ကမ္ဘာ့အကြီးဆုံးရေလှိုင်းကို စီးပြီး ဂရင်းနစ်စံချိန်တင်ခဲ့တဲ့ ရေလွှာလျှောစီး အမျိုးသမီး

[email protected] maya

ရေလွှာလျှောစီးတယ်ဆိုတယ်ဆိုတာ တီဗ္ဗီအစီအစဉ်တွေမှာသာကြည့်ရင်အရမ်းကြည့်လို့ကောင်းပြီး လွယ်ကူတယ်လို့ ထင်ကောင်းထင်ပါလိမ့်မယ်။ ရေလွှာလျှောဘုတ်ပြားလေးပေါ် ခြေထောက်လေးတင်လိုက်ပြီး ရေစီးကြောင်းက ကိုယ့်ကိုသယ်သွားပြီဆိုတာနဲ့ ရေလွှာလျှောစီးတာ အဆင်ပြေသွားပြီလို့ ထင်ပါလိမ့်မယ်။ ဒါပေမယ့် တစ်ကယ့်လက်တွေ့မှာ ရေလွှာလျှောစီသမားတစ်ယောက်ဟာ ပင်လယ်ထဲက ရေစီးကြောင်း သွားလာတဲ့ ပုံစံတွေ၊ ဘုတ်ပြားပေါ်ကို ဘယ်အချိန်မှာ အချိန်ကိုက်တက်ရမလဲဆိုတဲ့အသိ၊ ခန္ဓာကိုယ်ဟန်ချက်တွေ အစရှိသဖြင့် သိရှိနားလည်ထားရမှာပဲ ဖြစ်ပါတယ်။

 

အပေါ်ကပုံထဲမှာ မြင်ရတဲ့ အမျိုးသမီးကတော့ မကြာသေးခင်အချိန်က ကမ္ဘာ့စံချိန်တင်သွားတဲ့ ရေလွှာလျှောစီး အမျိုးသမီးပဲ ဖြစ်ပါတယ်။ သူမကတော့ Brazil နိုင်ငံက အသက် ၃၃ နှစ်အရွယ် Maya Gabeira လို့ အမည်ရတဲ့ ရေလွှာလျှောစီး အမျိုးသမီးပဲ ဖြစ်ပါတယ်။ Maya ဟာ မကြာသေးခင်အချိန်ကပဲ ပေါ်တူဂီနိုင်ငံရှိ Nazare ကမ်းခြေမြို့ကလေးမှာ ကျင်းပတဲ့ ရေလွှာလျှောစီးပြိုင်ပွဲတစ်ခုမှာ ကမ္ဘာ့အကြီးဆုံး ရေလှိုင်းကြီးပေါ်မှာ ရေလွှာလျှောစီးပြီး ကမ္ဘာ့စံချိန်တင်ခဲ့တဲ့ အမျိုးသမီးပဲ ဖြစ်ပါတယ်။

READ
အီတလီမှာပြန်ပေးဆွဲခံရပြီး အင်တာနက်မှာ လိင်ကျွန်အဖြစ် ရောင်းစားခံရတဲ့ ဗြိတိန်မော်ဒယ်

 

ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့အတိုင်း ၇၃ ပေအမြင့်ရှိတဲ့ ရေလှိုင်းကြီးကို အေးအေးဆေးဆေး စီးပြခဲ့တဲ့သူကတော့ Maya ပဲ ဖြစ်ပါတယ်။ ရေလွှာလျှောစီးတဲ့ အမျိုးသားတွေကြားထဲမှ Maya တစ်ယောက်ပဲ အဆိုပါရေလှိုင်းကြီးကို စီးပြနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ အခန့်မသင့်လို့ ဟန်ချက်ပျက်သွားတာနဲ့ ရေလှိုင်းကြားထဲမှာ အသက်ပါပျောက်သွားနိုင်တဲ့ အနေအထားမှာ Maya ကတော့ ပရော်ဖက်ရှင်နယ်ဆန်ဆန်ပဲ စီးပြနိုင်ခဲ့ပါတယ်။

 

“ကျွန်မအနေနဲ့ကတော့ တော်တော်လေးကို ပျော်မိပါတယ်။ ဘဝမှာ စိတ်လှုပ်အရှားဆုံးအရာနဲ့ ပျော်ရွှင်မှုကို မိနစ်ပိုင်းလေးအတွင်းမှာတင် ခံစားခဲ့ရပါတယ်။ လုံးဝကို မမေ့နိုင်တဲ့ အဖြစ်အပျက်ပါပဲ။ တစ်ခုပါပဲ။ အဲဒီရေလှိုင်းကြီးစီးနေတဲ့အချိန် ရေလှိုင်းထဲမှာ ကြားရတဲ့ အသံကြီးကတော့ တော်တော်လေးကို ကြောက်ဖို့ကောင်းလွန်းပါတယ်”လို့ Maya က ပြောကြားခဲ့ပါတယ်။

READ
အသက်(၂၀)အရွယ် မိန်းမပျိုလေးနဲ့ ပျော်ပျော်ပါးပါး လက်ထပ်ခဲ့တဲ့ (၁၀၀)နှစ်အရွယ် အဖိုးအို

 

 

View this post on Instagram

 

A post shared by Maya Gabeira (@maya) on

Pyi Hein Kyaw

SHARE