Relationship မှာ Got Married လို့ တင်လိုက်တဲ့ မေသန်းနု

ထပ်ဆင့် အကယ်ဒမီမေသန်းနုကတော့ သူမရဲ့ fb စာမျက်နှာပေါ်က Rel ationship   မှာ Got Married လို့တင်လိုက်ပါတယ်။ပရိသတ်တွေ အားလုံး ကတော့ ဒီစတေးတပ်ကို မြင်လိုက်တော့ အရမ်းအံ့သြသွားခဲ့ပါတယ်။

မဆင့်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မေသန်းနုဟာ ဒါရိုက်တာ အကယ်ဒမီ စင်ရော်မောင်မောင်နဲ့ လမ်းခွဲခဲ့တာ နှစ်အတော်လေးကြာခဲ့ပါပြီ။

သားဖြစ်သူ မင်းသန့်မောင်မောင်ကို ပြုစုစောင့်ရှောက်ရင်း တစ်ကိုယ်တည်း ဘ၀မှာ နေလာခဲ့တာတော်တော်ကြာခဲ့ပြီး အခုမှလက်ထပ်လိုက်ပြီဆိုတဲ့ စတေး တပ် ကို တင်လိုက်တဲ့ အတွက် အားလုံးကလည်း ဘယ်သူနဲ့ လက်ထပ် လိုက် တာ လဲဆိုပြီး စိတ်ဝင်တစား သိချင်နေကြပါတယ်။အောက်က comment တွေမှာလည်း အားလုံးက ဘယ်သူနဲ့လဲဆိုပြီး ၀င်မေးထားကြတာတွေကို တွေ့ရပါတယ်။

READ
အွန်လိုင်းမှာ နာမည်ကြီးပြီးနောက် လေယာဉ်မောင်ကနေ မော်ဒယ်ဖြစ်သွားခဲ့သူ

from မေသန်းနုရဲ့ fb

SHARE