မဆင့် ထောင်က လွတ်ပြီလို့ အသိပေးလိုက်တဲ့ ဒါရိုက်တာ စင်ရော် မောင်မောင်

Image :Fb/Zin Yaw Mg Mg

ထပ်ဆင့်အ ကယ်ဒမီ မင်းသမီးကြီး မေသန်း နု က တော့ အခုဆိုရင် ထောင်က နေ လွတ်မြောက် သွားပါပြီ။ ဒီ သတင်း ကို တော့ အကယ်ဒမီ စင် ရော် မောင် မောင်က သူ့ရဲ့ Fb မှာ တင်ထားတာပါ။အကယ်ဒမီ ဒါရိုက်တာ စင် ရော်  မောင် မောင် က တော့ မေသန်းနု ရဲ့ ခင်ပွန်းဟောင်းပါ။မေသန်း နု နဲ့ ထောင် က နေ လွတ် ဖို့ ကိစ္စ မှာလည်း တက်နိုင် သမျှ စွမ်းစွမ်း တမံ ကူညီ ဆောင်ရွက် ပေးခဲ့သူပါ။ ဒါရိုက်တာ စင် ရော် မောင် မောင်ရဲ့ Fb မှာ တော့ မိသားစု ဓါတ်ပုံ ကို ပြန်ရှယ်ထားပြီး ပုံရဲ့ Caption မှာတော့ “မ ဆင့် လွတ် လာ ပါ ပြီ ခင် ဗျာ..” လို့ ရိုးရိုးရှင်းရှင်း တင်ထားတာပါ။

Image:Fb/Min Thant Mg Mg

လိမ်လည်မှု နဲ့ တရားရင်ဆိုင်ခဲ့ရတဲ့ အကယ်ဒမီ မင်းသမီးချော မေသန်းနု ကတော့ အလုပ်နဲ့ ထောင်ဒဏ် တစ်နှစ် ချမှတ် ခံ ခဲ့ရတာပါ။ မဆင့်ရဲ့ အမှု အတွက် အစပိုင်းတုန်းက တရားရုံးမှာ အယူခံ ၀င်ခဲ့ ပေမယ့် မ အောင်မြင် ခဲ့ပါ ဘူး။ ပြီးခဲ့တဲ့ မတ်လ တုန်းက အယူခံဝင်ခဲ့တာပါ။ ထောင်ဒဏ် ချမှတ် ခံထားရတဲ့ မဆင့် အတွက် အရှေ့ ပိုင်းခရိုင် တရားရုံးမှာ အယူခံ ၀င် ခဲ့ ပေ မယ့် မတ် (၁၀) မှာတော့ အယူခံ ကို ပယ်ချ ခံခဲ့ရတာပါ။ အဲ့ဒီ တည်းက စင် ရော်  မောင် မောင် က ခရိုင်မှာ အယူခံ ၀င် မရ ရင် တိုင်းအဆင့်ထိ ဆက်ပြီး ရ သ လောက် ကြိုးစားသွားမယ် လို့ ပြော ခဲ့တာပါ။

READ
“မုန်းစွဲ” ရိုက်ကွင်းပေါ်က နေတိုးနဲ့ ဖွေးဖွေး
Image :Fb/Zin Yaw Mg Mg

မဆင့် ပြန်လွတ် ရေး အတွက် ဒါရိုက်တာ စင်ရော်မောင်မောင်၊ဂျွန်လွင် တို့ ပါ အတူ ပူးပေါင်းပြီး ကြား ၀င် စေ့ စပ် ညှိနှိုင်း တာတွေ လည်း လုပ်ခဲ့ပါတယ်။ မဆင့် က တော့ အနုပညာလောကမှာ ဆိုရင် အကယ်ဒမီ ဆု ပေါင်း များစွာ ကို ရ ထားတဲ့ အနုပညာရှင် တစ်ယောက်ပါ။ တိမ်တွေ ပေါ် က ပန်း ဆိုတဲ့  ရုပ်ရှင်ဇာတ်ကားကြီးက တော့ သူ နောက်ဆုံး ရိုက်ကူး ခဲ့တဲ့ ဇာတ်ကားပါ ။အဲ့ဒီဇာတ်ကား ရုံတင် ပြသ ပြီး သိပ် မကြာခင်မှာပဲ ငွေ ကြေး လိမ်လည် မှု ကိစ္စ နဲ့ ထောင် ကျ ခဲ့ရတာပါ။

READ
JB နဲ့ တရားဝင် သက်ဆိုင်သွားပြီဖြစ်ကြောင်း နည်းလမ်းတစ်မျိုးနဲ့ အသိပေးလိုက်တဲ့ Hailey

 

 

 

Image:Fb/Zin Yaw Mg Mg

Source:Fb/Zin Yaw Mg Mg

SHARE