ရုပ်ရှင်ကားကြီး စရိုက်နေပြီဆိုတဲ့ မေပန်းချီ

သရုပ်ဆောင်တစ်ဦးအဖြစ်သာမက၊ အဆိုတော်တစ်ဦးအဖြစ်ပါ ပရိသတ်တွေကြားမှာ လူသိများကျော်ကြားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မေပန်းချီကတော့ ရုပ်ရှင်ကားကြီးတစ်ကားမှာ ပါဝင်ပြီး ရိုက်ကူးနေပြီဖြစ်ပါတယ်။ သူမရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သတ်ပြီး ပရိသတ်တွေကို အမြဲအသိပေးလေ့ရှိတဲ့ မေပန်းချီကတော့ သူရဲ့ ဖေ့စ်ဘုတ်ပေါ်မှာ ရုပ်ရှင်ကားကြီး စရိုက်နေပြီဖြစ်တဲ့ အကြောင်းကို အသိပေးထားတာဖြစ်ပါတယ်။

 

မေပန်းချီကတော့ လတ်တလောမှာ ကလောကို ရောက်ရှိနေပြီး ကလောက ဓါတ်ပုံတွေကိုလည်း သူမကို လွမ်းနေကြတဲ့ ပရိသတ်တွေအတွက် တင်ပေးထားပါသေးတယ်။

ချစ်စရာကောင်းပြီး ပွင့်ပွင့်လင်းလင်းနေတတ်တဲ့ မေပန်းချီကို ချစ်ကြတဲ့ ပရိသတ်တွေလည်း မေပန်းချီပါဝင် ရိုက်ကူးနေတဲ့ ရုပ်ရှင်ကားကြီးကို စောင့်မျှော်ကြည့်ရှုလိုက်ပါဦးနော်။ ပရိသတ်တွေအတွက် မေပန်းချီရဲ့ ဓါတ်ပုံလေးတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်။

Source: May Panchi

SHARE