှုပ်ရှားပုံရိပ်တွေကို အမြဲဆိုသလို မျှဝေပေးလေ့ရှိသူပဲဖြစ်ပါတယ်။

အခုမှာတော့ မေပန်းချီက ” ဝတုတ်နာဖဲးးးးလို့ပြောကျတယ် ဒါမဲ့ ဒီလိုဝတ်တိုင်းးးး ကိုယ့်ကိုကိုယ်ယုံကြည်မူ့တွေမပျောက်သေးလို့ ဝတယ်လို့ကို မထင်သေးဘူး ပြောကျအူးမယ် အသက်အောင့်တယ်လို” လို့ဆိုပြီး သူမရဲ့ပုံရိပ်တွေကို မျှဝေပေးထားပါသေးတယ်။ ဝေဖန်တဲ့သူတွေက သူမရဲ့ ခန္ဓာကိုယ့်နဲ့ပတ်သက်ပြီး မိန်းမချင်းမစာနာဘဲ ဝေဖန်ခဲ့တာတွေရှိနေခဲ့ပါတယ်။ သူမကို body shaming လုပ်တဲ့သူတွေကိုတော့ ဒီ post ရဲ့အောက်မှာ အခုလို ရေးထားတာတွေ့ရပါတယ်။ 

သူမကတော့ သူမကို ဘယ်လိုပဲ Body shaming လုပ်ပါစေ ဒီလိုဝတ်တိုင်း ကိုယ့်ကိုကိုယ်ယုံကြည်မူ့တွေမပျောက်သေးလို့ ဝတယ်လို့ကို မထင်သေးဘူး လို့ဆိုခဲ့ပါတယ်။ လူတစ်ယောက် ဘယ်လိုပဲ၀၀ ၊ ပိန်ပိန် Body Shaming မလုပ်သင့်တဲ့ လူကျင့်ဝတ်တစ်ခုပဲဖြစ်ပါတယ်။ မေပန်းချီရဲ့ ခပ်မိုက်မိုက် ခန္ဓာကိုယ့်အမိုက်စားနဲ့လန်းနေတဲ့ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်။

READ
Song-Song စုံတွဲရဲ့ မင်္ဂလာဖိတ်စာပုံ ထွက်ပေါ်လာ

source : မေပန်းချီစိုးနောင်

 

SHARE